𝐒𝐜𝐡𝐨𝐨𝐥’𝐬 𝐑𝐞𝐯𝐞𝐧𝐠𝐞: 𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐖𝐨𝐥𝐟

ကဲ ဒီနေ့ Up to date ဂိမ်းလေးကို အမှီလိုက်ရမယ်ဆိုရင် Asia Vibe အထူးသဖြင့် အင်ဒိုတို့၊ မလေးရှားတို့ရဲ့ ကျောင်းသား Fighter ဇာတ်လမ်းလေးတစ်ခုကို မြင်တွေ့ရမှာပါ။
◼️ 𝐒𝐜𝐡𝐨𝐨𝐥’𝐬 𝐑𝐞𝐯𝐞𝐧𝐠𝐞: 𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐖𝐨𝐥𝐟 ( 𝐑𝐞𝐯𝐢𝐞𝐰 )

ပုံမှန်ဆိုရင် ဒီလိုဂိမ်းတွေက Fighting နဲ့ပဲ Endless ပုံစံပြီးသွားပေမယ့် ဒီဂိမ်းလေးကတော့ ကျောင်းသား fighter လောကရဲ့ တစ်နည်းအားဖြင့် ဇိုးတွေရဲ့ Life တစ်ခုကို Storyline ကောင်းကောင်း ဖန်တီးထားတာပါ။

ဂိမ်းအစမှာဆိုရင် သင်က လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထောင်ကျနေတဲ့ လူငယ်တစ်ယောက်ပြီး ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတယ်ဆိုတာကို လွန်ခဲ့တဲ့ 2 နှစ်တာအချိန်ကို ပြန်သွားပြီး ကိုယ်တိုင် ဝင်ကစားရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာဆိုရင် လူငယ်သဘာဝ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မြင်တွေ့ရမှာဖြစ်ပြီး ကျောင်းကို ကာကွယ်ဖို့အတွက် ကြိုးစားရင်းကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး ခင်မင်မှုတွေ သံသရဝင်သွားတဲ့အထိ မြင်တွေ့ရမှာမလို့ ကိုယ်တိုင်က ငယ်ငယ်တုန်းက ဇိုးတစ်ယောက်ဖြစ်ဖူးမယ်ဆိုရင် သဘောကျကြမှာပါ။
◼️ 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜

ပထမဆုံး သိစေချင်တာက ဒီဂိမ်းက Indie Developer ဂိမ်းတစ်ခုမလို့ အများကြီးတော့ မျှော့်လင့်မထားစေချင်ဘူး။ ဒါပေမယ့် Asia Vibe နဲ့ Student Fighter ကို ဇာတ်လမ်းပေါင်းထားတာကတော့ မဆိုးဘူးလို့ ‌ပြောလို့ရတယ်။

ဒီဂိမ်းရဲ့ Fighting နဲ့ Combat ပုံစံတွေက ဆရာဘတ်တို့လို ပုံစံသွားထားပေမယ့် အရမ်းကြီးတော့ အားရစရာမကောင်းပါဘူး။ ဒါပေမယ့် ကျောင်းသားဇိုးတွေက အဖွဲ့လိုက်မလို့ သူတို့ တစ်ဦးချင်းစီရဲ့ Individual Fighting စတိုင်တွေက တော်တော်လေး မိုက်တယ်လို့ပြောရမယ်။
တုတ်နဲ့ရိုက်တဲ့ကောင်၊ လက်သီးပဲသုံးတဲ့ကောင်၊ ခြေထောက်ပဲသုံးတဲ့ကောင်၊ နောက်ဆုံး အားကြီးတဲ့ကောင်တွေ သိပ်ရင် တော်တော်များများ wide damage ထိတာကြောင့် ကစားရတာ အပျင်းတော့ပြေစေတယ်။

ရန်သူ့ဘက်ကလည်း အုပ်လိုက်ကိုမှ ဓားတွေ၊ တုတ်တွေပါတော့ တစ်ချက်မိသွားရင်လည်း သွေးကို ရှယ်လျော့တာမျိုး တွေ့ရမှာပါ။ တကယ်က Gameplay ကို သွက်သွက်လတ်လတ်နဲ့ Physics အပိုင်းတွေ Focus ထားမယ်ဆိုရင်‌ တော်တော်လေးကို မိုက်သွားမယ်လို့ မြင်မိတယ်။
Graphic ကတော့ Cartoon Style ကိုမှ 3D ပုံစံသွားထားပြီး Optimization အရမ်းကောင်းတဲ့အထဲတော့ မပါပါဘူး။ အထူးသဖြင့် High Setting တွေမှာ ဖုန်းသိသိသာသာ ပူတက်လာပါတယ်။ 
◼️ 𝐆𝐚𝐦𝐞 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬

Fighting ဂိမ်းမလို့ များများစားစားမပါပေမယ့် RPG စတိုင်သွားထားတာမလို့ Skill Point တွေ၊ ဈေးဆိုင်တွေ၊ Skin တွေနဲ့ Brawl Fighting Group တွေတော့ ထည့်ပေးထားပါတယ်။

ခက်တာက ဂိမ်းက Still Developing အချိန်လို့ ထင်ရတာကြောင့် Storyline Task တွေက Coming Soon အနေနဲ့ ရှိပါသေးတယ်။ 
Game Information
Android version 8 . 0 +
Developer Andira Apps
Network Offline
Price Free
App version v1.0.0
Release date Dec 22, 2025
Platform Android
Ram At least 6 GB +
SOC Snapdragon 7 Gen +


#HelloYDB #GameIntroduction #MyanmarGamer #SchoolsRevenge #ActionRPG #OfflineGame

Comments

လူကြည့်အများဆုံး GAMES