Hellguard Online Action RPG

Anime တွေ၊ ရောင်စုံကမ္ဘာတွေပေါ်များနေတဲ့ Mobile ရဲ့ RPG လောကထဲမှာ အခုလို
Dark Fantasy Vibe နဲ့ Auto-Play မပါတဲ့ ဂိမ်းအသစ်တစ်ခု ပေါ်ထွက်လာတာမလို့
သဘောကျမိပေမယ့် ...နည်းနည်းလေး စိုးရိမ်စရာအခြေနေလေးတွေကို First Impression
Review အနေနဲ့ ပြောပြပေးသွားပါမယ်။

Anime RPG တွေ ရိုးအီနေပြီဆိုရင်တော့ Black Anvil Studio ကနေ 5 နှစ်တိုင်တိုင်
ဖန်တီးထားတဲ့ ဂိမ်းအသစ်ကို စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ Auto-Play
လုံးဝမပါဝင်တဲ့အပြင် Procedurally Generated ဖြစ်တဲ့ ဝင်တိုင်းပြောင်းလဲနေတဲ့
Dungeon တွေပါ ပါဝင်တာမလို့ ကိုယ်တိုင် Skill သုံး၊ ကိုယ်တိုင် Dodge လုပ်ရမယ့်
Hardcore Combat ဂိမ်းအမျိုးစားပဲဖြစ်ပါတယ်။ လောလောဆယ် Server Issue နဲ့ Input
Delay ပိုင်းကိုတော့ နည်းနည်းသည်းခံရပါလိမ့်မယ်။

𝐃𝐞𝐞𝐩 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
-------------------
Hellguard ရဲ့ ဇာတ်လမ်းက မဆိုးဘူးဆိုတဲ့ အနေထားတစ်ခုမှာရှိပါတယ်။ သူက
ကမ္ဘာကြီးကို ကာကွယ်ထားတဲ့ ရှေးဟောင်းအစီအရင်တွေ ပျက်စီးသွားပြီးတဲ့နောက်မှာ
မကောင်းဆိုးဝါးတွေက ဥရောပတိုက်ရဲ့ အလယ်ခေတ်ပုံစံ ကမ္ဘာကြီးထဲကို
ကျူးကျော်ဝင်ရောက်လာကြတာပါ။ အဲဒီအချိန်မှာ ကိုယ်က မေ့ပျောက်လုနီးပါးဖြစ်နေတဲ့
Hellguard အဖွဲ့ဝင် စစ်သည်တော်အနေနဲ့ တိုက်ထုတ်ရမှာဖြစ်ပြီး ရွေးချယ်လို့ရတဲ့
ဇာတ်ကောင်တွေကလည်း Viking ကနေစပြီး Scarlet Witch လို Hybrid Dark Magic
တွေအထိတောင် မတူညီတဲ့ ဇာတ်ကောင် 12 မျိုးပါဝင်မှာပဲဖြစ်ပါတယ်။

ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းမှာ နက်ရှိုင်းတဲ့ နောက်ခံသမိုင်းကြောင်းတွေလည်း
ပါဝင်တာမလို့ အချိန်ပေးနိုင်ရင် သေချာ ဖတ်ပြီးဆော့ကြည့်စေချင်တယ်။ ဒါပေမယ့်
အားနည်းချက်က ဂိမ်းထဲက NPC တွေနဲ့ စကားပြောရတဲ့ အပိုင်းမှာ သိပ်ပြီး အသက်မဝင်သလို
ခံစားရတာကြောင့် ဇာတ်လမ်းကို စိတ်ဝင်စားအောင် ဆွဲခေါ်နိုင်စွမ်း
အားနည်းနေသေးတယ်လို့ မြင်မိတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
----------------------
မင်မင် အကြိုက်ဆုံး အချက်ကတော့ ထုံးစံအတိုင်း ဂိမ်းထဲမှာ Auto-Play နဲ့
Auto-Pathing လုံးဝ မပါတာပါ။ ဒီဂိမ်းမှာ ရန်သူတွေရဲ့ Attack တွေကို Blink / Dash
သုံးပြီး ရှောင်ရတာမျိုးတွေ၊ Skill သုံးပြီး Talent Tree တွေကို
ကိုယ့်အကြိုက်ဆုံး ပုံစံအတိုင်း Build လို့ရတာမျိုးတွေ ပါဝင်ပါတယ်။ Dungeon
တွေကလည်း ဝင်လိုက်တိုင်း မတူညီတဲ့ ပုံစံ၊ မတူညီတဲ့ ရန်သူတွေနဲ့ ရာသီဥတုတွေအထိပါ
ပြောင်းလဲနေတာကြောင့် ဆော့ရတာ ခဏနဲ့တော့ ပျင်းမသွားစေပါဘူး။

Weapons တွေ၊ Armor တွေကို Upgrade လုပ်ပြီး Rarity မြှင့်တာမျိုးတွေ၊ နောက်ပြီး
Skill Synergy အပိုင်းတွေက တော်တော်လေးကို သေချာလုပ်ထားတာ တွေ့ရပါတယ်။ Co-op
Raids တွေနဲ့ PvP Arena တွေလည်း ပါဝင်တဲ့အတွက် ကိုယ့် သူငယ်ချင်းတွေနဲ့လည်း
အတူဆော့လို့ ရအုံးမှာပါ။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤
-------------------
ဒီဂိမ်းမှာ ဆိုးတာက Technical ပိုင်းပါ။ Mobile ဂိမ်းတစ်ခုအနေနဲ့ Controller
Support မရတာက သိပ်အရေးမကြီးပေမယ့် Touch Screen နဲ့ ဆော့ရင်တောင်မှ Input Delay
တွေ ကြုံနေရတာမလို့ အရမ်းတော့ အားမရသေးပါဘူး။ နောက်ပြီး 2026 အတွင်းမှာ ထွက်တဲ့
ဂိမ်းတစ်ခုအနေနဲ့ Character တွေရဲ့ Movement တွေက တောင့်တောင့်ကြီး
ဖြစ်နေသေးသလို၊ Server လိုင်းမကောင်းလို့ Command တွေ ပျောက်သွားတာတွေ၊ ရန်သူတွေ
Screen ပေါ်မှာ မပေါ်လာတာမျိုးတွေက လောလောဆယ် အနည်းနဲ့အများ ကြုံရနိုင်ပါသေးတယ်။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဂိမ်းက 5 နှစ်တောင် အချိန်ယူပြီး
ကြိုးစားပမ်းစားထွက်လာခဲ့တာမလို့ ဂိမ်းရဲ့ Dark Fantasy Vibe နဲ့ Art Style ကတော့
တော်တော်လေးကို ဆွဲဆောင်မှုရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။Unity Engine နဲ့
လုပ်ထားပေမယ့် Texture ပိုင်းတွေက တော်တော်လေး ကြည့်ကောင်းတာမလို့ First
Experience အနေနဲ့ Graphic နဲ့ World Building ပိုင်းကိုတော့ တကယ်သဘောကျမိတယ်။
Overall ပြောရရင်တော့ Concept က အရမ်းကောင်းပေမယ့် Execution ပိုင်းမှာ
တော်တော်လေး လိုအပ်နေသေးတယ်လို့ မြင်မိတယ်။
Auto-Play လုံးဝ မပါဝင်ပါဘူး။ ကိုယ်တိုင် Dodge ၊ ကိုယ်တိုင် Skill သုံးရမယ့် ဂိမ်းပါ။ Internet ချိတ်ဆက်ထားဖို့ လိုအပ်တဲ့ ဂိမ်းဖြစ်လို့ Offline ဆော့လို့မရပါဘူး။
Controller Support ပါပေမယ့် Menu နှိပ်တဲ့နေရာတွေမှာ အဆင်မပြေသေးပါဘူး။ Early Access ဖြစ်လို့ Server ကျတာ၊ ခလုတ်နှိပ်တာ Delay ဖြစ်တဲ့ Bugs တွေ တော်တော်များများ ရှိနေပါသေးတယ်။
GAME INFORMATION
Developer
Black Anvil Studio
Version
1.1.1
Release
February 2026
Updated
March 2026
Network
Online
Platform
Android / iOS / PC
Download Size
1.8 GB
Total Size
2.3 GB
Multiplayer
Singleplayer Only
12-player raids, Arena duels, strictly online multiplayer.
Monetization
Free to Play
SERVER LOAD OVERHEATED[HEAVY LOAD]
System Requirements
Mobile Specs
- AndroidAndroid 7.0+
- iOSiOS 13.0+
- RAM4 GB
- SOCSnapdragon 732G
- Arch64-bit ARM
6.0
GREAT CONCEPT, POOR EXECUTION
OFFICIAL DOWNLOADS
Download from the official servers to support Black Anvil Studio.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...