LATEST NEWS

Fetching news...

Inscryption

Inscryption

0% COMMUNITY SCORE
LOADING...
RATE:

ကတ်ဂိမ်းလို့ ထင်ပြီး ဆော့လိုက်တာ... အခန်းထဲမှာ ပိတ်လှောင်ခံရပြီး ကိုယ့်အသက်ကိုပါ လောင်းကြေးထပ်ရတဲ့အထိ ဖြစ်သွားတဲ့ ဂိမ်းတစ်ခု

Inscryption ဆိုတာ Deck-building Card Game ကိုမှ Roguelike နဲ့ Escape Room Horror တို့ကို အမိုက်စား ပေါင်းစပ်ထားတဲ့ ဂိမ်းအမျိုးစားတစ်ခုပါ။ စဆော့တဲ့အချိန်ကစပြီး ဇာတ်ကောင်နဲ့အတူ ကိုယ်ပါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ လုံးဝကို ခန့်မှန်းလို့မရအောင်အထိ ဆွဲခေါ်သွားမှာမလို့ ရင်တထိတ်ထိတ်နဲ့ကို ကစားရမှာပဲဖြစ်ပါတယ်။ ပြောရရင် နားမလည်ရင်တောင် ကြောက်ကြောက်နဲ့ ကစားရမှာမလို့ First Person View နဲ့ ကိုင်ထားတဲ့ ကဒ်တွေပါ တုန်တုန်ရီရီဖြစ်နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Deep Game Review

Daniel Mullins Games ကနေ ဖန်တီးထားတဲ့ ဒီဂိမ်းဟာ သာမန် Roguelike တစ်ခုလို လမ်းကြောင်းရွေးမယ်၊ ကတ်တွေချမယ် ဆိုတာထက် အများကြီး ပိုနက်နဲပါတယ်။ မင်မင်တို့ ကစားသမားတွေဟာ သစ်လုံးအိမ်လေးထဲမှာ ပိတ်မိနေပြီး Leshy လို့ခေါ်တဲ့ သစ်တောအရှင်သခင်ကြီးနဲ့ ကတ်ဂိမ်း ကစားရမှာပါ။ ခက်တာက Leshy ဟာ သူ့ရဲ့ ဇာတ်လမ်းကို သူကိုယ်တိုင် ဖန်တီးပြီး ကိုယ့်ကို ကစားခိုင်းနေတာမျိုးမလို့ ရွေးချယ်စရာ သိပ်မရှိပါဘူး။ အဲဒီတော့ ကိုယ့်ဘက်မှာ ရှိနေတာဆိုလို့ Stoat လိုမျိုး စကားပြောတတ်တဲ့ ထူးဆန်းတဲ့ ကဒ်လေးတွေပဲရှိပါတယ်။ ပြောရရင် အဲဒီကတ်လေးတွေက ကိုယ့်ကို ဒီလူကြီးကို အနိုင်ယူပြီး ဒီအိမ်ထဲကနေ ထွက်ပြေးဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။ ဂိမ်းက ကတ်ချရုံတင်မကဘဲ စားပွဲကနေ ထပြီး အခန်းထဲက ပဟေဠိ Escape Room Puzzles မျိုးတွေကိုပါ ဖြေရှင်းရတာမို့လို့ သာမန် ကတ်ဂိမ်းတွေလို ထိုင်ရာကမထ ဆော့ရတာမျိုးမဟုတ်တာက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။

Mechanics တွေကို ပြောရရင် သာမန် Mana စနစ်တွေ သုံးမထားပဲ သွေးနဲ့ ရင်းရတဲ့ ကစားပွဲမျိုးကို မြင်တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Sacrifice System လို့ခေါ်တဲ့ ယဇ်ပူဇော်တဲ့ စနစ်ကို သုံးထားတာကြောင့် တစ်နည်းအားဖြင့် ကိုယ့်ဘုတ်ပေါ်မှာ ရှိနေတဲ့ အကောင်လေးတွေရဲ့ သွေးစက်တွေကို ယူပြီးမှ အကောင်ကြီးတွေကို ခေါ်လို့ရတာမျိုးပါ။ ပြောရရင် ကိုယ်ချလိုက်တဲ့ ကဒ်တွေနေရာမှာ နောက်ကဒ်အသစ်ချဖို့အတွက် စတေးရတာမျိုးပေါ့။ တချို့ကတ်တွေဆိုရင် Bone Tokens တွေ လိုအပ်ပါတယ်။ ကိုယ့်ဘုတ်ပေါ်က ကတ်တစ်ခု သေသွားတိုင်း အရိုးပြား တစ်ခုရမှာ ဖြစ်ပြီး အဲဒီ အရိုးပြားတွေကို သုံးပြီးမှ အသက်သွင်းလို့ရတဲ့ သေမင်းတမန် ကတ်တွေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ရန်သူကို လိုတာထက်ပိုပြီး Damage ပေးနိုင်မယ်ဆိုရင် ရလာတဲ့ ရွှေသွား Teeth တွေကို စုဆောင်းပြီး Boss လမ်းကြောင်းတွေမှာ ရှိတဲ့ မုဆိုး Trapper ဆီမှာ ရှားပါးကတ်တွေနဲ့လည်း ပြန်လဲလှယ်လို့ ရပါတယ်။ ပြောရရင် စနစ်တစ်ခုချင်းစီက လုံးဝကို ရက်စက်ပြီး တကယ့်ကို Survival Horror Vibe အပြည့်ကို ပေးစွမ်းနိုင်တာမလို့ ဆော့ရင်းနဲ့ကို စိတ်ပါသွားပါလိမ့်မယ်။

နောက်ထပ် အမိုက်ဆုံး စနစ်ကတော့ Deathcards ပါပဲ။ မင်မင်တို့ ကစားရင်းနဲ့ Boss တွေဆီမှာပဲဖြစ်ဖြစ်၊ ရိုးရိုးပွဲမှာပဲဖြစ်ဖြစ် သေသွားပြီ ပြောရရင် ရှုံးသွားပြီ ဆိုပါစို့။ အဲဒီအချိန်မှာ Leshy က ကိုယ့်ကို အခန်းနောက်က အမှောင်ထဲကို ခေါ်သွားပြီး ကင်မရာနဲ့ ဓာတ်ပုံရိုက်လိုက်ပါလိမ့်မယ်။ ပြီးရင် ကိုယ့်ရဲ့ နာမည်ရယ်၊ ကိုယ် ရထားခဲ့တဲ့ ကတ်တွေထဲက ကုန်ကျစရိတ် Cost၊ Stat နဲ့ Sigil စွမ်းရည်တွေကို ပေါင်းစပ်ပြီး ကိုယ်ပိုင်ကတ် တစ်ခု အဖြစ် ဖန်တီးခွင့်ပေးပါတယ်။ အဲဒါက နောက် Run အသစ်တစ်ခု ပြန်စတဲ့အခါ အဲဒီ ကိုယ်ကိုယ်တိုင် ဖြစ်တည်ခဲ့တဲ့ Deathcard ကို ပြန်သုံးလို့ ရသွားတာမလို့ ဒါဟာ ရှုံးသွားရင်တောင် အလကား မဖြစ်ဘူးဆိုတဲ့ Roguelike တွေရဲ့ သဘောတရားကို အမိုက်ဆုံး ပုံစံနဲ့ ဖော်ပြထားတာပဲဖြစ်ပါတယ်။

Personal Take

မင်မင် အကြိုက်ဆုံးကတော့ ဒီဂိမ်းရဲ့ Meta-narrative ကို အရမ်းသဘောကျမိတယ်။ ပြောရရင် ဂိမ်းပြင်ပကမ္ဘာအထိ ဆက်စပ်နေတဲ့ ဇာတ်လမ်းမျိုးမလို့ ကတ်ဂိမ်း ဆော့နေရင်းနဲ့ စကားပြောတတ်တဲ့ ကတ်လေးတွေက ကိုယ့်ကို "မင်း ဒီကနေ ထွက်ပြေးမှ ရမယ်" လို့ ပြောလာတဲ့ အချိန်တွေ၊ အခန်းထဲက ပဟေဠိတွေကို လိုက်ဖြေရှင်းရတဲ့ အချိန်တွေဟာ တကယ့်ကို ကြက်သီးထစရာ ကောင်းပါတယ်။ အဲဒီအချိန်မှာ ဘယ်လိုခံစားရလဲဆိုရင် ကိုယ်က ဂိမ်းကို ဆော့နေတာလား၊ ဂိမ်းက ကိုယ့်ကို ပြန်ဆော့နေတာလား ဆိုတာတောင် ခွဲခြားရ ခက်လာတဲ့အထိ ဇာတ်လမ်းက အဲဒီလောက်အထိကို ဆွဲဆောင်မှုရှိပါတယ်။ သွေးနဲ့ ယဇ်ပူဇော်ရတဲ့ စနစ်ကလည်း ကြမ်းတမ်းပေမယ့် သေချာ စဉ်းစားပြီး ကတ်ချရတဲ့ အတွက် အတော်လေးကို ဦးနှောက်စားပြီး ဆော့လို့ ကောင်းတဲ့ဂိမ်းတစ်ခုလို့ ပြောချင်ပါတယ်။

သတိထားရမယ့် အချက်ကတော့ ဇာတ်လမ်းအလှည့်အပြောင်း Tone Shift ပါပဲ။ ဂိမ်းရဲ့ Act 1 ကြီးက အရမ်းကို Dark ဖြစ်ပြီး မိုက်နေပေမယ့် Act 2 ကို ရောက်သွားတဲ့အခါ ဂရပ်ဖစ်ရော၊ ဆော့ရတဲ့ ပုံစံပါ လုံးဝ ရုတ်တရက်ကြီး ပြောင်းလဲသွားပါတယ်။ အဲဒီအပြောင်းအလဲကို တချို့ ကစားသမားတွေက အရမ်းကြိုက်ကြပေမယ့်၊ Act 1 ရဲ့ Vibe ကိုပဲ ဆက်လိုချင်တဲ့ သူတွေအတွက်တော့ နည်းနည်း စိတ်ပျက်စရာ ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ခုကတော့ PC Player တွေအတွက် Controller ကို မသုံးဘဲ Mouse ကို သုံးဖို့ အထူး အကြံပြုချင်ပါတယ်။ Controller ကြောင့် အာရုံနောက်သွားရင် ဂိမ်းရဲ့ အရသာ ပျက်သွားနိုင်လို့ပါ။

ကဒ်ချတာထက် ပိုပါတယ်။ သူက roguelike deck-builder ပုံစံမလို့ psychological horror ဆန်ပြီး escape room puzzle ပုံစံမျိုးနဲ့ deep meta-narrative ARG ပုံစံမျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။
ပုံမှန်ဆိုရင် Act 2 ကို ဆက်သွားပေမယ့် Developer တွေက Kaycee's Mod ဆိုပြီး Endless ပုံစံမျိုးကို Update မှာ ထပ်ထည့်ပေးထားပါတယ်။ Pure roguelike version ပုံစံဖြစ်သွားတာမလို့ စိတ်ကြိုက် Act 1 ကို အကြာကြီးဆော့လို့ရပါတယ်။
GAME INFORMATION
Developer
Daniel Mullins Games
Version
1.10
Release
October 2021
Updated
August 2022
Network
Offline
Platform
PC, PS4/5, Xbox, Switch, macOS, Android (Fan-Port)
Download Size
1.8 GB
Total Size
3.5 GB
Controller
Partial Support
Fan-ports use touch.
Monetization
Premium (Paid)
OLD_DATA CORRUPTION[HEAVY LOAD]
System Requirements
Mobile Specs
  • AndroidAndroid 9.0+
  • RAM4 GB
  • SOCSnapdragon 720G
  • Arch64-bit ARM
PC Specs
  • CPUIntel Core i5-760
  • RAM4 GB
  • GPUGeForce GTX 550 Ti
  • DirectXVersion 11
GRAPHICS94%
GAMEPLAY96%
CONTROL60%
9.2
MASTERPIECE
For Android Player
Mobile အတွက် Official ထွက်ရှိထားတာမဟုတ်ပဲ Fan-ports အနေနဲ့ Android မှာပဲ ရသေးတာကြောင့် ကိုယ့်ရဲ့ Device က Powerful ဖြစ်နေဖို့ လိုအပ်ပါလိမ့်မယ်။
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...