Heart of the Forest
ရွေးချယ်မှုတိုင်းကို အသက်နဲ့ရင်းရမယ့် FMV Horror ဂိမ်းတစ်ခု
ကိုယ့်ရဲ့ လူအသိမခံချင်တဲ့ အနက်ရှိုင်းဆုံး အကြောက်တရားတွေ၊
ဖုံးကွယ်ထားချင်တဲ့ အတိတ်က လျှို့ဝှက်ချက်တွေကို တောအုပ်ကြီးကနေ
ပြန်လည်အသက်သွင်းလိုက်တဲ့အခါ... ကြက်သီးတဖြန်းဖြန်းထစရာ အငွေ့အသက်တွေနဲ့အတူ
ရင်တမမဖြစ်စေမယ့် ဂိမ်းကတော့ Heart of the Forest ပဲဖြစ်ပါတယ်။
ဂိမ်းအကြောင်းမပြောခင် အရင်ဆုံး မြင်ယောင်ကြည့်လိုက်ပါ။ ကိုယ်က
ကိုယ့်သူငယ်ချင်းတွေနဲ့အတူတူ နေရောင်ခြည်တောင် ကောင်းကောင်းမမြင်ရတဲ့
ဂျာမနီနိုင်ငံက Black Forest ဆိုတဲ့ တောနက်ကြီးထဲကို တောင်တက်ခရီး အနေနဲ့
ထွက်လာခဲ့ကြတယ်ဆိုပါဆို့။ အစပိုင်းမှာတော့ ပျော်စရာကောင်းမလိုလိုဆိုပေမယ့်
တဖြည်းဖြည်းနဲ့ ကိုယ်သွားမယ့် လမ်းက စပျောက်လာပြီး အချင်းချင်းပါ
ယုံကြည်မှုတွေ ကင်းမဲ့လာတဲ့အခါ ကိုယ့်မျက်လုံးနဲ့ကိုယ် မြင်နေရတာတွေကိုတောင်
မယုံရဲလောက်အောင်အထိ စိတ်ကစဉ့်ကလျားတွေ ဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ?
သက်သေပြမရတဲ့ အကြောက်တရားကို သိချင်တယ်ဆိုရင်တော့ ဒီဂိမ်းက သင့်အတွက်ပါပဲ။
𝐇𝐞𝐚𝐫𝐭 𝐨𝐟 𝐭𝐡𝐞 𝐅𝐨𝐫𝐞𝐬𝐭 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
FMV ဂိမ်းအမျိုးစားဖြစ်တဲ့အတွက် တကယ့် သရုပ်ဆောင်၊ ရှုခင်းတွေနဲ့
ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ခုကို ကြည့်နေရသလိုမျိုး ကစားရမှာပါ။
ဒီဇာတ်လမ်းထဲမှာဆိုရင် Anna, Laura, Nick နဲ့ Simon ဆိုတဲ့
လူငယ်လေးယောက်ပါဝင်ပြီး Black Forest ဆိုတဲ့ တောအုပ်ကြီးထဲကို
ခရီးထွက်လာရာကနေ စတင်ထားပါတယ်။ ဖြစ်ချင်တော့ ဒီတောအုပ်ကြီးက
သာမန်တောအုပ်မျိုးမဟုတ်ဘဲ မမြင်ရတဲ့ အရာတွေ ခိုအောင်းနေတဲ့ မြန်မာလိုဆိုရင်
နတ်ကြီးတဲ့ တောအုပ်ကြီးတစ်ခုလိုဖြစ်နေတာပါ။ အဲဒီမမြင်ရတဲ့ အရာတွေကလည်း
ကိုယ်ထိလက်ရောက် ခြောက်လန့်တာမျိုးတွေမဟုတ်ပဲ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ
ဖုံးကွယ်ထားတဲ့ အတိတ်က ဒဏ်ရာတွေ၊ အကြောက်တရားတွေကို အသုံးချပြီး
တစ်ယောက်နဲ့တစ်ယောက် သံသယဝင်အောင်၊ ထိခိုက်နာကျင်အောင်
မျက်စိမှောက်သွားမှာပဲဖြစ်ပါတယ်။
ဂိမ်းရဲ့ အဓိက Mechanic က ရွေးချယ်မှုတွေဖြစ်ပြီး ကိုယ့်ရဲ့
စိတ်နေစိတ်ထားပေါ်မူတည်ပြီးတော့မှ အခြေနေအမျိုးမျိုးကို
ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို စဉ်းစားရမှာပဲဖြစ်ပါတယ်။ ပိုပြီး နက်ရှိုင်းတဲ့
နောက်ထပ် Mechanic တစ်ခုကတော့ Corruption System ပါဝင်တာမလို့ ကိုယ့်ရဲ့
ဆုံးဖြတ်ချက်တွေဟာ ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကိုပါ
ထိခိုက်စေမှာပဲဖြစ်ပါတယ်။ တချို့ရွေးချယ်မှုတွေက ချက်ချင်းကြီး
အသက်မသေသွားပေမယ့် ဇာတ်ကောင်ရဲ့ စိတ်ကို ပိုပြီး
မကောင်းတဲ့စိတ်ဝင်သွားစေတာကြောင့် တဖြည်းဖြည်းနဲ့ မမြင်ရဝာာတွေ၊
မကြားရတာတွေကို ကြက်သီးထစရာကောင်းတဲ့အထိ ကိုယ့်ရဲ့ ရွေးချယ်မှုတွေကနေ
ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။
ဒီဂိမ်းရဲ့ အားသာချက် နောက်တစ်ခုက Story Tree စနစ်ပါဝင်တာပါ။ FMV
ဂိမ်းတော်တော်များများမှာ ကိုယ်က လမ်းကြောင်းတစ်ခုကို ရွေးလိုက်လို့
အဆုံးသတ်သွားရင် နောက်တစ်ခါ ပြန်ဆော့တဲ့အခါ ဘယ်နားကနေ ပြန်စရမလဲဆိုတာကို
အတော်ခေါင်းစားရပါတယ်။ ဒါပေမယ့် ဒီဂိမ်းမှာတော့ Story Tree ကြီး တစ်ခုလုံးကို
ပြပေးထားတဲ့အတွက် ကိုယ်မရောက်ဖူးသေးတဲ့ လမ်းကြောင်းတွေ၊ မရသေးတဲ့ Ending
တွေကို အလွယ်တကူ ပြန်သွားပြီး ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ Ending စုစုပေါင်း
5 ခု အထိတောင် ပါဝင်တာမလို့ Deep Story ကစားချင်တဲ့သူတွေအတွက်
အကြိုက်ဖြစ်စေမှာပါ။
နောက်ပြီး Multiple POVs လို့ခေါ်တဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့
အမြင်တွေကနေ ဇာတ်လမ်းကို ပြောင်းလဲ ပြသပေးသွားတာကြောင့် လူတစ်ယောက်ချင်းစီရဲ့
ခံစားချက်တွေကို သေချာနားလည်နိုင်မှာပဲဖြစ်ပါတယ်။ ပြီးတော့ Over Thinking
သမားတွေအတွက်လည်း အချိန်အကန့်အသတ်မရှိ စဉ်းစားလို့ရမယ့် Streamer Mode လည်း
ထည့်ပေးထားပါသေးတယ်။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠..
မင်မင်ကတော့ ဒီဂိမ်းရဲ့ တင်ဆက်ပုံကို သဘောကျမိပြီး Psychological Horror
မျိုးမလို့ Jumpscares တွေနဲ့ လန့်ဖြန့်သွားအောင် လုပ်တာထက်၊ စိတ်ထဲမှာ
တဖြည်းဖြည်းချင်း သံသယဝင်ပြီး လေးလံလာတဲ့ နောင်တမျိုးကို
ပေးစွမ်းနိုင်တာကြောင့် အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောချင်တယ်။
တစ်ခါတလေဆို ငါရွေးလိုက်တာ မှားသွားပြီလား ဆိုတဲ့ စိတ်ကြီးနဲ့ ကစားရတာမလို့
အဆုံးသတ်ကတော့ ဘာဖြစ်မှန်းကို သိသွားမဟုတ်ဘူး။
နောက်ပြီး အရမ်းအရေးမကြီးပေမယ့် မင်မင် သတိပေးချင်တာလေး တစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ ဂိမ်းရဲ့ နောက်ဆုံးပိုင်း အခန်းတွေမှာ Flickering Lights တွေ
များတာကြောင့် မျက်စိစူးတာ၊ ခေါင်းကိုက်တာမျိုး ဖြစ်တတ်တဲ့သူတွေဆိုရင်
သတိထားစေချင်ပါတယ်။
ကဲ Fan တွေကော ဒီတောအုပ်ကြီးထဲ ရောက်သွားရင် ကိုယ့်သူငယ်ချင်းကို ကယ်မလား?
ဒါမှမဟုတ် ကိုယ်ပဲ လွတ်အောင်ရုန်းကြမလား? ဂိမ်းဆော့ပြီးသွားရင် Comment မှာ
ဝင်ရောက်ဆွေးနွေးသွားကြပါအုံး။
Game Information
Developer
Trapped Predator
Version
1.0
Release
February 12, 2026
Updated
February 12, 2026
Network
Offline
Platform
PC, PS, Xbox, NS, Mobile
Download Size
550 MB
Total Size
2.2 GB
Controller
No Support
Multiplayer
Singleplayer Only
Languages
English
Monetization
Premium (Paid)
SYSTEM IMPACT
[OPTIMIZED]
Mobile Specs
- AndroidAndroid 10.0 and up
- iOSiOS 13.0 or later
- RAM4GB Minimum (Mobile)
- SOCSnapdragon 720G +
- Arch64-bit
PC Specs
- CPUIntel Core i3 2.0 GHz
- RAM2 GB RAM
- GPUDirectX 11.0 compatible video card
- DirectXVersion 11
8.0
GOOD
IMPORTANT NOTE
Android သမားတွေက In Game ထဲကြရင် Additional Data အဖြစ်နဲ့ 2 GB လောက် ထပ်မံ Download ဆွဲရပါမယ်။ iOS / Playstation / Xbox ကတော့ ဝယ်ဆော့ရပါမယ်။
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...