Dave The Diver

ဘဝက ငြိမ်းချမ်းနေရင်တောင် ကြာလာရင် ပျင်းစရာကောင်းတယ်မလား....တစ်ခါလေ ရှင်သန်ရတဲ့ ဘဝတိုတိုလေးမှာ အမှတ်ရစရာ စွန့်စားခန်းလေးတွေ ကြုံဖူးချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးက သင်နဲ့ လုံးဝကို ကွက်တိပါပဲ။

MINTROCKET ကနေ ဖန်တီးထားတဲ့ ဒီ Game လေးဟာ ရိုးရှင်းတဲ့ ငါးဖမ်း Game တစ်ခုတော့မဟုတ်ပါဘူး။ အနားယူထားတဲ့ ရေငုပ်သမားကြီး Dave အနေနဲ့ နေ့ဘက်မှာ Blue Hole လို့ခေါ်တဲ့ ထူးဆန်းတဲ့ ဂေဟစနစ်ထဲမှာ ငါးရှာဖမ်းရမှာဖြစ်ပြီး ညဘက်မှာတော့ ဆူရှီဆိုင်လေးကို စီမံခန့်ခွဲရမယ့် Storyline မျိုးလေးနဲ့ မြင်တွေ့ရမှာပါ။ ဒါတင်မကသေးဘူးနော်။ သမုဒ္ဒရာကြမ်းပြင်က ရှေးဟောင်း လူမျိုးတွေရဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်နိုင်အုံးမယ့် ဇာတ်လမ်းမျိုးမလို့ အရမ်းကိုမှ စိတ်ဝင်စားစရာကောင်းပါတယ်။
🌊---🏖️---🌊

Gameplay ပိုင်းကတော့ Action-Adventure နဲ့ Management Simulation ကို 50/50 ပေါင်းစပ်ပေးထားတာဖြစ်ပြီး 2.5D Pixel Art Style နဲ့မို့လို့ Nostalgia Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ နေ့ဘက် ရေငုပ်တဲ့အချိန်မှာ Lo-fi Synth Sound တွေကြောင့် စိတ်ငြိမ်စေပေမယ့် ညဘက် ဆူရှီဆိုင်ဖွင့်ချိန်မှာတော့ Customer တွေကြားထဲ အလုပ်ရှုပ်ရတဲ့ Chaos Vibe ကို ခံစားရမှာပါ။ Farming, Seahorse Racing ကစလို့ Rhythm Game တွေအထိ Mechanics မျိုးစုံကို ထည့်သွင်းပေးထားပြီး Oxygen ဟာ Health ဖြစ်သလို Stamina လည်းဖြစ်တဲ့အတွက် ကစားတဲ့အခါ သတိထားဖို့တော့ လိုပါလိမ့်မယ်။

မင်မင် အကြိုက်ဆုံးကို ပြောပါဆိုရင် Dave ရဲ့ Character ဒီဇိုင်းပါပဲ။ သူက ခပ်မိုက်မိုက် Hero ဆန်တဲ့ လူတစ်ယောက်မဟုတ်ဘဲ ခန္ဓာကိုယ်ဝဝဖိုင့်ဖိုင့်၊ သူများခိုင်းသမျှ မငြင်းရက်တဲ့ သာမန်လူရိုးကြီးတစ်ယောက်မလို့ လက်တွေ့ဘဝရဲ့ စိတ်ထားကောင်းတဲ့ ဦးလေးကြီးတွေလိုမျိုး Vibe ကို ခံစားမိစေတယ်။

ဒီဂိမ်းမှာ သတိထားရမယ့်အချက်က လောဘကြီးပြီး ရေအောက်ထဲမှာ အကြာကြီးနေမိမယ်ဆိုရင် Thresher Shark တွေနဲ့ တည့်တည့်တိုးပြီး ရှာထားသမျှ ပစ္စည်းတွေအကုန် ဆုံးရှုံးသွားတတ်ပါတယ်။ နောက်ပြီး Mobile မှာ Harpoon ပစ်တဲ့ Controls ကလည်း တော်တော်လေးအဆင်ပြေတာမလို့ Touch သမားကော၊ Controller သမားအတွက်ပါ အဆင်ပြေပြေ ကစားနိုင်မှာပါ။ ဒီလို ကျယ်ပြန့်လှတဲ့ Content တွေနဲ့အတူ လျှို့ဝှက်ချက်တွေ အများကြီးပါဝင်တဲ့ Game ကောင်းလေးတစ်ခုမို့လို့ Gamer တိုင်း မဖြစ်မနေ စမ်းဆော့ကြည့်စေချင်ပါတယ်။
🌊---🥽---🌊

ဒီလို Survival နဲ့ Management ကို ပေါင်းစပ်ထားတဲ့ Game မျိုးတွေကို သဘောကျကြလား။
နောက်ပြီး.. Dave ဟာ တကယ်ပဲ Purgatory (သေမင်းတမန်နယ်ပယ်) ထဲ ရောက်နေတာလို့ ထင်ကြလား။
မဆော့ရသေးရင် HELLOYDB မှာ ဒေါင်းလို့ရအောင် တင်ပေးထားပြီးပြီမလို့ အခုပဲ စမ်းဆော့ကြည့်ပြီး Comment မှာ ပြန်လာ Share ပေးကြဦးနော်။




အင်တာနက်မလိုဘဲ Offline ကစားနိုင်ပါတယ်။
များသောအားဖြင့် Device Language ကို Force လုပ်ထားပေမယ့် တစ်ခါလေ တရုတ်စာတွေတော့ ပါတတ်ပါသေးတယ်။
Game Information
Developer
MINTROCKET
Version
v1.0.9
Release
June 28, 2023
Updated
February 19, 2026
Network
Offline
Platform
PC, Mac, Switch, PS4, PS5, Xbox, Mobile
Download Size
2.6 GB
Total Size
3 GB
SYSTEM IMPACT
[OPTIMIZED]
Mobile Specs
- AndroidAndroid 5.0+
- iOSiOS 11.0+
- RAM4 GB+
- SOCSnapdragon 732G +
- Arch64-bit ARM / arm64-v8a
PC Specs
- CPUIntel Core i5 - i7 Quad Core
- RAM8 GB
- GPUNVIDIA Geforce GTX 750Ti / AMD Radeon R9 270x
- DirectXVersion 11
9.0
AMAZING
DOWNLOAD LINKS
Discussion
0
You
Loading comments...