LATEST NEWS

Fetching news...

SILT

SILT

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:
မြင်လိုက်တာနဲ့ သာမန်ဂိမ်းတစ်ခု မဟုတ်ဘူးဆိုတာကို အရောင်ကြည့်ရုံနဲ့တင် ခံစားမိကြမှာပါ။ Theme တစ်ခုလုံးက ( Monochrome )လို့ခေါ်တဲ့ အဖြူအမဲ ဒီဇိုင်းပုံစံအတိုင်း ဖန်တီးထားတာဖြစ်ပြီး လူတိုင်းသဘောကျတဲ့ LIMBO တို့လို ဂိမ်းပုံစံမျိုးကိုပါ Inspiring ယူထားတာဖြစ်တာကြောင့် တကယ်သဘောကျစရာ ကောင်းတာပဲဖြစ်ပါတယ်။
#ဒီတော့ဂိမ်းပုံစံကဘယ်လိုမျိုးလဲ ?
ဒီဂိမ်းမှာ ချီးကျူးစရာကောင်းတာက ရေအောက်ကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အလှတရားတွေကို အရောင်အသွေးမစုံဘဲနဲ့တောင် အဖြူအမဲနဲ့ ပီပီပြင်ပြင် ပုံဖော်ပြထားနိုင်တာမလို့ လုံးဝကို အံ့ဩစရာကောင်းတဲ့အပြင်
◾ အမြင်အာရုံကို လှည့်စားထားတာတွေ
◾ ထူးခြားတဲ့ သတ္တဝါအသွင်အပြင်တွေအပြင်
◾ ရေအောက် သစ်ပင်တွေရဲ့ လှုပ်ရှားမှုတွေကအစ
ကစားသူကို နစ်မြောသွားစေတဲ့အထိ ညှိုယူဖမ်းစားနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မထင်ထားတဲ့ အရာတွေကြောင့်ပါ ပါးစပ်အဟောင်းသားဖြစ်နေနိုင်သလို၊ ရုတ်တရက်တုံ့ပြန်မှုတွေကြောင့်လဲ နားမလည်နိုင်အောင်အထိ ဂိမ်းတစ်လျှောက်လုံးမှာ ကြုံတွေ့ရမှာပါ။
#‌ဒါဆိုဘယ်လိုကစားရမှာလဲ ?
ဂိမ်းရဲ့ တင်စားပုံက နက်နဲပေမယ့် ၊ သာမန်အနေနဲ့ ကြည့်မယ်ဆိုရင် ရေအောက်ကမ္ဘာထဲကို စွန့်စားရှာဖွေနေတဲ့ ရေငုပ်သမားအဖြစ်နဲ့ပဲ မြင်တွေ့ရမှာပါ။
ထူးဆန်းတဲ့ ပဟေဠိတွေကို ဦးစားပေးထားတာကြောင့် ကစားရမယ့် ပုံစံကလည်း တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး ဘယ်လောက်အထိ ထူးခြားလဲဆိုရင်
◾ ကစားတဲ့သူက ရေအောက်သတ္တဝါတွေကို ကိုယ်ချင်းလဲပြီး ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။ ဥပမာ -
❖ ငါးတစ်ကောင်ကို ကိုယ်ချင်းလဲပြီး ကျဉ်းမြောင်းတဲ့ နေရာတွေကနေ ဖြတ်သန်းနိုင်တာမျိုး။
❖ ဒါမှမဟုတ် ပိုကြီးတဲ့ သတ္တဝါတစ်ကောင်ရဲ့ စွမ်းအားကို အသုံးပြုပြီး အတားအဆီးတွေကို ဖယ်ရှားပစ်တာမျိုးတွေအထိ လုပ်လို့ရနိုင်တာပဲဖြစ်ပါတယ်။
ဒီလို လုပ်နိုင်စွမ်းတွေကြောင့် ခုနကပြောခဲ့တဲ့ ဂိမ်းရဲ့ တင်စားပုံဟာ ပိုနက်နဲနိုင်ပြီး ဒီလိုထူးခြားတဲ့ Gameplay တွေကြောင့်ပဲ ကစားတဲ့အခါ စဉ်းစားစရာတွေက အပြည့် ဖြစ်နေရတာပါ။
#ဘာကြောင့်ကစားသင့်တာလဲ ?
Thalassophobia ရှိတဲ့သူတွေအတွက် Mind Test ဂိမ်းတစ်ခုလို့ ပြောလို့ရပြီး သုံးပေးထားတဲ့အရောင်နဲ့ နောက်ခံတီးလုံးတွေကြောင့်ပါ တစ်ခါမှ မကြုံဖူးတဲ့ Feeling မျိုးကြီးကို ခံစားရမှာပါ။
"အသံကြောင့် ဖားသေ" ဆိုတဲ့ စကားပုံလိုပဲ ဘာမှမဖြစ်သေးခင်ကတည်းက အချက်ပေးလာတဲ့ ရေ‌အောက်လှိုင်သံတွေကြောင့် သိချင်စိတ်ကော၊ထိတ်လန့်‌မှုတွေပါါ တစ်ပြိုင်တည်း ခံစားရစေမှာပဲဖြစ်ပါတယ်။
#အချိန်ပေးရတာတန်ရဲ့လား ?
ဂိမ်းတစ်ခုလုံးက Narrative မပါပဲ တင်စားထားတာတွေ များလွန်းတာကြောင့် သေချာကစားမယ်ဆိုရင်တောင် တွေးလိုက် ၊ ဆော့လိုက်နဲ့ တော်တော်လေးကို အရသာရှိပါတယ်။ Anxieties အတော်‌များမယ့် ဂိမ်းတစ်ခုမလို့ ထူးထူးဆန်းဆန်းနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ချင်တဲ့သူတွေအတွက် အတန်ဆုံး ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
Puzzle ဦးတည်ထားတာမလို့ ဦးနှောက်စားချင်တဲ့သူတွေလဲ ဆော့လို့ရသေးတယ်နော်။
⬛ ဒီတော့ အနှစ်ချုပ် ပြောရရင်တော့ SILT ဆိုတဲ့ ဒီဂိမ်းက ပုံမှန်ဂိမ်းတွေနဲ့ မတူဘဲ အနုပညာဆန်တဲ့ ဒီဇိုင်း၊ စိန်ခေါ်မှုရှိတဲ့ ပဟေဠိတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ရေအောက်ကမ္ဘာကိုပါ ပေါင်းစပ်ပေးထားတဲ့ ဂိမ်းကောင်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။
⬛ စိတ်အေးအေးထားပြီး စူးစမ်းလေ့လာရတာ၊ ပဟေဠိဖြေရှင်းရတာ ဝါသနာပါသူတွေအတွက် အထူးသင့်တော်ပြီး ထူးခြားတဲ့ Visual Experience နဲ့ Gameplay ကို ရှာဖွေနေသူတွေဆိုရင်တော့ SILT ဟာ မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဂိမ်းကောင်းထဲက တစ်ခုပဲဖြစ်ပါတယ်။
မပါဝင်ပါဘူး။ SILT ရဲ့ အဓိက Mechanic က Possession ပါ။ ရေအောက်သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝိညာဉ်ကူးပြောင်းပြီး သူတို့ရဲ့ စွမ်းရည်တွေကို အသုံးချကာ ပဟေဠိတွေကို ဖြေရှင်းရတာပဲ ဖြစ်ပါတယ်။
Game Information
Developer
Spiral Circus
Version
1.0.3
Release
June 1, 2022
Updated
February 2, 2026
Network
Offline
Platform
Android / PC / Consoles
Download Size
1.09 GB
Total Size
1.5 GB
SYSTEM IMPACT [OPTIMIZED]
Mobile Specs
  • Android8.0+
  • iOS14.0+
  • RAM4 GB
  • SOCSnapdragon 600+ / Helio G80+
  • Arch64-bit (ARMv8)
PC Specs
  • CPUIntel Core i3-3220
  • RAM4 GB
  • GPUNvidia GTX 650
  • DirectXVersion 10
GRAPHICS95%

GAMEPLAY85%

CONTROL80%
8.6
AMAZING
!
IMPORTANT NOTE
ဂိမ်းက Thalassophobia ရှိတဲ့သူတွေအတွက် အနည်းငယ် စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ Mobile မှာ Controller နဲ့ချိတ်ဆော့ရင် Experience ပိုမိုက်ပါတယ်။
DOWNLOAD LINKS
✅ Links Updated: Mar 10, 2026
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...