Moth Lake A Horror Story
အေးချမ်းတဲ့ မြို့ငယ်လေးရဲ့ အမှောင်ဘက်အခြမ်း
Moth Lake ဆိုတဲ့ နယ်မြို့လေးကို ကြည့်လိုက်မယ်ဆိုရင် သစ်ပင်တောတောင်တွေ၊ ရေကန်တွေနဲ့ အေးချမ်းတဲ့ နယ်မြို့လေး တစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် နေကြတ်မယ့် ညနေခင်းတစ်ခုကို အရောက်မှာတော့၊ ဒီမြို့လေးရဲ့ မြေအောက်ထဲမှာ မျိုးဆက်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ အနက်ရှိုင်းဆုံး၊ ကြောက်မက်ဖွယ်အကောင်းဆုံး လျှို့ဝှက်ချက်တွေဟာ အပြင်ကို ယိုဖိတ်ကျလာခဲ့ပါတယ်။

ရိုးရှင်းတဲ့ 2.5D Pixel Art လေးနဲ့ တည်ဆောက်ထားပေမယ့် လုံးဝကို နက်ရှိုင်းတဲ့ Psychological Horror ဇာတ်လမ်းကို ပေးစွမ်းနိုင်တာဖြစ်ပြီး ဆယ်ကျော်သက် 6 ယောက်ရဲ့ စိတ်ဒဏ်ရာတွေ၊ လျှို့ဝှက်ဂိုဏ်းတွေနဲ့ ပဟေဠိတွေကို Stealth-action တွေနဲ့ ပေါင်းစပ် ဖြေရှင်းရမှာမလို့ ကိုယ်ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ တခြားသူတွေရဲ့ အသက်ရှင်သန်နိုင်စွမ်းကို အဆုံးအဖြတ်ပေးမှာ ပဲဖြစ်ပါတယ်။

( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
မင်မင်တို့ ကစားရမယ့် ဇာတ်ကောင် 6 ယောက်စလုံးက သာမန် ပျော်ရွှင်နေတဲ့ လူငယ်တွေ မဟုတ်ကြပါဘူး။ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ ဖုံးကွယ်ထားချင်တဲ့ အတိတ်က စိတ်ဒဏ်ရာတွေ၊ မိသားစု ပြဿနာတွေနဲ့ ကြောက်ရွံ့မှုတွေကိုယ်စီ ရှိနေကြတာပါ။ ဂိမ်းက ဒီအချက်တွေကို အရမ်း ပီပြင်အောင် တည်ဆောက်ထားတာဖြစ်ပြီး ဇာတ်လမ်းက မိဘမဲ့ဂေဟာက ကလေးတွေ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတဲ့ ကိစ္စကနေ စတင်ထားပါတယ်။

ဒါကို စူးစမ်းဖို့ ကြိုးစားရာကနေတဆင့်၊ သွေးစွန်းနေတဲ့ ယဇ်ပူဇော်မှုတွေ လုပ်နေတဲ့ လျှို့ဝှက်ဂိုဏ်းတွေ၊ တခြားကမ္ဘာက ကြောက်စရာကောင်းတဲ့ သတ္တဝါတွေနဲ့ပါ ထိပ်တိုက်တွေ့ရမှာပါ။ ဂိမ်းထဲက စာကြောင်းရေ နှစ်သောင်းကျော်လောက်ဟာ ဒီလူငယ်တွေရဲ့ Dark Humor တွေ၊ ကြောက်ရွံ့မှုတွေနဲ့ စိတ်ခံစားချက်တွေကို အသက်ဝင်စွာ ဖော်ပြပေးနေတာမလို့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Mechanics ပိုင်းကို ပြောရမယ်ဆိုရင် ဒါဟာ ရိုးရိုး Point and Click နှိပ်ရုံနဲ့ ကစားရမှာမျိုးမဟုတ်ပါဘူး။ ကိုယ်က 2.5D ကမ္ဘာကြီးထဲမှာ လမ်းလျှောက်တာ၊ ပြေးတာအပြင်၊ ရန်သူတွေ မမြင်အောင် ပုခိုးချောင်းမြောင်းသွားရတဲ့ Stealth အပိုင်းတွေအထိ အာရုံလွှဲရတဲ့ အက်ရှင်တွေ အများကြီး ပါဝင်ပါတယ်။ Parallax scrolling နဲ့ Modern lighting တွေကို သုံးထားတာမလို့ Pixel Art ဖြစ်ပေမယ့် 3D လိုမျိုး အလင်းအမှောင် effect တွေက တကယ့်ကို ကျောချမ်းစရာ ကောင်းနေတာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာ အထူးခြားဆုံး Mechanic ကတော့ Choice & Bond System ပါပဲ။ ဂိမ်းထဲမှာ ကိုယ်လုပ်လိုက်တဲ့ ရွေးချယ်မှုတွေ၊ ပြောလိုက်တဲ့ စကားတွေက လူငယ် 6 ယောက်ကြားက သံယောဇဉ်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ သူတို့ စိတ်ဓာတ်ကျနေလား၊ ပျော်ရွှင်နေလား ဆိုတာက သူတို့ရဲ့ Animation တွေမှာ သိသာစေပြီး၊ ဒီဆက်ဆံရေးတွေပေါ် မူတည်ပြီးတော့မှ ဂိမ်းရဲ့ အဆုံးသတ် Ending 6 မျိုးဟာ ကွဲထွက်သွားမှာပဲဖြစ်ပါတယ်။ တချို့ဆုံးဖြတ်ချက်တွေမှာဆိုရင် တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်သလို၊ သေတွင်းထဲကိုလည်း မထင်မှတ်ပဲ တွန်းပို့ခံရနိုင်ပါတယ်။

ဒါ့အပြင် ဇာတ်ကောင်တွေရဲ့ အတိတ်က Trauma တွေကို First-person perspective ပုံစံနဲ့ ဖြေရှင်းရတဲ့ အပိုင်းတွေက တကယ့်ကို ဂိမ်းရဲ့ ပြောင်မြောက်တဲ့ Masterclass လို့တောင် ပြောလို့ရပါတယ်။ ဒီ ပဟေဠိတွေကို ဖြေရှင်းနိုင်မှသာ သူတို့ရဲ့ အတိတ်က နာကျင်မှုတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး ရှေ့ဆက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက အမှောင်ထဲက ရန်သူတွေကို ရှောင်ကွင်းရတဲ့ Stealth အပိုင်းတွေမှာတော့ အမှားအယွင်း တစ်ချက်လေး လုပ်မိတာနဲ့ ကြောက်စရာကောင်းတဲ့ သေဆုံးမှုတွေနဲ့အတူ Checkpoint ကနေ ပြန်စရမှာပဲ ဖြစ်ပါတယ်။

မင်မင် အနေနဲ့ ဒီဂိမ်းရဲ့ အကြိုက်ဆုံးအချက်ကိုပြောပါဆိုရင် သာမန် Horror ဂိမ်းတွေလို Jumpscare တွေချည်းပဲ အားကိုးပြီး လန့်အောင်လုပ်နေတာမျိုး မဟုတ်ဘဲ၊ ဒီလူငယ် 6 ယောက်ရဲ့ စိတ်ထဲက နာကျင်မှုတွေ၊ သူတို့ရဲ့ ရုန်းကန်ရမှုတွေကို ကိုယ်ကိုတိုင် ဝင်ရောက်ခံစားနိုင်အောင် ဆွဲဆောင်ထားတာကြောင့် အရမ်းမိုက်ပါတယ်။ Graphic က Pixel Art လေးတွေနဲ့ ဖော်ပြထားပေမယ့်၊ တချို့ ဇာတ်ကွက်တွေမှာဆိုရင် တကယ်ကို ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားပြီး မျက်ရည်ဝဲရလောက်တဲ့အထိ ခံစားရစေတာပဲဖြစ်ပါတယ်။ အထူးသဖြင့် နောက်ခံ Background Music ရဲ့ အေးစက်စက် အသံလေးတွေနဲ့ ပေါင်းစပ်လိုက်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ Cinematic Horror Experience ကို ရရှိစေမှာပဲဖြစ်ပါတယ်။
ပြိုင်တူ ထိန်းချုပ်ရတာ မဟုတ်ဘဲ ဇာတ်လမ်း အခန်းကဏ္ဍအလိုက် ဇာတ်ကောင်တွေကို ပြောင်းလဲ ထိန်းချုပ်ရတာပါ။ ကိုယ့်ရဲ့ ရွေးချယ်မှု Choices တွေက သူတို့ရဲ့ စိတ်ခံစားချက်နဲ့ အချင်းချင်း သံယောဇဉ်ကို ပြောင်းလဲစေပြီး၊ ဆုံးဖြတ်ချက် အမှားတစ်ခုက ဇာတ်ကောင်တစ်ယောက်ကို သေဆုံးစေတဲ့အထိ ဖြစ်စေနိုင်တာကြောင့် Ending ၆ မျိုးအထိ ကွဲထွက်သွားမှာပဲ ဖြစ်ပါတယ်။
Game Information
Developer
Sui Arts
Version
1.1.0
Release
December 2, 2022
Updated
October 2023
Network
Offline
Platform
Android, iOS, PC
Download Size
115 MB
Total Size
250 MB
Multiplayer
Singleplayer Only
Monetization
Premium (Paid)
SYSTEM IMPACT[OPTIMIZED]
Mobile Specs
- Android5.0 +
- iOS13.0 +
- RAM2 GB +
- SOCSnapdragon 660
- Arch64-bit ARM
PC Specs
- CPU1.0 GHz
- RAM4 GB
- GPUOpenGL 2.1
- DirectXVersion 9
8.5
AWESOME
DOWNLOAD LINKS
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...
