A Webbing Journey

ဒီတစ်ခါ Global အနေနဲ့ ထွက်လာတဲ့ ဂိမ်းလေးကတော့ Mobile Player တွေ ဆော့ကို
ဆော့ဖူးသင့်တဲ့ Sandbox ဂိမ်းလေးဖြစ်ပြီး Civil Engineer တွေတောင်
လက်ကမချချင်တော့တဲ့အထိ Physics Engine ကြီးက Another Level တစ်ခုကို
ရောက်ရှိနေတာပဲဖြစ်ပါတယ်။

ပြောရရင် ဒီဂိမ်းက Spiderman ထက်တောင် ပိုပြီး Spider ဆန်တဲ့ Web System မျိုးကို
မြင်တွေ့ရမှာဖြစ်ပြီး ထူးထူးခြားခြား လူသားတွေရဲ့ နေ့စဉ်ဘဝကို
ကူညီပေးရမှာဖြစ်တာကြောင့် တခြားဂိမ်းတွေနဲ့ မတူပဲ Unique ဆန်ဆန်နဲ့ လုံးဝကို
သဘောကျသွားစေမှာပါ။

ဒီဂိမ်းမှာက Inverse Kinematics ဆိုတဲ့ IK နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး
ပင့်ကူလေးရဲ့ ခြောက်ထောက် ရှစ်ချောင်းလုံးဟာ Realistic ဆန်တဲ့ Movement တွေနဲ့အတူ
ပစ္စည်းတွေပေါ်မှာ Tactile Feeling မျိုးခံစားစေရတဲ့အထိ Animation တွေကို
သေချာပြင်ဆင်ထားတာပဲဖြစ်ပါတယ်။

Game Mechanic ပိုင်းက တော်တော်ကြီးကို Impressive ဖြစ်ပြီး freedom ဖြစ်တာမလို့
ကိုယ့်ဘာကိုယ် ဘယ်သွားသွား၊ ဘာလုပ်လုပ် တကယ့် ပင့်ကူတစ်ကောင်ရဲ့ Overview
တစ်ခုလုံးကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Spiderman လို ကြိုးလွှဲတာ၊ နံရံပေါ် ဇောက်ထိုးတက်တာတွေက ပင့်ကူတစ်ကောင်အနေနဲ့
မပြောပလောက်ပေမယ့် Web System ကို အသုံးပြုပြီး အခက်ခဲတွေကို ဖြေရှင်းရတာကတော့
လုံးဝကို Next Level နီးပါး Satisfied ဖြစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။

သဘာဝရဲ့ အင်ဂျင်နီယာလေးတွေလို့တောင် တင်စားလို့ရတဲ့ ပင့်ကူလေးတွေရဲ့
အိမ်ဆောက်တဲ့ပုံစံဟာ တကယ်ကို မွေးကတည်းက ပါရီမှီရှိသလိုမျိုး လှလှပပနဲ့
အသုံးဝင်အောင် တည်ဆောက်နိုင်ကြပေမယ့် အခုလို လူသားတွေ Control လုပ်လို့ရမယ့် Web
System တည်ဆောက်ပုံကကော ပင့်ကူလေးတွေလောက် အသုံးဝင်ပြီး သေသပ်လှပမလားဆိုတာကိုတော့
ဒီဂိမ်းထဲမှာ ကစားသူကိုယ်တိုင် ကြိုးစားကြည့်ရမှာပဲဖြစ်ပါတယ်။

နောက်တစ်ခု ဒီဂိမ်းမှာ ထူးခြားတာက ပင့်ကူကြောက်တဲ့သူတွေအတွက် Arachnophobia Mode
ပါ ထည့်ပေးထားပြီး၊ ဒီ Mode ကို ဖွင့်လိုက်တာနဲ့ ပင့်ကူပုံစံအစား
ချစ်စရာကောင်းတဲ့ Blob လိုမျိုး အလုံးလေးအဖြစ်နဲ့ ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ပင့်ကူ ကြောက်တတ်တဲ့ သူတွေလည်း စိတ်ချလက်ချ ဆော့လို့ရပါတယ်နော်။

Character Customization ကတော့ ရှယ်ထည့်ပေးထားတာမလို့ Sandbox ပီပီ ကြိုက်တဲ့ Map
မှာ ကြိုက်သလို စိတ်ကြိုက် အကုန်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဂိမ်းရဲ့ Concept က အရမ်းကောင်းပေမယ့် Indie Student Project တစ်ခုဖြစ်တဲ့အတွက်
တစ်ခါတလေ ကျဉ်းမြောင်းတဲ့ နေရာတွေရောက်ရင် Camera Angle က နည်းနည်း
ရုန်းရတတ်ပါတယ်။ ပြီးတော့ Graphic က Physics အပေါ် အခြေခံထားတာမလို့ ဖုန်း Model
နိမ့်ရင် နည်းနည်းလေး ပူတာ၊ Lag တာမျိုးတွေ ဖြစ်တတ်ပါတယ်။

PC မှာလည်း Positive Review တွေ တစ်ပုံကြီးနဲ့ Early Test မှာကတည်းက Creative
ဖြစ်တဲ့ Gamer တိုင်းသဘောကျနေတာမလို့ သောင်းကြမ်းချင်တဲ့သူပဲဖြစ်ဖြစ်၊
ဖန်တီးချင်တဲ့သူတွေပဲဖြစ်ဖြစ် ကစားကို ကစားကြည့်သင့်တဲ့
အမိုက်စားဂိမ်းလေးပဲဖြစ်ပါတယ်။
Game Information
Developer
Fire Totem Games GmbH
Version
v0.13.3
Release
May 18, 2023
Updated
Jan 17, 2026
Network
Offline / Online
Platform
Android, iOS, PC
Download Size
609 MB
Total Size
831 MB
SYSTEM IMPACT
[HEAVY LOAD]
Mobile Specs
- Android7.0 and up
- iOS13.0 +
- RAM6 GB +
- SOCSnapdragon 7 Series +
- Arch64-bit ARM
PC Specs
- CPUi5-6400 or AMD Ryzen 3 1200
- RAM8 GB
- GPUGTX 1060 or AMD Radeon RX 580
- DirectXVersion 11
8.1
AMAZING
DOWNLOAD LINKS
Discussion
0
You
Loading comments...