SEGA FOOTBALL CLUB CHAMPIONS

ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဘောလုံးပွဲတစ်ပွဲကို ကြည့်ရင်း "ငါနည်းပြ
ဝင်လုပ်ရင်တောင် ဒီထက်ကောင်းအုံးမယ်ဆို" တဲ့သူတွေအတွက် စမ်းကို
စမ်းကြည့်သင့်တာပဲဖြစ်ပါတယ်။

ဒီဂိမ်းက တခြားဘောလုံးဂိမ်းတွေလို Joystick ကိုင်ပြီး ကစားသမားတွေကို
ထိန်းချုပ်ရတဲ့ Action ဂိမ်းမျိုးတော့ မဟုတ်ပါဘူး။ Football Management
Simulation စစ်စစ်မလို့ မင်မင်တို့ အားလုံးသိထားတဲ့ FM ဂိမ်းတွေလိုမျိုး
စာတွေအများကြီးဖတ်ပြီး ခေါင်းစားရတာမျိုးလည်း မဟုတ်ပါဘူး။ SEGA တို့ရဲ့
နာမည်ကျော် SakaTsuku ဆိုတဲ့ Let's Make a Professional Soccer Club စီးရီးရဲ့
Soul ကို အခြေခံထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ Strategy ခင်းလို့ကောင်းတဲ့ Vibe
မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။

ဂိမ်းက Story ဆန်တဲ့ Career Mod နဲ့ Dream Team ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။
Dream Team ကတော့ Random Player တွေနဲ့ နာမည်ကျော်ကစားသမား
တစ်ယောက်နှစ်ယောက်လောက် ပါဝင်မှာဖြစ်ပြီး Cup တွေ ၊ League တွေကို Rank အလိုက်
ထိပ်ဆုံးတန်းရောက်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် Career Mode ကတော့ နည်းနည်းထူးခြားပြီး မူရင်းအသင်းကိုမှ ကိုယ့်ရဲ့
Dream Team ထဲက အတော်ဆုံးနှစ်ယောက်ကို ခေါ်ပြီး ကစားခိုင်းလို့ရပါတယ်။ အထူးသဖြင့်
Japan League ရဲ့ အောက်ဆုံးအသင်းတွေကနေ စတင်ရမှာဖြစ်ပြီး FIFA Pro
လိုင်စင်ရထားတာမလို့ နာမည်တွေ၊ Icon တွေကတော့ အပြင်က ကစားသမားအတိုင်း
မြင်တွေ့ရမှာပါ။ Game ရဲ့ စနစ်အရ Zero To Hero အထိသွားရမယ့် ပုံစံမျိုးဆိုပေမယ့်
Gach ဆန်တဲ့ Microtransaction တွေ ပါဝင်တာမလို့ နောက်ပိုင်းမှာ
ရုန်းကန်ရနိုင်တယ်လို့ ခန့်မှန်းမိတယ်။

ကစားသမားတွေကို RPG ဂိမ်းတွေလို Level တင်၊ Skill မြှင့်ပြီး သူတို့ရဲ့ Hidden
Potential တွေကို ဖော်ထုတ်ပေးရတဲ့ Gameplay မျိုးလည်း ပါဝင်တာမလို့ Resources တွေ
တော်တော်ကို လိုအပ်မှာပဲဖြစ်ပါတယ်။ Manager ဂိမ်းမျိုးမလို့ ဂိမ်းထဲကို
ကိုယ်တိုင်ဝင်မကန်ရပေမယ့် Gameplay Mode ကို သုံးဆင့်အထိ ရွေးချယ်လို့ရပါတယ်။

Normal Speed မှာဆိုရင် ကစားပွဲကို 3D View နဲ့
တိုက်ရိုက်အမိန့်ပေးလို့ရမှာဖြစ်ပြီး Attack, Defense စသည်ဖြင့် အလယ်တန်းနဲ့
ဘေးတန်းတွေကိုပါ Position အရ တိုက်ရိုက်ပြောင်းပေးနိုင်မှာပါ။
Fast Speed မှာဆိုရင်တော့ 2D View နဲ့မြင်တွေ့ရမှာဖြစ်ပြီး ဘယ်သူက
ဘယ်လိုပုံစံမျိုးနဲ့ ဂိုးသွင်းသွားတယ်ဆိုတာကို text စတိုင်နဲ့ မြင်တွေ့ရမှာပါ။
Quick Speed ကတော့ တော်တော် အချိန်စားသက်သာပြီး ကစားပွဲတွေကို ကျော်သွားကာ
Results ကိုပဲ သေချာပြပေးတာမလို့ စိတ်မရှည်တဲ့သူတွေအတွက် အကိုက်ဆုံးပါပဲ။

အမှန်တိုင်းပြောရရင် ဂိမ်းက အခုခေတ်နောက်ဆုံးပေါ် ဂိမ်းတွေနဲ့ ယှဉ်ရင်တော့
နည်းနည်း Feel ကျနိုင်တယ်လို့ ခံစားရနိုင်ပေမယ့် SEGA ရဲ့ Classic type
မျိုးမလို့ သဘောကျတဲ့သူတွေလည်း ရှိအုံးမှာပါ။ ဘာလို့ဆို HR လိုမျိုး ကစားသမားတွေ
Negotiate လုပ်တာတွေ၊ မေးခွန်း Choice တွေက အခြေနေအားလုံးအပေါ်
မူတည်တာကြောင့်မလို့ Manager တစ်ယောက်ရဲ့ Mindset အတိုင်း ကစားရင်တော့ အသင်းရဲ့
Improvement က အလကားရနေမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီဂိမ်းက အားလုံးအတွက် မဆိုလိုပေမယ့် Classic Type ကိုမှ နာမည်ကြီး
အသင်းတွေ မပါလဲ ကိစ္စမရှိဘူးဆိုရင်တော့ ကစားကို ကစားကြည့်သင့်တာပဲဖြစ်ပါတယ်။
Game Information
Developer
SEGA CORPORATION
Version
v1.0.0
Release
Jan 21, 2026
Updated
Jan 9, 2026
Network
Online
Platform
Android, iOS, PC
Download Size
1.4 GB
Total Size
4.35 GB
SYSTEM IMPACT
[BALANCED]
Mobile Specs
- Android9.0 and up
- iOS17.0 +
- RAM6 GB +
- SOCSnapdragon 7 Series +
- Arch64-bit ARM
PC Specs
- CPUCore i3-7350K/Ryzen 3 1200
- RAM8 GB
- GPUGTX750/Radeon RX 550
- DirectXVersion 11
7.0
GOOD
IMPORTANT NOTE
Android သမားတွေက In Game ထဲကို ရောက်ရင် 4 GB လောက် ထပ်ပြီး Download ဆွဲရပါလိမ့်မယ်။
DOWNLOAD LINKS
Discussion
0
You
Loading comments...