Japan Stigmatized Property

တစ်နာရီကို ဒေါ်လာ 20 $ ၊ မြန်မာငွေနဲ့ဆိုရင် ခုနှစ်သောင်းကျော် ၊ ရှစ်သောင်းနီးပါးအထိရမယ့် Work From Home အလုပ်လေးကို စိတ်ဝင်စားကြလား ?နောက်ပြီး ပညာအရည်အချင်းကန့်သတ်မထားပဲ အဓိကက စူးစမ်းလိုစိတ်နဲ့ မျက်စိသွက်သွက်လက်လက်ရှိရုံနဲ့တင် အဆင်ပြေတာမလို့ ကျား/မ မရွေးလျှောက်လို့ရပါတယ်။
အဓိကဆောင်ရွက်ရမယ့် တာဝန်လေးက ပေါ့ပေါ့ပါးပါးလေးပဲဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကြီး “ 事故物件 (Jiko Bukken) “ ဆိုတဲ့ အိမ်ကြီးတွေရဲ့ CCTV တွေကို ည ၁၂ နာရီကနေ မနက် ၅ နာရီအထိပဲ ကြည့်ပေးရမှာပါ။ ၅ နာရီပဲဆိုတော့ တစ်ညကို ဒေါ်လာ ၁၀၀ တောင်ရမှာမလို့ အရမ်းမိုက်ပြီး ကြိုးစားရင် ကြိုးစားသလို Bonus တွေပါ ပေးအုံးမှာနော်။
ဒါပေမယ့် တစ်ခုရှိတာက အဲဒီ CCTV ကို ကြည့်နေတဲ့အချိန်တွင်းမှာ တတ်နိုင်သမျှ ထူးခြားတဲ့အခြေနေတွေကို မှတ်တမ်းယူပြီး Report တင်ပေးရမှာမလို့ Report နည်းရင်တော့ တစ်ပြားမှ ပေးမှာမဟုတ်ဘူးနော်။ အဲဒါကြောင့် မျက်စိလျင်တဲ့သူတွေကို အဓိကခေါ်တာဖြစ်ပြီး အလုပ်လုပ်တဲ့အခါမှာ ပိုပြီး လွယ်ကူအောင်လို့ CCTV တိုင်းကို Night Vision တွေပါ တပ်ပေးထားပါသေးတယ်။
ဒီလို အဘက်ဘက်က လိုလေသေးမရှိ သက်တောင့်သက်သာဖြစ်စေတဲ့ အလုပ်လေးမှာ ပါဝင်ဖို့ အသင့်ဖြစ်ပြီဆိုရင်တော့ အောက်က စာချုပ်စာတမ်းနဲ့ အသေးစိတ်အချက်လက်တွေကို ဆက်ဖတ်ကြည့်လိုက်တော့နော်…..

[RECRUITMENT NOTICE] Night Surveillance Agent

လက်ရှိ ညီမတို့ရဲ့ Agency မှာဆိုရင် Agents ပေါင်း 489 ယောက်အထိ ပါဝင်လုပ်ကိုင်နေကြပြီးတော့ ဂျပန်နိုင်ငံတစ်ဝန်း အတိကျစာရင်းပြုစုထားတဲ့ Properties ပေါင်း 27,353 ခုအထိ ရှိပါတယ်။ ဘာတွေလဲဆိုတာကို မပြောပြခင် အရင်ဆုံး သင့်ဆီမှာ ဒီအတွေးလေးရှိနေလားဆိုတာကို ဖတ်ကြည့်ပေးပါ။
သင့်အနေနဲ့ ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေမှာ နေထိုင်ဖို့ စိတ်ကူးခဲ့ဖူးလား ?

အကယ်လို့လက်ရှိ သင်ဟာ ဂျပန်မှာသာဆိုရင် တိုကျိုတို့ အိုဆာကာတို့မှာ အိမ်ငှားခတွေက အရမ်းဈေးကြီးတယ်ဆိုတာကိုလဲ ကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့... သာမန်ပေါက်ဈေးရဲ့ ထက်ဝက်၊ တစ်ခါတလေ သုံးပုံတစ်ပုံလောက်နဲ့ အရမ်းတန်တဲ့ အခန်းတစ်ခန်းမျိုးတွေကိုကော ကြုံဖူးကြလား ? ဒါမှမဟုတ် နေထိုင်ဖူးခဲ့လား ?
အဲဒီလို ဈေးအရမ်းတန်တဲ့ အိမ်တွေကို ညီမတို့အနေနဲ့ များသောအားဖြင့် Jiko Bukken လို့ခေါ်ဆိုကြပါတယ်။ အကြောင်းရင်းကတော့ Jiko Bukken ဆိုတာက အဲ့ဒီအခန်းထဲမှာ လူတစ်ယောက်ယောက်က သဘာဝအတိုင်း မဟုတ်ဘဲ သေဆုံးထားခဲ့ဖူးတဲ့ နေရာမျိုးကို ဆိုလိုတာပါ။ ဥပမာ - လူသ*တ်မှု၊ ကိုယ့်ကိုယ်ကိုယ် သ*တ်သေမှု၊ ဒါမှမဟုတ် ဘယ်သူမှ မသိဘဲ အထီးကျန်စွာ သေ*ဆုံးသွားတာမျိုးတွေကို ဆိုလိုတာပါ။

ဂျပန်နိုင်ငံရဲ့ ဥပဒေအရ အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ အိမ်ရှင်တွေဟာ ဒီလိုအဖြစ်အပျက်မျိုးရှိခဲ့လျှင် ထိုအခန်းကို ပထမဆုံးအကြိမ် လာငှားတဲ့သူအား “ အမှန်အတိုင်း ပြောပြရမယ် “ ဆိုတဲ့ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Psychological Defect) ရှိတဲ့ အခန်းတွေကို ဈေးအများကြီး ချပြီး ငှားရမ်းကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီဥပဒေက ( ပထမဆုံး ငှားတဲ့သူ ) တစ်ယောက်အတွက်ပဲ အကျုံးဝင်တာပါ။ သူ့နောက်ကနေ ဒုတိယ၊ တတိယမြောက် လာငှားတဲ့သူတွေကိုတော့ အိမ်ရှင်က ပြောဖို့ရာ တာဝန်မရှိတော့ပါဘူး။ ဒါကြောင့် တချို့အိမ်ရှင်တွေက ဒီလိုအခန်းတွေကို အလကားနီးပါးနဲ့ တစ်လ၊ နှစ်လလောက် အငှားချပြီး အရင်က မှတ်တမ်းတွေကို "သန့်" သွားအောင် လုပ်တဲ့သူတွေလဲ ရှိပါတယ်။

ဒါကြောင့် ဒီလို အခန်းတွေရဲ့ အချက်အလက်တွေကို စုစည်းဖော်ပြပေးထားတဲ့ Oshimaland ဆိုတဲ့ နာမည်ကြီး Website တွေပေါ်ထွက်လာတာဖြစ်ပြီး Google Maps ပေါ်မှာ မီးတောက်ပုံလေးတွေနဲ့ ဘယ်နေရာ၊ ဘယ်တိုက်ခန်းမှာ ဘာအဖြစ်အပျက်မျိုး ဖြစ်ခဲ့တယ်ဆိုတာကို အသေးစိတ် ဝင်ကြည့်လို့ရပါတယ်။ ( Website Link ကို Comment မှာ ချပေးထားပါတယ် )
ဒီတော့ သင့်ရဲ့ အလုပ်တာဝန်က အဲဒီ အိမ်တွေ၊ အခန်းတွေရဲ့ CCTV တွေကို ညသန်ခေါင်ကနေ မနက် ၅ နာရီအထိ စောင့်ကြည့်ပေးရမှာဖြစ်ပြီး Camera ထဲမှာ မူမမှန်တာ ၊ ထူးခြားတာမျိုး ဖြစ်ခဲ့လို့ရှိရင် ချက်ချင်း Report တင်ပေးရမှာပဲဖြစ်ပါတယ်။

အဲဒီတင်လိုက်တဲ့ Report ကို ညီမတို့ဘက်ကနေ တကယ်ဟုတ်မဟုတ် စစ်ဆေးပေးမှာဖြစ်တာကြောင့် Report အမှားကိုသာ ၅ ကြိမ်နဲ့အထက် တင်မိမယ်ဆိုရင် ချက်ချင်း အလုပ်ထုတ်ခံရမှာပဲဖြစ်ပါတယ်။ ညီမတို့ဘက်ကနေလည်း အရှေ့ကနေ ပြုစုထားတဲ့ အချက်လက်တွေအရ ဘယ်အချိန်တွေမှာ ပိုသတိထားရမယ်ဆိုတာကို အချိန်နဲ့တစ်ပြေးညီ Notification ပို့ပေးနေမှာပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင် သင့်ဘက်ကကော ဒီအလုပ်ကို စတင်လုပ်ကိုင်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား ?
သေချာပြီဆိုရင်တော့ ဖုန်း / PC မှာ Install တင်ဖို့အတွက် Application ( or ) Software ဖိုင်လေးကို ယခု Link ကနေ တစ်ဆင့် Download ဆွဲပြီး Agent အဖြစ်နဲ့ စတင်နိုင်ပါပြီ။
Game Information
Android version 5 . 1 +
Developer Loxarc.Inc
Network Offline
Price Paid
App version 5.1
Release date Sep 22, 2025
Platform Android / iOS / PC
Ram At least 2 GB +
SOC Snapdragon 450 +
Helio P22+




( Premium Game အသစ်လေးဖြစ်ပြီး Apk Only မလို့ Install တင် ကစားရုံပဲနော် )

#HelloYDB #GameIntroduction #MyanmarGamer #HorrorGame #MobileGaming #JikoBukken #JapaneseHorror #IndieGame #PsychologicalHorror

Comments

လူကြည့်အများဆုံး GAMES