Hono Truck

ဘိုလီးဗီးယား တောင်တန်းတွေပေါ်မှာ ကားမောင်းချင်တဲ့သူတွေအတွက် Hono
Truck

𝐇𝐨𝐧𝐨 𝐓𝐫𝐮𝐜𝐤 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
မင်မင်တို့ မြန်မာဂိမ်းမာတွေ ကြားမှာ Truck Simulator တွေဆိုတာ တော်တော်လေး
ခေတ်စားတဲ့ အမျိုးအစားတစ်ခုလို့ ပြောလို့ရပါတယ်။ Hino လို ကားကြီးတွေကို
မောင်းပြီး လမ်းကြမ်းတွေပေါ် သွားရတာကြိုက်တဲ့သူတွေအတွက် ဒီဂိမ်းက
ဘိုလီးဗီးယားနိုင်ငံက အင်မတန် အန္တရာယ်များတဲ့ တောင်တန်းတွေ၊
ရွှံ့ဗွက်လမ်းတွေနဲ့အတူ ကျဉ်းမြောင်းတဲ့ လမ်းဆိုးလမ်းကြမ်းတွေပေါ်မှာ
ကုန်တင်ကားကို ကျွမ်းကျင်စွာ မောင်းနှင်ရမှာပဲဖြစ်ပါတယ်။

အပြင်လောကက Yungas Road လို နေရာမျိုးတွေကို Mobile ပေါ်မှာ မြင်တွေ့ရမယ့်အပြင်
Graphics ပိုင်းမှာလည်း Indie Game တစ်ခုအနေနဲ့ တော်တော်လေးကို
ချီးကျူးစရာကောင်းတာပါ။ ကားရဲ့ Detail တွေ၊ နေရောင်ခြည်ဖြာထွက်နေတဲ့ တောအုပ်ရဲ့
View တွေကအစ ရွှံ့ဗွက်တွေရဲ့ Texture တွေအထိ တော်တော်လေးကို ကြည့်ရအဆင်ပြေစေတဲ့
ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာက အဲဒီ လှပတဲ့ ရှုခင်းတွေကို
ကြည့်ဖို့အတွက် အချိန်မရလောက်အောင်ကို ကားထိန်းရတာ အတော်ခက်တာပဲဖြစ်ပါတယ်။

ဘာကြောင့်ခက်တာလဲဆိုရင် Mechanics ပိုင်းမှာ wheel control သေးသေးလေးတစ်ခုသာ
ထည့်ပေးထားပြီး Tilt Control တွေ၊ Arrow Button တွေ ပါဝင်မှာမဟုတ်ပါဘူး။ ဒါ့အပြင်
Cabin ထဲကနေမောင်းမယ်ဆိုရင် Camera က Straight View ပဲရရှိမှာဖြစ်ပြီး
အဆိုးဆုံးကတော့ Map မပါဝင်တာကြောင့် ဘယ်သွားလို့ သွားမှန်းမသိ
မျက်စိမှိတ်မောင်းရမှာပဲဖြစ်ပါတယ်။ ဒီတော့ အတိုချုံနဲ့ လိုရင်းတိုရှင်းပြောရရင်
ဂိမ်းက Graphic ကောင်းပေမယ့် Control နဲ့ Features က လိုအပ်သလောက်
မစုံလင်သေးတာကြောင့် တစ်ချို့လူတွေအတွက်တော့
စိတ်မရှည်စရာဂိမ်းတစ်ခုဖြစ်နေလိမ့်မယ်။ အကောင်းဘက်ကကြည့်ရင်လည်း လက်တွေ့ဘဝမှာလည်း
ဘယ်အရာမှ မလွယ်ကူတာကြောင့် တစ်ခါလောက်တော့ စမ်းမောင်းကြည့်သင့်တယ်လို့
မင်မင်ကတော့ မြင်မိတယ်။

Game Information
Developer
HonoGameBol
Version
v0.1000
Release
September 2025
Updated
October 3, 2025
Network
Offline
Platform
Android
Download Size
259 MB
Total Size
398 MB
Controller
No Support
Multiplayer
Singleplayer Only
Languages
English
Monetization
Free to Play
SYSTEM IMPACT
[BALANCED]
Mobile Specs
- Android6 . 0 +
- RAM4 GB +
- SOCSnapdragon 660 / Helio G80
- ArchARM64
6.5
Not Bad
DOWNLOAD LINKS
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...