I Am Fish
ပင်လယ်ထဲမှာ
ငါးဖြစ်ချင်တဲ့သူထက် ရေသူမတွေ၊ ရေသူထီးတွေ ဖြစ်ချင်ကြတဲ့သူက
ပိုများကြမယ်ထင်ပါတယ်။
ဒါပေမယ့် အားလုံးမှတ်မိကြအုံးမယ်ဆိုရင် Finding Nemo ဆိုတဲ့ ကာတွန်းကားလေးက
ငါးဖြစ်ရတဲ့ ဘဝတစ်ခုကို သေသေချာချာ ငယ်ဘဝကတည်းက ရင်ထဲရောက်အောင်
ပြပေးခဲ့တာကြောင့် အခုဂိမ်းလေးမှာ အဲထက် ပိုခက်ခဲတဲ့ Journey တစ်ခုကို
သင်ထင်ထားတာထက် ပိုအံ့ဩသွားစေမယ့် ပုံစံမျိုးနဲ့ ကစားရမှာပဲဖြစ်ပါတယ်။
◼️ 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬
ဒီနေ့ မင်မင် မိတ်ဆက်ပေးချင်တာကတော့ PC နဲ့ Console ပေါ်မှာ Streamer တွေကြား
ရှယ် Hot ခဲ့ပြီး အခု Mobile ပေါ်မှာပါ ကစားလို့ရနေပြီဖြစ်တဲ့ I Am Fish ဆိုတဲ့
ဂိမ်းလေးပဲ ဖြစ်ပါတယ်။
ဒီဂိမ်းက သာမန် Adventure ဂိမ်းတစ်ခု မဟုတ်ပါဘူး။ ကိုယ့်ရဲ့
စိတ်ရှည်သည်းခံနိုင်စွမ်းကို အကန့်အသတ်တစ်ခုအထိ စမ်းသပ်နိုင်မယ့် Rage Game
အမျိုးအစားလေးတစ်ခုလို့လည်း ပြောလို့ရပါတယ်။
▪️𝐒𝐭𝐨𝐫𝐲𝐥𝐢𝐧𝐞 & 𝐂𝐨𝐧𝐜𝐞𝐩𝐭
ဒီဂိမ်းရဲ့ ဇာတ်လမ်းလေးက Barnardshire လို့ခေါ်တဲ့ မြို့လေးတစ်ခုမှာ
ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Pet Store တစ်ခုမှာ အတူရှိခဲ့ကြတဲ့ သူငယ်ချင်းငါးလေး ၄
ကောင်အကြောင်းကို မြင်တွေ့ရမှာပါ။
တစ်နေ့မှာ မထင်မှတ်ပဲ ငါးလေး ၄ ကောင်ဟာ ငါးချင်းခွဲခံလိုက်ရပြီး
တစ်ယောက်တစ်နေရာစီနဲ့ အိမ်တွေ၊ ဆေးရုံတွေ၊ မိလ္လာပိုက်တွေကနေတဆင့်
ပင်လယ်ပြင်ကြီးဆီကို ပြန်သွားပြီး အတူတူပြန်လည်ဆုံစည်းနိုင်ကြဖို့
ကြိုးစားရမှာပဲဖြစ်ပါတယ်။
ဒီ Journey လေးက မင်မင်အတွက် ဘယ်လိုခံစားရလဲဆိုရင် "လွတ်လပ်မှုဆိုတာ
အလကားမရဘူး... အထူးသဖြင့် ကိုယ်က ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်
ဖြစ်နေတဲ့အချိန်မှာပေါ့"။ မင်မင်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်ကျမှာပါ။
▪️𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ဂိမ်းရဲ့ Vibe က Pixar ကာတွန်းကားတွေလို အရောင်အသွေးစုံပြီး လှပနေပေမဲ့ Gameplay
ကတော့ တကယ့်ကို Survival Thriller ပုံစံမျိုးနဲ့ ကစားရမှာပါ။ ရေမရှိရင်
အသက်ရှင်ခွင့်မရှိတဲ့ ငါးဘဝမို့လို့၊ ရေထည့်ထားတဲ့ ဖန်ပုလင်း၊ ပုံး၊ ဒါမှမဟုတ်
ဘီးတပ်အိမ်လေးတွေကို လှိမ့်ပြီး သွားရတာဟာ ဒီဂိမ်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး
Vibe တစ်ခုပါပဲ။
Developer ဖြစ်တဲ့ Bossa Studios ကလည်း Control အပိုင်းကို တမင်သက်သက် ခက်ခဲအောင်
လုပ်ထားတာမလို့ ပြောရရင် တစ်ချို့အပိုင်းတွေဟာ Bug မဟုတ်ပဲ သေချာထည့်ထားတဲ့
Feature တစ်ခုလိုမျိုး တွေ့ရပါလိမ့်မယ်။ ဖန်လုံးကို လှိမ့်တဲ့အခါ အရှိန်ကို
သုံးပေးရပြီး၊ နည်းနည်းလေး လွန်သွားတာနဲ့ ကွဲသွားမှာဖြစ်တာကြောင့်
သေချာဂရုတစိုက်နဲ့ ဆော့ပေးရမှာပါ။
▪️𝐄𝐦𝐨𝐭𝐢𝐨𝐧𝐬
အရှိန်လွန်လို့ ကျကွဲသွားတဲ့အခါ ငါးကလေး ပြာပြာသလဲလဲ ဖြစ်သွားတဲ့ မြင်ကွင်းမျိုးက
တစ်နည်းအားဖြင့် ကစားသူကိုပါ ကူရာမဲ့တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာကြောင့်
Life Lesson အနေနဲ့ ယူတတ်ရင် အများကြီး အဓိပ္ပာယ်ရှိပါတယ်။
နောက်ပြီး ဒီဂိမ်းမှာ မတူညီတဲ့နေရာနဲ့ မတူညီတဲ့ ငါး ၄ ကောင်ကို ထိန်းချုပ်
ကစားရမှာမလို့ သူတို့တစ်ယောက်ချင်းစီရဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ဘယ်လို
ပင်ကိုယ်အားသာချက်တွေနဲ့ ကျော်ဖြတ်ကျမလဲဆိုတာဟာ
တကယ်စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။
▪️𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭𝐢𝐧𝐠 𝐅𝐚𝐜𝐭𝐬
စိတ်ဝင်စားစရာကောင်းတာက ဒီဂိမ်းက နာမည်ကြီး I Am Bread ဆိုတဲ့ ဂိမ်းနဲ့ Universe
တစ်ခုတည်းမှာပဲ BossaVerse ဖြစ်နေတာပါ။ ဂိမ်းထဲမှာ ပေါင်မုန့်တွေကို Easter Egg
အနေနဲ့ ရှာတွေ့နိုင်သလို၊ ဂိမ်းပြီးသွားရင် ငါးအစား ပေါင်မုန့် အနေနဲ့
ပြန်ကစားလို့ရတဲ့ Mode ပွင့်လာတာကလည်း ရှယ် Surprise ပါပဲ။
➥ 𝘼𝙣𝙙𝙧𝙤𝙞𝙙 𝙍𝙚𝙦𝙪𝙞𝙧𝙚𝙢𝙚𝙣𝙩𝙨
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7 . 0 +
◈ 𝐑𝐚𝐦 = 4 GB +
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.44 GB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.69 GB
◈ 𝐒𝐎𝐂 = Snapdragon 7 series +
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline
➥ 𝙋𝘾 𝙍𝙚𝙦𝙪𝙞𝙧𝙚𝙢𝙚𝙣𝙩𝙨
◈ 𝐎𝐒 = Window 7 x64
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Intel Core i5-3470 +
◈ 𝐌𝐞𝐦𝐨𝐫𝐲 𝐑𝐚𝐦 = 6 GB
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = GTX 960 ( 4 GB VRAM )
◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 3.4 GB
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 12 GB
( Android သမားတွေက Apk only မလို့ Install တင်ပြီးတာနဲ့ တန်းကစားနိုင်ပါတယ်။ PC
သမားတွေကတော့ Zip ဖြည်ရပါမယ် )
#HelloYDB #GameIntroduction #MyanmarGamer #IAmFish #Adventure #RageGame #PhysicsBased











Comments