Dear Me, I was...

ချစ်လှစွာသော ကျွန်မရဲ့ ဘဝ ...
အကယ်လို့ ဘဝဆိုတာ ပန်းချီကားတစ်ချပ်ဖြစ်နေမယ်ဆိုရင်၊ သင့်ရဲ့ ဘဝမှာကော ဘယ်လိုအရောင်တွေ ခြယ်ခဲ့ဖူးပြီလဲ ?

• တစ်ခါတလေကျရင် ကျွန်မတို့ရဲ့ ဘဝမှာ စကားလုံးတွေက အပိုဖြစ်နေတတ်ပါတယ်။ လစ်ဟာသွားတဲ့ နေရာတစ်ခု၊ ဆုံးရှုံးသွားတဲ့ တစ်ယောက်သောသူတွေအတွက် ဘယ်လို နှစ်သိမ့်စကားကမှ အရာမထင်တဲ့ အချိန်မျိုးတွေကို ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ အတိတ်က ပုံရိပ်တွေကို ပြန်တွေးကြည့်တဲ့အခါ နောင်တတွေ၊ အလွမ်းတွေ၊ ဒါမှမဟုတ် ပျော်ရွှင်စရာလေးတွေ ပေါင်းစပ်နေတဲ့ ပန်းချီကားတစ်ချပ်လို ပြန်မြင်ယောင်မိကြဖူးလား?

အခု မင်မင် မိတ်ဆက်ပေးချင်တဲ့ Dear me, I was... ဆိုတဲ့ ဂိမ်းလေးကတော့ စကားတစ်ခွန်း၊ စာတစ်ကြောင်းမှ မပါဝင်ဘဲ သင့်ရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာအထိ ဝင်သတိပေးသွားမယ့် Life Lesson ဂိမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

Dear me, I was... ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
---------------------------------
ဒီဂိမ်းလေးက မင်မင်တို့ Mobile ဂိမ်းလောကမှာ ခေတ်စားနေတဲ့ Action တွေ၊ Pay-to-Win တွေ၊ Grind ရလွန်းလို့ ပင်ပန်းရတဲ့ ဂိမ်းတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ အဲဒီအစား ဒီဂိမ်းမှာ မင်မင်တို့ မြင်တွေ့ရမှာက လူသားဆန်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးကို ရင်ထဲစူးဝင်တဲ့အထိ ခံစားရမှာပါ။

ကလေးဘဝရဲ့ အပြစ်ကင်းစင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေ၊ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုတွေ၊ အခင်ဆုံးသူတွေရဲ့ သစ္စာဖောက်ခံရမှုတွေနဲ့အတူ၊ အချစ်ဆိုတာ ဘာလဲ ? အနားမှာ ဘယ်သူမှမရှိတော့ရင် လျှောက်လှမ်းရမယ့် ဒီလောကကြီးဟာ ဘယ်လိုမျိုးလဲဆိုတာကို အိုမင်းမစွမ်းဖြစ်သွားတဲ့အချိန်အထိ စကားတစ်ခွန်း၊ စာလုံးတစ်လုံးမှ မပါဝင်ပဲ ရင်ထဲ၊ နှလုံးသားထဲ ရောက်အောင် ဘဝရဲ့ အဓိပ္ပာယ်ကို ပုံဖော်ပေးသွားမှာပါ။

Game ရဲ့ Feedback တွေထဲမှာ တစ်ချို့က ငိုခဲ့ရတယ်၊ တစ်ချို့က Depression တွေ လျော့သွားခဲ့တယ်ဆိုတဲ့ Reaction မျိုးတွေကြောင့် ဒီဂိမ်းလေးဟာ သင့်ရဲ့ တစ်ခဏတာအတွက် ဘဝတစ်ခုလုံးကို ပြန်မြင်ယောင်မိစေမှာပါ။

𝐇𝐨𝐰 𝐈 𝐅𝐞𝐞𝐥𝐢𝐧𝐠 ... ( Might Spoiler )
---------------------------------
ဘဝနဲ့ ပတ်သတ်ပြီး အမြဲ reflection လုပ်နေတဲ့ မင်မင်အတွက်တော့ ဒီလိုဂိမ်းလေးတွေက Healing အဖြစ်ဆုံးပါပဲ။ ဘဝဆိုတာ လူတွေနဲ့ တွေ့ဆုံခြင်း၊ ကွဲကွာခြင်းဆိုတဲ့ကြားမှာ လည်ပတ်နေတာပါ။ ဒီဂိမ်းထဲက ကောင်မလေးဆိုရင်လည်း အဘွားအိုအရွယ် ရောက်လာချိန်မှာ အရင်ကလို အမေလည်း မရှိတော့ဘူး၊ ခင်ပွန်းဖြစ်သူကလည်း လေယာဉ်ပျက်ကျပြီး ဆုံးပါးသွားပြီ။ အဲဒီအချိန်မှာ တစ်ချိန်က သစ္စာဖောက်သွားခဲ့တဲ့ သူငယ်ချင်းမလေးက ငယ်ငယ်က ကမ်းခြေမှာ အတူကောက်ခဲ့တဲ့ ခရုခွံလေးကို ကိုင်ပြီး ပြန်ရောက်လာတဲ့ မြင်ကွင်းလေးဟာဆိုရင် ခွင့်လွှတ်ခြင်း နဲ့ အတိတ်ကို လက်ခံခြင်း ဆိုတဲ့ ဘဝရဲ့ အကြီးမားဆုံး Life Lesson ကို အသံတိတ် သင်ပေးသွားတာပါ။

ဒီဂိမ်းမှာ Pay-to-Win ဆိုတာ မရှိပါဘူး... Pay-to-Cry ပဲ ရှိပါတယ်။ ကိုယ့်ရဲ့ ဘဝ အတွေ့အကြုံတွေပေါ် မူတည်ပြီး ခံစားရမယ့် ရသတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားသွားမှာမလို့ တကယ်သဘောကျစေမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

◈ ဘဝရဲ့ အခက်အခဲတွေကြားမှာ သင်ရော ဘယ်အရာကို အဖော်ပြုပြီး ရှေ့ဆက်နေလဲ?
လုံးဝမပါပါဘူး။ ဇာတ်လမ်းတစ်လျှောက်လုံး စာလုံးတစ်လုံးမှ မပါဘဲ ရေဆေးပန်းချီ (Watercolor) သရုပ်ဖော်ပုံတွေ၊ ဇာတ်ကောင်ရဲ့ မျက်နှာအမူအရာတွေနဲ့ Theme Music ကိုသာ အခြေခံပြီး နားလည်ခံစားရမှာ ဖြစ်ပါတယ်။
Game Information
Developer
Arc System Works
Version
1.0.0
Release
2026-02-12
Updated
2026-02-12
Network
Offline
Platform
Android, iOS, PC, Nintendo Switch / 2
Download Size
1.6 GB
Total Size
2 GB
SYSTEM IMPACT
[BALANCED]
Mobile Specs
- Android10.0 and up
- iOS13.0 and up
- RAM4 GB Recommended
- SOCSnapdragon 660G / Helio G99+
- ArchARM64
PC Specs
- CPUIntel® Core™ i5-4690
- RAM4 GB
- GPUGeForce GTX 1050 Ti (4GB VRAM)
- DirectXVersion 12
8.2
AMAZING
IMPORTANT NOTE
PC ဖြင့် ကစားမည့် သူများအတွက် ကိုယ့်ရဲ့ Laptop/PC ဟာ Low-end ဖြစ်နေပါက Unreal Engine Optimization ကြောင့် Frame Drop အလွန်ဆိုးရွားနိုင်ပါသည်။
DOWNLOAD LINKS
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...