Unbroken Survival

ဘယ်အချိန်ကြည့်ကြည့် ဂြိုလ်သားတွေ ကမ္ဘာပေါ်ကို ရောက်လာရင် ပြေးမကြည့်နဲ့ အဲဒါ အမေရိကန်မှာပဲ။ ဇတ်ကားနေနေ ၊ ဂိမ်းနေနေ ဒီတောထဲက မထွက်တော့ အခုတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးက ထူးထူးခြား ဂြိုလ်သားကိုယ်တိုင် တောင်အာဖရိကို အရင်ရောက်လာခဲ့ပါတယ်။
Survival ဂိမ်းလည်းဖြစ် ၊ Open World ကိုမှ Storyline ပါ ပါသေးတဲ့အပြင် အင်တာနက်မလိုပဲ Offline နဲ့ပါ ကစားလို့ရမှာဆိုတော့ Mobile Gamer တွေအတွက် တကယ်ကို ရှယ်ပဲ။
📖 𝐂𝐨𝐧𝐜𝐞𝐩𝐭 & 𝐒𝐭𝐨𝐫𝐲

Alien Invasion ဆိုတော့ ထုံးစံအတိုင်း တစ်နိုင်ငံလုံးက Chaos တွေဖြစ်ကုန်ပြီး လူအချင်းချင်းတောင် မယုံရတဲ့ အခြေနေမျိုးကို ကြုံတွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Alien တွေဆိုတာက High Civilization Creature ထဲမှာ ပါနေတော့ လူတွေကြားထဲမှာ Shape Shifters တွေအဖြစ်နဲ့ ဝင်ရောက်နေထိုင်ကြပြီး လူသားတွေ တော်လှန်ပုန်ကန်ကြမှာကို အထူးစောင့်ကြည့် နေကြတာပဲဖြစ်ပါတယ်။ အဆိုးဆုံးကတော့ Virus တွေပါ ဖြန့်ပြီး Zombie တွေအဖြစ်ပါ ကမ္ဘာကို ဖျက်ဆီးထားကြတာပေါ့။
ဒီလိုနဲ့ သုံးနှစ်အကြာမှာ ကိုယ်တွေရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ အာဖရိကသား Damian က ပျောက်ဆုံးသွားတဲ့ သူ့ရဲ့အမွှာညီမလေး Nelly ကို ရှာဖို့အတွက် အကြောင်းဖန်လာခဲ့ပြီး ဒီဂိမ်းရဲ့ ဇာတ်အိမ်ကို စတင်အသက်ဝင်ခဲ့တာပဲဖြစ်ပါတယ်။
🎮 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐆𝐫𝐚𝐩𝐡𝐢𝐜

ဂိမ်းပုံစံကတော့ Third Person Action Shooter အမျိုးစားဖြစ်ပြီး Survival ဂိမ်းဖြစ်တာနဲ့အညီ အသက်ရှင်သန်ဖို့အတွက် အစားသောက်စနစ်‌တွေ၊ Craft စနစ်တွေအပြင် Trade တွေ ၊ Main Mission ကနေ Side Quest တွေအထိ Auto Gameplay မပါဝင်ပဲနဲ့ကို ကိုယ်တိုင် စိတ်တိုင်းကျ Open World ကြီးထဲမှာ Explore လုပ်ခွင့်ရမှာပါ။
ဒါ့အပြင် ဆိုင်ကယ်တွေပါ အသုံးပြုလို့ရပြီး သွားလေရာ ပါလာမယ့် ခွေးလေးတွေပါ ထည့်ပေးထားတော့ တကယ်ကို နာမည်ကြီး Survival ဂိမ်းတွေရဲ့ အဓိက Feature တွေကို စုံစုံလင်လင် အကြိုက်တွေ့အောင် ထည့်ပေးထားတာပဲဖြစ်ပါတယ်။
Graphic ပိုင်းကတော့ Elements များပြီး Density ဖြစ်တဲ့နေရာတွေမှာ တော်တော်လေး ကြည့်လို့လှပြီး Map တစ်ခုလုံးကြီးကိုတော့ Hardware နဲ့ Optimization Requirements ကြောင့် အလုံးစုံလှအောင်တော့ မပြုလုပ်နိုင်သေးပါဘူး။ Graphic Option အတွက် Normal နဲ့ High ရွေးချယ်ခွင့်ပေးထားပေမယ့် Phone အားလုံးအတွက်‌ကတော့ Optimization ဖြစ်ဖြစ်နဲ့ ကစားနိုင်အုံးမှာ မဟုတ်သေးပါဘူး။
📌 𝐎𝐯𝐞𝐫𝐚𝐥𝐥 𝐒𝐮𝐦𝐦𝐚𝐫𝐲

နောက်ဆုံးအနေနဲ့ ခြုံပြောရမယ်ဆိုရင်တော့ ဂိမ်းရဲ့ အားသာချက်က Online အမျိုးစားတွေမှာသာ တွေ့ရတဲ့ Features မျိုးတွေကို Offline ဂိမ်းအနေနဲ့ ထုတ်ပေးထားတာမလို့ Mobile Gamer တွေအတွက် Open World ၊ Storyline နဲ့တင် သဘောကျစေမှာပဲဖြစ်ပါတယ်။
အားနည်းချက်ကတော့ ဒီဂိမ်းက ဖုန်းအားလုံးအတွက် Optimization မဖြစ်သေးတာမလို့ Snapdragon 8 Gen 3 လို ဖုန်းမျိုးတွေမှာတောင်မှ FPS drop တာမျိုးတွေ၊ ဖုန်းပူတာမျိုးတွေကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ဒါကလည်း Big Companies ကြီးတွေက ထုတ်တာမဟုတ်တာကြောင့် အလုံးစုံ Perfect ဖြစ်အုံးမှာ မဟုတ်သေးဘူးဆိုတာကို အသိပေးချင်ပါတယ်။
Game Information
Android version 9 . 0 +
Developer RavenStudios
Network Offline
Price Paid
App version 0.1.3
Release date Oct 5, 2025
Platform Android
Ram At least 6 GB +
SOC Snapdragon 778G +
Dimensity 1200+


( Premium Game အသစ်လေးဖြစ်ပြီး Apk Only မလို့ Install တင် ကစားရုံပဲနော် )

#HELLOYDB #MOBILE #MobileGame #Horror #DeepOcean #Thalassophobia 

Comments

လူကြည့်အများဆုံး GAMES