LATEST NEWS

Fetching news...

Balatro

Balatro

0% COMMUNITY SCORE
LOADING...
RATE:
အိပ်ရေးပျက်ခံမလား၊ Multiplier တွေ သိန်းချီတက်သွားတဲ့ အရသာကို ခံစားကြည့်မလား... ပြောရရင် ရိုးရိုးဖဲဂိမ်းမဟုတ်ပဲ ကိုယ့်ရဲ့ဦးနှောက်ကို Dopamine တွေနဲ့ ရေချိုးပေးမယ့် Balatro ဂိမ်းပဲဖြစ်ပါတယ်။
𝐁𝐚𝐥𝐚𝐭𝐫𝐨 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
Balatro ဆိုတာ Poker ကစားနည်းကို အခြေခံထားတဲ့ Roguelike Deck-builder ဂိမ်းကြီးပါ။ P2W လည်း မပါ၊ အင်တာနက်လည်း လုံးဝမလိုတဲ့အပြင် Joker ကတ်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ဖဲချပ်တွေကို သိန်း၊ သန်း၊ ဘီလီယံချီတဲ့ အမှတ်တွေရအောင် Combo စပ်ရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Multiplier နံပါတ်ကြီးတွေ မီးပွင့်ပြီး တက်သွားတဲ့ အရသာက တကယ်ကို စွဲလမ်းစေတာကြောင့် Digital Crack လို့တောင် တင်စားခံရတဲ့ Masterpiece ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
𝐃𝐞𝐞𝐩 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
ဒီဂိမ်းရဲ့ အဓိက Vibe က Adrenaline Rush ပါပဲ။ ရိုးရှင်းတဲ့ ဖဲကစားနည်းလို့ ထင်ရပေမယ့်၊ တကယ်တမ်းကျတော့ Poker ဟာ အပေါ်ယံ ဟန်ပြသက်သက်ဖြစ်ပြီး အဓိကလုပ်ရမှာက ကိုယ့်ရဲ့ Deck ဖဲထုပ်ကြီးကို ကြမ်းသထက် ကြမ်းအောင် Modify လုပ်ပစ်ဖို့ပါ။ Ante 1 ကနေ Ante 8 အထိ သွားရမယ့်လမ်းမှာ ကိုယ့်ကို စောင့်ကြိုနေမှာက Small Blind, Big Blind နဲ့ ကိုယ်ရဲ့ နည်းဗျူဟာတွေကို တစ်စစီ ဆွဲဖြဲပစ်မယ့် Boss Blind တွေပါပဲ။ ဥပမာ- Hearts ကတ်တွေကို လုံးဝ အမှတ်မပေးတဲ့ Boss ကို ကိုယ်က Hearts Flush Build ကြီးနဲ့ သွားတွေ့ရင် လုံးဝကို အသေပဲပေါ့။ ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ဖို့အတွက်ဆိုရင် ကိုယ့်မှာ Joker ကတ်ပေါင်း ၁၅၀ ကျော်အထိ ရွေးချယ်စရာ ရှိပါတယ်။
ပြောရရင် Joker တွေက ဒီဂိမ်းရဲ့ အဓိကနှလုံးသားတွေပါပဲ။ ကတ်တိုင်းမှာ ကိုယ်ပိုင် အစွမ်းတွေ ရှိတယ်။ ဥပမာ- Cavendish လို ကတ်မျိုးက X3 Multiplier ပေးတာက ဟုတ်တယ်၊ ဒါပေမယ့် သူက round တိုင်းမှာ 1000 ပုံ 1 ပုံ ပျက်စီးသွားနိုင်တဲ့ အန္တရာယ်အနေနဲ့လဲရှိပါတယ်။ ဒါတင်မကသေးပါဘူး Joker တွေမှာ Foil, Holographic နဲ့ Polychrome ဆိုပြီး Editions တွေပါ ထပ်ပါပါသေးတယ်။ အကြမ်းဆုံးကတော့ Negative Edition ပါ။ သူက Joker Slot 1 နေရာကို အပိုရစေတဲ့အတွက် Combo တွေ ဆက်တိုက်ချိတ်ဖို့ အရမ်းအရေးပါပါတယ်။ ဒါတွေကို ဝယ်ဖို့၊ Upgrade လုပ်ဖို့ဆိုရင် Shop ထဲမှာ ရောင်းတဲ့ Tarot Packs တွေ၊ Planet Packs တွေနဲ့ အန္တရာယ်များလှတဲ့ Spectral Packs တွေကို သေချာ ဝယ်‌ပေးရတာပါ။
Mechanics ပိုင်းကို ထပ်ပြောရရင် Tarot ကတ်တွေနဲ့ ကိုယ့်ရဲ့ ဖဲချပ်တွေကို Glass Card, Steel Card, Gold Card ဆိုပြီး ပြောင်းလဲပစ်လို့ရပါတယ်။ Planet ကတ်တွေကတော့ ကိုယ် အမြဲဆော့မယ့် Hand ၊ ဥပမာ Straight, Flush ရဲ့ Base အမှတ်တွေကို မြှင့်ပေးပါတယ်။ အဆိုးဆုံးနဲ့ အကြမ်းဆုံးကတော့ Spectral ကတ်တွေလို့ ပြောရမှာပါ။ Ectoplasm လို ကတ်မျိုးကို သုံးလိုက်ရင် ကိုယ့်ရဲ့ Joker ကို Negative ပြောင်းပေးပေမယ့် ကိုယ့်ရဲ့ Hand Size ကို 1 ခု လျှော့ချပစ်ပါလိမ့်မယ်။ ဒီလို Risk နဲ့ Reward ကို စက္ကန့်တိုင်းမှာ တွက်ချက်နေရတာက ဒီဂိမ်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်တစ်ခုလို့ မင်မင်ကတော့ မြင်မိတယ်။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐓𝐚𝐤𝐞
အရင်ဆုံးပြောရရင် မင်မင်လည်း ဖဲသမားမဟုတ်တော့ အရမ်းကြီးမပြောတတ်ပေမယ့် Combo မိတဲ့အချိန်၊ Blueprint Joker နဲ့ Brainstorm တွဲမိသွားတဲ့ အချိန်၊ နောက်ပြီး Glass Cards တွေ ဆက်တိုက် ထွက်လာတဲ့အချိန်တွေဆိုရင် လောင်းကစားသမားတစ်ယောက်လိုကို စိတ်လှုပ်ရှားမိတယ်။
ဒါပေမယ့် တစ်ခု သတိပေးချင်တာက ဒီဂိမ်းက တကယ်ကို လုံးဝအချိန်စားစေတဲ့ ဂိမ်းပါ။ ပြောရရင် စွဲလမ်းမှုလည်း အရမ်းများသလို၊ ရေစုန်မျောသွားတဲ့ အခါမျိုးမှာ ဖုန်းကို နံရံနဲ့ ပေါက်ခွဲပစ်ချင်စိတ်ဖြစ်တဲ့အထိ ကြုံရနိုင်ပါတယ်။ အထူးသဖြင့် High Stakes တွေရောက်လာရင် အမှားတစ်ခုလေး လုပ်မိတာနဲ့ Run တစ်ခုလုံး ဆုံးရှုံးရနိုင်တဲ့အထိ ရက်စက်တာကြောင့်မို့လို့ပါ။
GAME INFORMATION
Developer
LocalThunk
Version
1.0.5
Release
September 2024
Updated
September 2024
Network
Offline
Platform
Android, PC, iOS, Consoles
Download Size
150 MB
Total Size
300 MB
Monetization
Premium (Paid)
DOPAMINE OVERLOAD[OPTIMIZED]
System Requirements
Mobile Specs
  • Android6.0+
  • iOS13.0+
  • RAM4 GB
  • SOCSnapdragon 450+
  • Arch64-bit ARM
PC Specs
  • CPUIntel Core i3
  • RAM1 GB
  • GPUOpenGL 2.1 compatible
  • DirectXVersion 11
GRAPHICS81%
GAMEPLAY80%
CONTROL80%
9.1
MASTERPIECE
OFFICIAL DOWNLOADS
Support the developer and download from the official stores!
PC / ANDROID MOD
APK files and PC setups for testing purpose for our HELLOYDB members.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...