Afterimage

Hollow Knight တို့၊ Ori and the Blind Forest တို့လို Art Style ရှယ်လှပြီး
ဆော့ရတာ စိန်ခေါ်မှုရှိတဲ့ Vibe မျိုးနဲ့ Castlevania လိုမျိုး မြေပုံအနှံ့
လျှို့ဝှက်ချက်တွေ လိုက်ရှာရတာကို သဘောကျတဲ့သူတွေရှိလား ?
ဒါဆိုရင်တော့ ဒီနေ့ မင်မင်ပြေပြမယ့် After Image ဆိုတဲ့ ဂိမ်းလေးက Visual Art
နဲ့တင် မျက်လုံးအေးပြီး အချိန်ပေးရတာ တန်တာကြောင့် ကစားကို
ကစားကြည့်သင့်တာပဲဖြစ်ပါတယ်။

အပိုပြောတာမဟုတ်ပေမယ့် ဒီဂိမ်းကို အချိန်ပေးကစားတာ ကြာလာတာနဲ့အမျှ " Wow.. Wow..
" ဆိုပြီး လက်ကမချချင်လောက်အောင်ကို Visual Environment တွေက တစ်ခန်းပြီး
တစ်ခန်းကို ဖမ်းစားနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလှပတဲ့ လောကကြီးရဲ့နောက်မှာ
ရက်စက်ကြမ်းကြုတ်တဲ့ အမှန်တရားတွေကလည်း ပုန်းခိုနေတတ်ပါတယ်။

ဇာတ်လမ်းကတော့ Engardin လို့ခေါ်တဲ့ ကမ္ဘာကြီးမှာ The Razing ဆိုတဲ့ ကပ်ဆိုးကြီး
ဖြစ်ပွားခဲ့ပြီး ကစားတဲ့သူဟာ Renee ဆိုတဲ့ အတိတ်မေ့နေတဲ့ ကောင်မလေး
တစ်ယောက်နေရာကနေ ပါဝင် ကစားပေးရမှာပါ။ ဘေးနားမှာတော့ Ifree ဆိုတဲ့
အကောင်ပေါက်စလေး တစ်ကောင်ပါဝင်မှာဖြစ်ပြီး Renee ရဲ့ ပျောက်ဆုံးနေတဲ့
မှတ်ဉာဏ်တွေနဲ့အတူ ဒီကမ္ဘာကြီးမှာ ဘာကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်လာသလဲဆိုတာကို
အဖြေရှာဖွေရမယ့် စွန့်စားခန်းလေးပဲဖြစ်ပါတယ်။

Visual လှသလောက် ဒီဂိမ်းရဲ့ Combat ကလည်း ရိုးရိုး Button နှိပ်ရုံနဲ့
ပြီးမသွားပါဘူး။ Fast-paced ဖြစ်သလို အရမ်းလည်း နက်နဲပြီး မင်မင်
အကြိုက်ဆုံးကတော့ Weapon Variety ဖြစ်တဲ့ Sword, Scythe, Dual Blades အပါအဝင်
လက်နက် ခြောက်မျိုးလောက်အထိကို ကိုယ်ကြိုက်ရာ နှစ်ခု တပ်ဆင်နိုင်တာပဲဖြစ်ပါတယ်။
တိုက်နေရင်းနဲ့တောင် လက်နက်ချက်ချင်းပြောင်းပြီး Combo တွေ ဆက်တိုက် ထုတ်လို့ရတဲ့
System ပါဝင်တာကြောင့် Gameplay ကိုလည်း အရမ်းသဘောကျကြမှာပါ။

Skill Tree ကနေ Dash တို့ Double Jump တို့လို Ability အသစ်တွေ ရလာတဲ့အခါ အရင်က
မရောက်နိုင်ခဲ့တဲ့ နေရာတွေကို ပြန်သွားပြီး လျှို့ဝှက်ချက်တွေ ရှာဖွေရတဲ့
Metroidvania အရသာကလည်း ဒီဂိမ်းရဲ့ အသက်တစ်ခုပါပဲ။
နေရာဆိုလို့ ဒီဂိမ်းက တချို့ Gamer တွေအတွက် တကယ်ကစားရခက်တဲ့ ဂိမ်းတစ်ခုအနေနဲ့လဲ
ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Map က အရမ်းကျယ်ပြီး Quest Marker တွေ
မပါဝင်တာမလို့ Dark Souls လိုမျိုးပဲ ကိုယ့်ဘာကိုယ် လမ်းရှာ၊ Lore တွေကို
လိုက်ဖတ်ပြီး ဇာတ်လမ်းဆက်သွားရမယ့် ပုံစံမျိုးနဲ့ ကစားရမှာမလို့ Casual
ဆော့ချင်တဲ့ Gamer တွေအတွက်တော့ နည်းနည်း ခေါင်းရှုပ်ကောင်း ရှုပ်နိုင်ပါတယ်။
ဒါပေမယ့်လည်း Visual Art နဲ့တင် ခေါင်းရှုပ်ရတန်ပါတယ်။

ဒီဂိမ်းကို ဖန်တီးခဲ့တာကတော့ တရုတ်နိုင်ငံက Aurogon Shanghai ပဲဖြစ်ပါတယ်။
သူတို့က နာမည်ကြီး Gujian စီးရီးကို ဖန်တီးခဲ့သူတွေဖြစ်ပြီး ဒီဂိမ်းအတွက်
Castlevania ရဲ့ Symphony of the Night ဆီကနေ Inspiration တွေ အများကြီး
ယူထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကစားရင်းနဲ့ Classic Vibe တွေကို
ခံစားမိနေတာပေါ့။

နောက်ပြီး ဇိမ်ခံပြီး အကြာကြီးဆော့ချင်တဲ့သူတွေအတွက် ဒီဂိမ်းရဲ့ ကြာချိန်က
ခန့်မှန်းချေ နာရီ 30 ဝန်းကျင်အထိ ကစားရမှာဖြစ်တာကြောင့် ဇာတ်လမ်းလဲ ရှယ် Deep
သလို လမ်းလဲ ရှယ်ပျောက်မယ့် အမိုက်စားဂိမ်းလေးပဲဖြစ်ပါတယ်။ Ending 10
မျိုးအထိတောင် ပါဝင်တာမလို့ ဇာတ်လမ်းငတ်နေတဲ့သူတွေအတွက် ကစားကို
ကစားကြည့်သင့်ပါတယ်။
မလိုပါဘူး။ အင်တာနက်မလိုပဲ ကစားနိုင်ပါတယ်။
ရပါတယ်။ Controller နဲ့ ချိတ်ပြီးတာနဲ့ Console မှာ ဆော့နေရသလိုမျိုး Screen Button တွေပါ Auto ပျောက်သွားမှာပါ။
Game Information
Developer
TANG (HK) Network
Version
v1.0.4
Release
Dec 27, 2023
Updated
Jun 27, 2025
Network
Offline
Platform
Android, iOS, PC
Download Size
1.13 GB
Total Size
2.01 GB
SYSTEM IMPACT
[OPTIMIZED]
Mobile Specs
- Android6.0 and up
- iOS14.0 +
- RAM6 GB +
- SOCSnapdragon 665 +
- Arch64-bit ARM
PC Specs
- CPUIntel Core 2 Duo E4500
- RAM4 GB
- GPUIntel UHD Graphics 630
- DirectXVersion 11
8.5
AWESOME
Discussion
0
You
Loading comments...