Crunchyroll Two Strikes
ဒီနေ့တော့ မင်မင်က သွေးဆာနေတဲ့ Samurai ကမ္ဘာထဲကို ခေါ်သွားချင်ပါတယ်။
တစ်ချက်... မှားလိုက်တာနဲ့ ကိုယ့်ဘဝ ဇာတ်သိမ်းသွားမယ့် အခြေအနေမျိုး Real Life
မှာ ကြုံဖူးကြလား?
အမှားမခံတဲ့ သည်းထိတ်ရင်ဖို ခံစားမှုမျိုးကို လက်ချောင်းထိပ်မှာ
ပြန်လည်ခံစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းက ကစားကို ကစားကြည့်သင့်တာပဲဖြစ်ပါတယ်။
➥ 𝘾𝙧𝙪𝙣𝙘𝙝𝙮𝙧𝙤𝙡𝙡: 𝙏𝙬𝙤 𝙎𝙩𝙧𝙞𝙠𝙚𝙨
ရုတ်တရက် ကြည့်လိုက်ရင် ဂိမ်းပုံစံက ရှေးခေတ် ဂျပန် ပန်းချီကားတစ်ချပ်
လှုပ်ရှားနေသလားလို့ ထင်မှတ်ရလောက်အောင် Art Style က ရှယ်မိုက်ပါတယ်။ ဒါပေမဲ့
ဒီအလှတရားရဲ့ နောက်ကွယ်မှာလည်း စပ်စပ်ထိမခံတဲ့ သေမင်းတမန်ရဲ့ အန္တရာယ်တွေ
ပုန်းခိုနေတတ်တယ်ဆိုတာလဲ သတိမူရပါမယ်။
ဘာကြောင့်လဲဆိုတော့ တခြား Fighting Game တွေလို ခလုတ်တွေ အတင်း နှိပ်ပြီး
ကစားလို့ရမှာမဟုတ်တာကြောင့် စိတ်ရှည်မှုနဲ့ တိကျမှုကသာ သင့်ကို
အနိုင်ရရှိစေမှာပဲဖြစ်ပါတယ်။
မင်မင်တော့ ဒီဂိမ်းရဲ့ The Two Strikes Rule ဆိုတဲ့ နိယာမကို တကယ်သဘောကျမိပါတယ်။
ပုံမှန် Fighting Game တွေလို Health Bar အရှည်ကြီးတွေ မပါတာကြောင့်မလို့
◾ပထမတစ်ချက်ထိရင် Armor/Defense ပျက်မယ်။
◾ဒုတိယတစ်ချက် ထပ်ထိရင်တော့... Game Over ပါပဲ။
( နောက်ဆုံး Strong Attack မိရင်တော့ One-shot နဲ့တောင် ပွဲသိမ်းသွားနိုင်ပါတယ်)။
ဒီ Mechanics က ဘာကြောင့် ကောင်းလဲဆိုတော့ ကစားတဲ့သူကို Fear ဆိုတဲ့
ကြောက်ရွံ့မှုနဲ့ Adrenaline ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို တစ်ပြိုင်နက်တည်း
ပေးစွမ်းနိုင်လို့ပါ။
ရန်သူ့ဓားချက် ကိုယ့်ဆီ ဝင်လာတဲ့ အခိုက်အတန့်မှာ ရှောင်မလား၊ ကာမလား၊ ဒါမှမဟုတ်
ဓားချင်းယှဉ်ခုတ်ပြီး တန်ပြန်မလားဆိုတာကို Split Second ပိုင်းအတွင်း
ဆုံးဖြတ်ရတာက တကယ့် Samurai တစ်ယောက်လို ခံစားချက်မျိုးကို ရရှိစေပါတယ်။
➥ 𝘼𝙗𝙤𝙪𝙩 𝙏𝙝𝙚 𝙂𝙖𝙢𝙚
ဂိမ်းထဲမှာ ပါဝင်တဲ့ feature တွေက One Life, One Strike, Story အစုံပါဝင်တဲ့အပြင်
Duel ကြိတ်ချင်တဲ့သူတွေအတွက် Online Multiplayer စနစ်ပါ Room ထောင်ပြီး
တွယ်လို့ရတာကြောင့် အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။
ဒီဂိမ်းကို ဖန်တီးခဲ့တဲ့ Retro Reactor ( ဘရာဇီးလ် Indie Studio )က ဂန္ထဝင်
ဒါရိုက်တာ Akira Kurosawa ရဲ့ ဆာမူရိုင်းရုပ်ရှင်တွေ (ဥပမာ- Seven Samurai)
တို့လို ပုံစံမျိုးကို ကြည့်ပြီး Inspiration ယူထားတာပဲဖြစ်ပါတယ်။
အဖြူအမည်း Ink-wash painting နောက်ခံပေါ်မှာ သွေးနီရောင် ဖျန်းခနဲ ထွက်လာတဲ့
Visual Effect တွေ၊ လေတိုက်လို့ ယိမ်းနွဲ့နေတဲ့ မြက်ခင်းတွေက တိုက်ပွဲရဲ့ Tension
ကို အမြင့်ဆုံး ရောက်စေနိုင်ပြီး ကစားနေရင်းနဲ့ ကိုယ်တိုင် ဇာတ်လမ်းထဲက Ronin
တစ်ယောက်အဖြစ် ဝင်စီးမျောသွားသလို ခံစားရစေမှာ အသေအချာပါပဲ။
အရမ်းလွယ်တယ်လို့ ထင်ရင် Difficult ထပ်မြင့်လို့ရတာကြောင့် ဘယ်လောက်တောင်
အသေးစိတ်ဆန်ပြီး ရင်ခုန်စရာကောင်းလဲဆိုတာကို ကိုယ်တိုင်ပဲ
ကစားကြည့်လိုက်တော့နော်။ Intuition ကောင်းပြီး လက်သွက်ရင်တော့ ဒီဂိမ်းက လုံးဝကို
အသည်းစွဲဖြစ်စေမှာပါ။
Game Information
Developer
Crunchyroll, LLC
Version
v1.2
Release
Nov 11, 2025
Updated
Nov 11, 2025
Network
Offline / Online
Platform
Android, iOS, PC
Mobile Specs
- Android10.0 +
- iOS13.0 +
- RAM6 GB +
- SOCSnapdragon 660 +
- Arch64-bit ARM
PC Specs
- CPUIntel Core i3-4160 @ 3.60GHz
- RAM8 GB
- GPUNVIDIA GTX 450 +
- DirectXVersion 11
8.1
AWESOME
DOWNLOAD LINKS
Discussion
0
You
Loading comments...







