Pepelo 2 Around the World
ရည်းစားရှိတဲ့သူတွေက ရည်းစားနဲ့ဆော့၊ ရည်းစားမရှိတဲ့သူတွေက သူငယ်ချင်းနဲ့
အတူတူဆော့လို့ရမယ့် Pepelo 2 Around The World ဆိုတဲ့ ဂိမ်းအသစ်လေး
ရောက်ရှိလာပါပြီ။
အရင် ဆော့ဖူးတဲ့သူတွေဆိုရင် Pepelo 1 မှာ ဘယ်လောက်ပျော်စရာကောင်းပြီး
လောင်ရတယ်ဆိုတာ အားလုံးသိကြမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ Around The World မလို့
ကမ္ဘာအနှံ့ ခရီးအတူတူ ထွက်ခွင့်ရမှာပဲဖြစ်ပါတယ်။
ရည်းစားနဲ့ ဆော့တဲ့သူက ရည်းစားနဲ့ ပြတ်ခံရမလား ၊ သူငယ်ချင်းနဲ့ ဆော့တဲ့သူတွေက
အဆဲခံရမလားဆိုတာကတော့ ကိုယ့်ရဲ့ Skill ပေါ်မှာပဲ မူတည်တဲ့ Puzzle Adventure Game
လေးပဲဖြစ်ပါတယ်။
ဒီဂိမ်းက PC မှာ နာမည်ကြီးတဲ့ "It Takes Two" လို Vibe မျိုးကို
ရရှိစေမှာဖြစ်ပြီး ခွေးလေး မိန်းမခိုးပြေးသွားလို့ ပိုင်ရှင်ဖြစ်တဲ့ ကောင်လေးနဲ့
ကောင်မလေးက လိုက်ရှာရမှာပဲဖြစ်ပါတယ်။
Online အနေနဲ့ Room ထောင်ပြီး ချစ်သူ / သူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရသလို၊
ရည်းစားမရှိတဲ့ မင်မင်တို့လို နတ်တွေအတွက်လည်း တစ်ယောက်တည်း Offline
ဆော့လို့ရမယ့် feature တွေ ပါဝင်ပါတယ်။ နှစ်ယောက်ရှင်းရမယ့် Puzzle ကို
တစ်ယောက်တည်း ရှင်းရတော့ နည်းနည်းတော့ ခက်တာပေါ့။
တကယ် အရမ်းမိုက်တဲ့ ဂိမ်းအသစ်လေးမလို့ ဆော့ကြည့်စေချင်ပြီး မင်မင်အတွက်
စိတ်မကောင်းဖြစ်မိတာကတော့ ဒီဂိမ်းရဲ့ မြေပုံမှာ Asia ဒေသတွေ
တော်တော်များများပါပေမယ့် မြန်မာပြည်မြေပုံကိုဖြတ်ပြီး Myanmar Location မဟုတ်ဘဲ
ထိုင်းဘက်က အပိုင်းတွေသာ ကစားလို့ရတော့ နည်းနည်းတော့ ကသိကအောင့်ဖြစ်မိတယ်။
ဒါပေမယ့်လည်း ထိုင်းဆိုတာက မြန်မာ Culture နဲ့ သိပ်မကွာတာမလို့ ဘယ်လို
ရင်းနှီးတဲ့ Environment တွေကို ခံစားရအုံးမလဲဆိုတာ အခုပဲ ကိုယ်ချစ်ရတဲ့သူတွေနဲ့
အတူတူဆော့ကြည့်လိုက်တော့နော်။
Graphics 65%
Gameplay 70%
Sound 60%
7.5
GOOD GAME
Discussion
0
You
Loading comments...






