Warm Snow

Sekiro လို Parry ခုတ်ရတာကြိုက်ပြီး Hades လိုမျိုး သေလိုက် ရှင်လိုက်နဲ့ အားမရမချင်း ဆော့ရတဲ့ Vibe မျိုးကို တရုတ်သိုင်းလောက Wuxia ပုံစံနဲ့ ခံစားချင်ဖူးလား?
ကောင်းကင်က ကျလာတဲ့ ပူနွေးနေတဲ့ နှင်းစက်တွေ ကြားမှာ ကလဲ့စားချေမယ့် ဓားတစ်လက်အကြောင်းကို သိချင်ရင်တော့ Warm Snow ဂိမ်းက သင့်အတွက်ပါပဲ။

တစ်ချိန်တုန်းက Longwu ခေတ်တစ်ခုမှာ ... ကောင်းကင်ယံကနေ အချိန်ခါမဟုတ်ပဲ နှင်းတွေ ရုတ်တရက်ကျလာခဲ့ပါတယ်။ ထူးဆန်းတာက အဲဒီနှင်းတွေဟာ လက်နဲ့ထိလိုက်ရင် အေးမနေဘဲ ပူနွေးနေပြီး ဘယ်တော့မှ အရည်ပျော်မသွားခဲ့ပါဘူး။
ဒီထက်ပိုဆိုးတာက ဒီ နွေးနေတဲ့နှင်းစက်တွေကို အရသာခံမိလိုက်တဲ့ လူသားတိုင်းဟာ စိတ်ဖောက်ပြန်ပြီး ကြောက်စရာကောင်းတဲ့ ဘီလူးသားရဲတွေအဖြစ် ပြောင်းလဲသွားကြတာပါပဲ။

ဒီတော့ ကစားမယ့်သူက Bi-an ဆိုတဲ့ လျှိဝှက်ဓားသမားတစ်ယောက် အနေနဲ့ ဒီကပ်ရောဂါဆိုးကြီးရဲ့ အဖြေကို ရှာဖွေဖို ခရီးထွက်ရမှာဖြစ်ပြီး Storytelling က ရိုးရိုးရှင်းရှင်းလေးလို ထင်ရပေမဲ့ တကယ်တမ်း ကစားကြည့်တဲ့အခါမှာတော့ Dark Fantasy ဆန်ဆန် အရမ်းကို နက်ရှိင်းတဲ့ ခံစားချက်မျိုးကို တွေ့ရမှာပါ။
မင်မင် ဒီဂိမ်းကို စဆော့တုန်းကဆိုရင် Action ကိုပဲ အာရုံစိုက်ခဲ့မိပေမဲ့၊ နောက်ပိုင်းမှာတော့ Character တွေရဲ့ Dialogue တွေ၊ နောက်ခံသမိုင်း Lore တွေက "ငါ ဘာလို ဒီလူတွေကို သတ်နေရတာလဲ" ဆိုတဲ့ မေးခွန်းနဲ့အတူ ရင်ဘတ်ထဲမှာ ဟာတာတာကြီး ဖြစ်သွားစေပါတယ်။ Zombie မဟုတ်တဲ့ ကျိန်စာတစ်ခုပေါ့။

နောက်ပြီး ဒီဂိမ်းရဲ့ အသက်က Flying Swords Mechanic ဖြစ်ပြီး တရုတ်သိုင်းကားထဲကလို ဓားကို လက်ကနေ ကိုင်ပြီး Melee ခုတ်နိုင်သလို၊ ရန်သူ့ဆီကို လှမ်းပစ်ပြီး ပြန်ခေါ်တဲ့ Control စနစ်ကလည်း တကယ့်ကို Wuxia ဇာတ်ကားထဲက ဓားပျံသိုင်းတွေ ကိုယ်တိုင် ကစားနေရသလိုအထိ Feeling မျိုး ပေးစွမ်းနိုင်ပါတယ်။

2D Concept ဖြစ်နေတာတောင်မှ ဓားတစ်လက်ကို စိတ်နဲ့ထိန်းချုပ်ပြီး ရန်သူအုပ်စုကြားထဲ ဝင်မွှေလိုက်လိုက်ရတဲ့ အရသာက တခြား Action Game တွေထက်ပိုတဲ့ Satisfaction တစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။
Game က Roguelike အမျိုးအစားမိုလို သေသွားရင် အစကနေ ပြန်စရမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သေဆုံးတိုင်းမှာ ရရှိတဲ့ Red Souls တွေနဲ့ ကိုယ့်ရဲ့ Skill Tree ကို မြှင့်တင်နိုင်သလို၊ Relics တွေကို Slot 4 ခုမှာ လှည့်ပတ်တပ်ဆင်ပြီး ကိုယ်ပိုင် Build တွေ တည်ဆောက်ရတာကလည်း ဒီဂိမ်းရဲ့ မဟာဗျူဟာမြောက်တဲ့ အပိုင်းတစ်ခုလို ပြောလိုရတယ်။

မင်မင် ဒီဂိမ်းမှာ အကြိုက်ဆုံးကတော့ ရန်သူကို တိုက်ခိုက်လိုက်တိုင်း ခံစားရတဲ့ Impact နဲ့ Art Style ကို တော်တော်သဘောကျမိတယ်။ တရုတ်ရိုးရာ ပန်းချီကားတစ်ချပ် လှုပ်ရှားနေသလို လှပသပ်ရပ်ပေမဲ့၊ သွေးစက်တွေနဲ့ အကြမ်းပတမ်း Action တွေ ပေါင်းစပ်လိုက်တဲ့အခါ ထွက်လာတဲ့ Visual က တကယ်ကို အမိုက်စား Art တစ်ခုလို မြင်တွေ့ရမှာပါ။

Rogue-like ဖြစ်တဲ့အတွက် ထပ်ခါထပ်ခါ ကစားရတာမျိုး ရှိနိုင်သလို၊ Touch Control တွေက PC လောက်တော့ မငြိမ်ပါဘူး။ ဒါပေမဲ့ အသားကျသွားရင်တော့ လက်မချချင်အောင်ကို ဆွဲဆောင်နေစေမယ့် ဂိမ်းမျိုးဖြစ်ပါတယ်။
ရပါတယ်။ ဒါပေမယ့် စစဝင်ချင်းတော့ အင်တာနက်ခဏဖွင့်ပေးရပါလိမ့်မယ်။
ရပါတယ်။ ဂိမ်းထဲမှာ Controller အတွက် Setting တွေပါထည့်ပေးထားပါတယ်။
Game Information
Developer
BILIBILI
Version
v3.1.3
Release
Sep 26, 2023
Updated
Dec 5, 2025
Network
Offline
Platform
Android, iOS, PC
Download Size
512 MB
Total Size
2.92 GB
SYSTEM IMPACT
[OPTIMIZED]
Mobile Specs
- Android7.0 and up
- iOS12.0 +
- RAM6 GB +
- SOCSnapdragon 660 +
- Arch64-bit ARM
PC Specs
- CPUIntel Core i3+
- RAM4 GB
- GPUNvidia GeForce GTX 750
- DirectXVersion 10
8.1
AWESOME
IMPORTANT NOTE
Android သမားတွေက In Game မှာ 2.14 GB လောက် ထပ်ပြီး Download ဆွဲရပါမယ်။
DOWNLOAD LINKS
Discussion
0
You
Loading comments...