RV Camper Simulator
ကိုယ့်ဘာကိုယ် အေးဆေးနေနေတဲ့ အချိန်လေးကို တမင်သက်သက် စိတ်ရှုပ်ခံချင်ရင်တော့
အရမ်း Chill လို့ကောင်းတယ်ဆိုတဲ့ RV Camper Simulation ဂိမ်းလေးကို
ဆော့ကြည့်သင့်ပါတယ်။
ဂိမ်းအမျိုးစားလေးက အခုတလော နာမည်ကြီးနေတော့ Mobile Developer တွေကပါ
လက်စွမ်းပြထားတာဖြစ်ပြီး ဗန်ကားလေးနဲ့ တောကြိုတောင်ကြား လမ်းမပေါ်တက်မမောင်းတဲ့
အားအားယားယား အပင်ပန်းခံတဲ့ သင့်ကိုယ်သင် မြင်တွေ့ရမှာပါ။
တစ်ဖက်လက်နဲ့ ပြောရရင်တော့ ဟိုးတုန်းကလို တိုက်ကုန်းမြေကြီးတွေကို
အရင်ဆုံးတွေ့ရတဲ့ ခံစားချက်မျိုးနဲ့ တောလမ်းတွေကို ဖြတ်မောင်းရမှာဖြစ်ပြီး
လမ်းတစ်လျှောက်မှာ
🪵 ဘယ်ကမှန်းမသိတဲ့ သစ်သားတုံးတွေ ကန့်လန့်ပိတ်ခံရတာမျိုး ကြုံရမယ်။
🪨 ကိုယ်လာမှ အညှိုးကြီးကြီးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပြုတ်ကျလာမယ့်
ကျောက်တုံးကြီးတွေရှိမယ်။
🐻 နောက်ပြီး မဆီမဆိုင် ပျားရည်မရတာနဲ့ ကားကို လာပွတ်တဲ့ ဝက်ပွတ် ( ဝက်ဝံ )
ကြီးလည်း ကြုံရမယ်။
စသည်ဖြင့် အခက်ခဲပေါင်းစုံကို မရိုးရအောင်အထိ ခက်ခက်ခဲခဲ စိတ်ပျက်စရာကောင်းအောင်
ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။ နေအုံး ဒါတင်မပြီးသေးဘူးနော်။ ကားပေါ်မှာ ပါတဲ့
ကိရိယာတွေက သံချေးမတတ်အောင် သုံးကို သုံးပေးရမှာဖြစ်တာကြောင့်
✅ သစ်တုံးခုတ်ဖို့အတွက် လွှပါမယ်။
✅ ကားကို ထုဖို့ ( ပြင်ဖို့ ) တူပါမယ်။
✅ ကားဆွဲဖို့ ကြိုးစက်ပါမယ်။
✅ ကျောက်တုံးဖြတ်ဖို့ ထုစက်ပါမယ်။
❓ နောက်ပြီး ဆန်းဆန်းပြားပြား ဝက်ဝံကို ခြောက်ဖို့အတွက် ဝက်ဝံ စပရေးဗူးပါ
ပါဝင်မှာပဲဖြစ်ပါတယ်။
မပြီးသေးဘူးနော် ကျန်သေးတယ်။ အဲဒါတွေအကုန် သုံးဖို့ဆိုရင် Energy
လိုအပ်မှာဖြစ်ပြီး ကုန်သွားတဲ့အခါတိုင်း Camp နားက သစ်သီး၊ ငှက်ပျော်သီးတွေကို
ကုန်းစားရမှာပဲဖြစ်ပါတယ်။ အဲဒါမှ energy ပြည့်မှာကို။
နောက်ပြီး တိုလီမှုတ်စတွေအတွက် တွေ့ရာ အကုန်ကောက်ထည့်ရမှာဖြစ်ပြီး မှော်ဆန်ဆန်နဲ့
ကားပြင်တဲ့နေရာမှာ အကုန်အသုံးဝင်မှာပဲဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ဒီဂိမ်းနဲ့ ပတ်သတ်ပြီး အမှတ်တရပြောစရာကတော့ သစ်ခုတ်ဖို့ Energy
မရှိတာနဲ့ သုံးလေးပြလောက် လမ်းလျှောက်ပြီး ငှက်ပျော်သီးသွားစားခဲ့ရပါတယ်။
အဲအချိန်တွေးမိတာကတော့ ကားမစီးပဲ လမ်းလျှောက်ရင်တောင်
တော်တော်ခရီးပေါက်နိုင်တယ်ဆိုတာပါပဲ ။
လောလောဆယ် Map နှစ်ခုကိုမှ Camp Section လေးတွေ များများနဲ့ ကစားရမှာဖြစ်ပြီး
ကားလေးတွေ ပြောင်းလို့ရပေမယ့် Career mode ကတော့ coming soon ဆိုပြီး
မျှော်လင့်ချက်ပေးထားပါတယ်။ အခုတော့ အပေါ်ကဟာတွေဖတ်ပြီးတာတောင် Chill
ချင်သပဆိုရင်တော့ အောက်က Link မှာ Download ဝင်ဆွဲပြီး ကစားလို့ရပါတယ်။
#HelloYDB #GameIntroduction #MyanmarGamer #Simulation #RVCamper #VanLife #RelaxingGame #AndroidGames







Comments