Warfare Legacy Collection

0% COMMUNITY SCORE
LOADING...
RATE:
ငယ်ဘဝရဲ့ ကွန်ပျူတာသင်တန်းချိန်တွေမှာ ခိုးဆော့ခဲ့ရတဲ့ ဂန္ထဝင် Flash ဂိမ်းတွေကို HD Quality နဲ့ ပြန်လည်အသက်သွင်းပေးလိုက်တဲ့ Warfare Legacy Collection
လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က Browser တွေပေါ်မှာ စစ်သားလေးတွေလွှတ်ပြီး ရန်သူ့ဗုံးခိုကျင်းတွေကို အသက်သွေးချွေးတွေရင်းပြီး သိမ်းပိုက်ခဲ့ရတဲ့ အမှတ်တရတွေကို မှတ်မိသေးရဲ့လား။ Developer - Con Artist Games ကနေ သူတို့ရဲ့ Solo Passion Project ဖြစ်တဲ့ နာမည်ကြီး Warfare 1917 နဲ့ Warfare 1944 ဂိမ်းတွေကို ဒီဂျစ်တယ်သမိုင်းထဲ ပျောက်ကွယ်မသွားအောင်လို့ Unity Engine နဲ့ Modern Platforms တွေပေါ်မှာပါ အခု ပြန်လည်အသက်သွင်းပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်မြေပြင်ကို သမိုင်းဝင် အငွေ့အသက်တွေနဲ့ ပြန်လည်ခံစားရမှာမလို့ အကြိုက်တွေ့စေမှာပါ။
☣️---⚙️---☣️
ဂိမ်းရဲ့ Vibe ကတော့ Gritty ဖြစ်ပြီး လွမ်းဆွတ်စရာကောင်းသလို တစ်ဖက်မှာလည်း အမှားမခံတဲ့ စစ်ပွဲအငွေ့သက်ကိုပါ ပေးစွမ်းနိုင်ပါတယ်။ သွေးစွန်းနေတဲ့ မြေပြင်တွေ၊ အမြောက်သံတွေ၊ ပေါက်ကွဲသံတွေနဲ့အတူ တပ်မှူးတွေရဲ့ အော်ဟစ်သံတွေကြောင့် ကြောက်မက်ဖွယ် ကမ္ဘာစစ်ရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားရမှာပါ။ Gameplay ပိုင်းမှာတော့ Tug-of-War စနစ်ကို အသုံးပြုထားပြီး Riflemen, Heavy Tanks နဲ့ Artillery Strikes တွေကို အချိန်ကိုက်၊ အကွက်ကျကျ စေလွှတ် ပေးရမှာပါ။ Trench တွေထဲကနေ ရန်သူ့ဆီကို ဝင်လုံးရတဲ့ ခံစားချက်က တကယ့်ကို အရမ်းမိုက်တယ်လို့ ပြောရမယ်။
"မင်မင် အကြိုက်ဆုံးကတော့ D-Day Level ပါပဲ။ အနိုင်ရဖို့သေချာနေပေမယ့် ကိုယ့်ဘက်က စစ်သားတွေ အများကြီး အသေခံပြီးမှ အောင်ပွဲရတဲ့ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို လက်တွေ့ကျကျ သင်ခန်းစာပေးထားတာက တကယ့်ကို Masterpiece ပါပဲ။"
သတိထားရမှာတစ်ခုက ဒီဂိမ်းရဲ့ Difficulty က တော်တော်လေး Punishing ဖြစ်ပြီး အထူးသဖြင့် WWII Campaign မှာ Flanking Mechanics တွေ၊ မိုင်းကွင်းတွေကြောင့် စိတ်ရှည်သည်းခံဖို့တော့ လိုပါလိမ့်မယ်။ ဒါပေမယ့် ငယ်ဘဝက Nostalgia လေးကို အခုလို HD Quality အမိုက်စား Gameplay နဲ့ ပြန်လည်ခံစားခွင့်ရတာမို့ ဂိမ်းမာတိုင်း မဖြစ်မနေ စမ်းဆော့ကြည့်သင့်တဲ့ ဂန္ထဝင်ဂိမ်းတစ်ခု ဖြစ်ကြောင်း အာမခံပါတယ်။
☣️---⚙️---☣️
Mini Old ဂိမ်းလေးတွေဆော့ရင်း စစ်ပွဲရဲ့ အငွေ့အသက်ကို အပြည့်အဝခံစားချင်လား။ 
အရင်တုန်းက ကွန်ပျူတာအခန်းတွေမှာ ဒီဂိမ်းကို ဆော့ဖူးတဲ့ သူတွေရော ရှိကြလား။
မဆော့ရသေးရင်လည်း HELLOYDB Blogspot မှာ ဒေါင်းလို့ရအောင် တင်ပေးထားတယ်နော်။ အခုပဲ စမ်းဆော့ကြည့်ပြီး Comment မှာ ပြန်လာ Share ပေးကြပါဦး။
မလိုအပ်ပါ။ အင်တာနက်မရှိဘဲ Offline အနေဖြင့် ကစားနိုင်ပါသည်။
Game Information
Developer
Con Artist Games & Armor Games Studios
Version
v1.0.4
Release
April 28, 2025
Updated
February 9, 2026
Network
Offline
Platform
PC, Android, iOS
Download Size
843 MB
Total Size
1.05 GB
SYSTEM IMPACT [OPTIMIZED]
Mobile Specs
  • AndroidAndroid 11.0+
  • iOSiOS 12.0+
  • RAM3GB+
  • SOCSnapdragon 660+
  • Arch64-bit ARM / arm64-v8a
PC Specs
  • CPU2.0 GHz Dual Core
  • RAM4 GB
  • GPUNVIDIA GeForce 510 / Intel HD 4000
  • DirectXVersion 11
GRAPHICS85%

GAMEPLAY90%

CONTROL80%
8.5
AMAZING
DOWNLOAD LINKS
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...