Before Your Eyes

ငိုရတာမှ နှာတွေပိတ်၊ မျက်လုံးတွေစပ်ပြီး ခေါင်းတွေ ကိုက်တဲ့အထိပဲ။ ဒီလောက်အထိ
Emotional ပေးနိုင်တဲ့ ဂိမ်းကို ပထမဆုံးမြင်ဖူးတာမဟုတ်ပေမယ့် ဒီဂိမ်းကတော့
ထူးထူးခြားခြား လူသားတိုင်း မလွဲဧကန်ကြုံတွေ့ရနိုင်တဲ့ အခြေနေတစ်ခုကို
ပုံဖော်ထားတာမလို့ ရင်ဘက်ကြီးနဲ့ ခံစားတဲ့သူတွေက
ရှိုက်ကြီးတငင်ငိုရမှာဖြစ်ပြီး၊ ပုံမှန်ဆော့တဲ့သူတွေကတော့ မငိုပဲ မျက်ရည်တွေ
စီးကျနေမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ ထူးခြားတဲ့ စနစ်က Eyes Tracking ဆိုတဲ့ မျက်လုံးနဲ့ Control
လုပ်ပေးရမှာဖြစ်ပြီး Mobile နဲ့ ကစားတဲ့သူပဲဖြစ်ဖြစ်၊ PC မှာ Webcam နဲ့
ဆော့တဲ့သူပဲဖြစ်ဖြစ် ဒီ Feature ကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Emotional
ဆန်တဲ့ ဘဝဂိမ်းတစ်ခုကို အခုလို မျက်လုံးနဲ့ Control လုပ်ပြီး ကစားရမှာဆိုတော့
တစ်သျှူးသာ များများဆောင်ထားကြဖို့ အကြံပေးချင်ပါတယ်။

ဂိမ်းရဲ့ ဇာတ်လမ်းလေးက အရမ်း Deep ပြီး Meaningful ဖြစ်တာကြောင့် ဘဝမှာ
ရှင်သန်နေရတဲ့ အခိုက်တန့်တိုင်းကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုယ်
ပြန်မြင်တတ်လာစေမှာပဲဖြစ်ပါတယ်။ Admin အတွက်တော့ ငိုလဲငိုရသလို
တည်ငြိမ်အေးချမ်းမှုကိုလည်း အဆုံးသတ်မှာ ရရှိစေခဲ့တယ်။ ဒါတောင် နှစ်ခါဆော့တာ
နှစ်ခါလုံး မျက်ရည်နဲ့ မျက်ခွက်ပဲ။
ဇာတ်လမ်းလေးကို spoiler မပါပဲ နားလည်အောင် ရှင်းပြရမယ်ဆိုရင် သင်က
ပင်လယ်ပြင်ကြီးထဲမှာ ခန္ဓာမပါပဲ လမ်းပျောက်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး
Ferryman ဆိုတဲ့ ကိုမြေခွေးကြီးရဲ့ သင်္ဘောငယ်လေးနဲ့အတူ The Gate ဆိုတဲ့
တာဝါကြီးဆီကို အရောက် သွားရမှာပဲဖြစ်ပါတယ်။

သတိထားမိလား ? ကောင်လေးက ခန္ဓာမပါဘူး။ ပင်လယ်ပြင်ကြီး ပြီးတော့ သင်္ဘောငယ်နဲ့
ကိုမြေခွေး ?
ဟုတ်ပါတယ် သင်က လမ်းပျောက်နေတဲ့ ဝိညာဉ်လေးတစ်ခုဖြစ်ပြီး လှေနဲ့ ကိုမြေခွေးကတော့
မြန်မာအဆိုအရဆိုရင် တစ်ဖက်ကမ်းကို ကူတို့ခနဲ့ လိုက်ပို့ပေးတဲ့
သူလိုမျိုးဖြစ်နေတာပါ။ အဲဒီမှာ အခြေနေတစ်ခုရှိတာက The Gate ဆိုတာ အမှန်တရားကိုပဲ
လက်ခံတာမလို့ ကိုမြေခွေးကြီးက သင့်အကြောင်းကို ပြောပြဖို့ရာအတွက် သင့်ကို အတိတ်က
မှတ်ဉာဏ်တွေထဲ ပြန်သွားခိုင်းမှာပဲဖြစ်ပါတယ်။

အဲဒီမှာ ခုနက Eyes Tracking ဆိုတဲ့ မျက်လုံးနဲ့ ထိန်းချုပ်ရတဲ့ စနစ်က ဂိမ်းရဲ့
ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်လာခဲ့ပြီး ကစားတဲ့သူက
မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်းမှာ အချိန်ကာလတစ်ခုကို
ကျော်ဖြတ်သွားမှာဖြစ်တာကြောင့် ဘဝမှာ ကောင်းတဲ့အချိန်ကော၊ ဆိုးတဲ့အချိန်ပါ
မျက်စိတစ်မှိတ်အတွင်း ကျန်ရစ်ခဲ့မှာပဲဖြစ်ပါတယ်။
တစ်ခုရှိတာက ဘယ်လောက်ပဲ နေချင်စရာကောင်းတဲ့ အခိုက်တန့်ဖြစ်နေပါစေ
မျက်စိတစ်မှတ်အတွင်းပဲမလို့ ဒီဂိမ်းက တကယ်ယူတတ်ရင် သံဝေဂရစရာကြီးတွေပါပဲ။ အဲဒီ
မျက်စိတစ်မှိတ်ဆိုတာကလည်း ကစားတဲ့သူ ကိုယ်တိုင်ရဲ့ မျက်လုံးနဲ့ပဲ
သက်ဆိုင်တာကြောင့်မလို့ ဘယ်လောက်အထိ emotional ဖြစ်မယ့် ဂိမ်းတစ်ခုဆိုတာကို ဒီအထိ
ဖတ်မိရင် ခံစားမိလောက်ကြမှာပါ။

" ပျော်ရွှင်စရာ အချိန်တွေဆိုတာဟာ ဘယ်လောက်ပဲ ဆုပ်ကိုင်ထားချင်နေပါစေ...
မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကုန်ဆုံးသွားတတ်တယ် " ဆိုတဲ့ Life Message ကို
ကစားသူရဲ့ ရင်ဘတ်ထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တာပဲဖြစ်ပါတယ်။
တစ်ချို့အခန်းတွေဆိုရင် မျက်တောင်မခတ်မိအောင် အံကြိတ်ပြီး ကစားတာတောင်မှ
မျက်ရည်တွေက တောက်လျှောက်စီးကျနေတာမလို့ အကောင်းဆုံးအခိုက်တန့်တွေကို
လက်လွှတ်လိုက်ရတာမျိုးတွေလဲ ရှိနေပြန်ပါတယ်။ မင်မင်အတွက်တော့ Plot Twist နဲ့
ဇာတ်သိမ်းခန်းတွေက တကယ်ကို ပို့စို့ပတ်စက်မျက်ရည်ကျရသလို၊ ကိုယ်တိုင်
ဇာတ်ကောင်နဲ့ တစ်သားတည်းကျသွားတဲ့အထိ သူ့ရဲ့ လွတ်လပ်မှု၊ ရဲရင့်မှုတွေနဲ့
လက်ခံတတ်တဲ့ နှလုံးသားကိုပါ ခံစားရမိတယ်။

အခုပြောတာတွေက မခံစားဖူးရင် အူကြောင်ကြောင်နိုင်ပေမယ့် တကယ်ဆော့ကြည့်တဲ့အခါ
ငိုရတာ အကျည်းတန်လွန်းပါတယ်။ ဘယ်သူ့အတွက်ကြောင့်မှ ငိုရတာမျိုးမဟုတ်ပဲ
ကိုယ့်အတွက်ကိုယ် ငိုရတာမလို့ တကယ်ကို အဆုံးသတ်က Hurt but beautiful ဆိုတဲ့
ခံစားချက်မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။

ဒီ Masterpiece လေးဟာ USC ကျောင်းသား Will Hellwarth ရဲ့ ကျောင်း Project "Close
Your" ကနေ စတင်ခဲ့တာဖြစ်ပြီး၊ Developer တွေအနေနဲ့ မျက်လုံးဖတ်တဲ့ နည်းပညာ
Eye-tracking technology ကို အဆင်ပြေစေဖို့အတွက် နှစ်ပေါင်းများစွာ
ကြိုးစားခဲ့ရတဲ့ Passion Project စစ်စစ်လည်း ဖြစ်ပါတယ်။
ရပါတယ်။ အင်တာနက်မလိုပဲနဲ့လဲ ကစားနိုင်ပါတယ်။
Eyes Tracking စနစ်ပါဝင်တာကြောင့်မလို့ မျက်လုံးနဲ့ ကစားပေးရမှာပါ။ Mobile မှာဆိုရင် Selfie Camera, PC မှာဆိုရင် Webcam သုံးလို့ရပါတယ်။
Game Information
Developer
Netflix
Version
v1.2.65
Release
Jul 22, 2022
Updated
Oct 3, 2025
Network
Offline
Platform
Android, iOS, PC
Download Size
1.07 GB
Total Size
1.4 GB
SYSTEM IMPACT
[BALANCED]
Mobile Specs
- Android8.0 and up
- iOS16.0 +
- RAM6 GB +
- SOCSnapdragon 7 Series +
- Arch64-bit ARM
PC Specs
- CPUIntel Pentium G4500 3.5Ghz
- RAM8 GB
- GPUIntel HD Graphics 520
- DirectXVersion 11
8.7
BEST
DOWNLOAD LINKS
Discussion
0
You
Loading comments...