Easy Delivery Co.

ဆီဈေးပြဿနာက ဂိမ်းထဲမှာလဲ ကြုံရမှာမလို့ ကိုယ့်စိတ်ကိုယ် မနိုင်ဘူးဆိုရင် ဒီဂိမ်းလေးကို မဆော့စေချင်ပါဘူး။ ဂိမ်းကစားတယ်ဆိုတာ တစ်နည်းအားဖြင့် တကယ့်လက်တွေ့ဘဝမှာ အလုပ်လုပ်ရတာ ပင်ပန်းလို့ ဂိမ်းထဲကိုဝင်ပြီး အနားယူကြတာပါ။ ဒါပေမယ့် ဒီ Easy Delivery Co. ကတော့ မင်မင်တို့ကို ဂိမ်းထဲမှာပါ Minimum Wage နဲ့ ခိုင်းစားမယ့် ဂိမ်းတစ်ခုဖြစ်နေပါတယ်။

𝐄𝐚𝐬𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐂𝐨. ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
-------------------------------
Easy Delivery Co. ဟာ PS1 ခေတ်ကလို Classic Graphic လေးတွေနဲ့ ဖန်တီးထားတဲ့ Story-rich Delivery Game လေးဖြစ်ပါတယ်။ သာမန် ပစ္စည်းပို့တဲ့ ဂိမ်းလေးလို့ ထင်ရပေမယ့်၊ တကယ့်တကယ်က နှင်းတွေဖုံးနေတဲ့ တောင်ပေါ်မြို့လေးရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မြို့ခံတွေရဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းတွေကိုပါ ဖော်ထုတ်ပေးရမယ့် ထူးထူးဆန်းဆန်းဂိမ်းလေးလို့ ပြောလို့ရပါတယ်။ ဘာလို့ဆို Developer တွေကိုယ်တိုင်ကိုယ်က ဘာလျှိုဝှက်ချက်မှ မရှိတဲ့ သာမန် Delivery ဂိမ်းလေးပါလို့ ပြောထားတာကြောင့် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

𝐃𝐞𝐞𝐩 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
------------------------
ဒီဂိမ်းရဲ့ အဓိက ဆွဲဆောင်မှုက ချက်ချင်းကြီး ဝုန်းဒိုင်းနဲ့ ဇာတ်အိမ်ကို ဖော်ပြတာမျိုး မဟုတ်ပါဘူး။ မင်မင်တို့ဟာ သာမန် ကြောင်လေးတစ်ကောင်အနေနဲ့ Kei Truck လေးကို မောင်းပြီး ပစ္စည်းတွေကို လိုက်ပို့ပေးရပါတယ်။ နှင်းတွေကျနေတဲ့ ပတ်ဝန်းကျင် အလှအပတွေကို ငေးမောရင်း၊ ကားလေး လမ်းပေါ်ကနေ ချော်မထွက်သွားအောင် သတိထားမောင်းရတဲ့ Physics ကလည်း တကယ်ကို သဘာဝကျတယ်လို့ဆိုရမှာပါ။

ခက်တာက မြို့ သုံးနေရာစလုံးက အေးချမ်းပြီး အရမ်း တိတ်ဆိတ်လွန်းတာကြောင့် တစ်ခါတလေမှာ Silent Hill ရပ်ကွက်ထဲ ပတ်မောင်းနေသလားတောင် စိတ်ထဲမှာ ခံစားရပါတယ်။ Dialogue တွေကို ကြည့်ရင်လည်း တစ်စုံတစ်ယောက်နဲ့ ကိုယ့်ကို အမြဲမှားပြီး အပြုအမူတွေက ထူးဆန်းနေတာကြောင့် တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်းနဲ့ ဇာတ်အိမ်ကို သိချင်လာအောင် ဒီဂိမ်းက ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အပိုအနေနဲ့ Stress အပြည့်ပေးမယ့် ဒီဂိမ်းရဲ့ စီးပွားရေးစနစ်ကလည်း မင်မင်တို့ကို Depression ကျအောင် လုပ်ထားပါသေးတယ်။ ဘာကြောင့်ဒီလိုပြောတာလဲဆိုရင် မင်မင်တို့ ပစ္စည်းတစ်ခုပို့ရင် ရတဲ့ ပိုက်ဆံက အရမ်းနည်းတာကြောင့် လမ်းမှာ ဖြည့်ရမယ့် ဆီဈေးက ပစ္စည်းပို့ရတာနဲ့ မကာအောင် ဝယ်ဖြည့်ရမှာပါ။ ပြောရရင် ဟိုဟိုဒီဒီလျှောက်သွားချင်ရင်တောင် Free Kick ပြီး အရှိနဲ့ သွားနေရတယ်။ ဒီကြားထဲ လူသစ်အနေနဲ့ ကစားရတာဆိုတော့ လမ်းတွေကို မမှတ်မိရင် Map ကို ဖွင့်ဖို့အတွက် MK ဆိုတဲ့ ခွေးလေးကို Energy Drink လေး သွားတိုက်ပြီးမှ ကြည့်လို့ရမှာပဲဖြစ်ပါတယ်။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐓𝐚𝐤𝐞
------------------
မင်မင်အတွက်တော့ Developer Sam C. ရဲ့ လိမ္မာပါးနပ်မှုက ဂိမ်းရဲ့ Narrative ကို ပိုပြီးလှုပ်ခတ်စေတယ်လို့ မြင်မိတယ်။ ဒီဂိမ်းမှာ ဘာမှ ထူးဆန်းတာ မရှိပါဘူး ဆိုတဲ့ မှတ်ချက်က ဂိမ်းအစကနေ အဆုံးထိ မဆော့ဆော့ချင်အောင် ဆွဲဆောင်နေတာမလို့ မကစားချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ နောက်ပြီး ဒီဂိမ်းမှာ သဘောကျတာ ငှက်တွေကို လမ်းမတိုင်း နီးပါး မြင်တွေ့ရတာကြောင့် အုပ်လိုက်ကြီး ထပျံသွားတဲ့အခါ ကားမောင်းရတာကော၊ ဒီလမ်းမကြီးကပါ အသက်ဝင်နေသလို ခံစားမိတယ်။ ညရောက်ရင် မီးမှိန်မှိန်လေးတွေပဲ မြင်ရတာတွေ၊ အပြင်မှာကြာကြာနေရင် အအေးဒဏ်ခံရနိုင်တာတွေက PS1 Graphic ဆိုရင်တောင် သဘာဝကျလွန်းလို့ သဘောကျမိနေတာပဲဖြစ်ပါတယ်။ Chill လဲဖြစ်သလို၊ Thrilling Vibe လည်း ရတာကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် ဂိမ်းကောင်းလေးတစ်ခုလို့ ပြောချင်ပါတယ်။

Developer က စနောက်ပြီး ပြောထားတာပါ။ တကယ်တမ်းမှာ မြို့ခံတွေရဲ့ နောက်ကြောင်းတွေ၊ အမှိုက်ပုံးထဲက အရာတွေနဲ့ နှင်းတောင်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ လုံးဝကို Story-rich ပါ။
100% အဆင်ပြေပါတယ်။ Steam မှာကတည်းက Full Controller Support ပေးထားသလို Mobile Port မှာလည်း Xbox, PS controller တွေနဲ့ Smooth ဖြစ်ဖြစ် ဆော့ကစားနိုင်ပါတယ်။
GAME INFORMATION
Developer
Sam C. (Oro Interactive)
Version
1.1d
Release
September 2025
Updated
March 2026
Network
Offline
Platform
Android, iOS, PC
Download Size
224 MB
Total Size
356 MB
Controller
Full Support
Monetization
Premium (Paid)
MYSTERY DEPTH[OPTIMIZED]
System Requirements
Mobile Specs
- AndroidAndroid 10+
- iOSiOS 13.0+
- RAM4 GB
- SOCSnapdragon 720G
- Arch64-bit ARM
PC Specs
- CPUIntel Core i3 / Ryzen 5 3500
- RAM8 GB
- GPUIntel UHD Graphics
- DirectXVersion 11
9.6
MASTERPIECE
OFFICIAL DOWNLOADS
Download from the official servers to support the lone developer!
MOD VERSIONS
Download for testing purpose.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...