LATEST NEWS

Fetching news...

Sigma Theory

Sigma Theory

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS Nitendo PC
အမှန်တိုင်းပြောရရင် ဒီဂိမ်းက ကလေးတွေအတွက် မဟုတ်သလို၊ လူတိုင်းအတွက်လည်း မဟုတ်ပါဘူး။တစ်ခါလေ တွေးကြည့်မိဖူးလား ? အသက်ရွယ်လေးတစ်ခုရောက်လာပြီဆိုရင် ကိုယ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ဒီကမ္ဘာကြီးရဲ့ နောက်ကွယ်က စနစ်တွေအကြောင်းပေါ့။ နေ့ရက်တိုင်းက သာမန်လို့ထင်ရပေမယ့် စက္ကန့်တိုင်းမှာ ကမ္ဘာကြီးရဲ့ နှလုံးခုန်သံက အရေးပါနေတယ်ဆိုတာကို ဒီဂိမ်းက တစ်နည်းနည်းနဲ့ ပုံဖော်ပေးသွားမှာမလို့ ‌မဆော့ရင်တောင် အဆုံးထိ ဖတ်စေချင်မိတယ်။
အမှောင်ကျ‌နေတဲ့ အခန်းကျဉ်းလေးထဲမှာ ထိုင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်ကြည့်လိုက်ပါ။ ကိုယ့်ရှေ့မှာ ကမ္ဘာမြေပုံပါတဲ့ Screen အကြီးကြီးတစ်ခုရယ်၊ ကိုယ့်ရဲ့ အမိန့်ကို စောင့်နေကြတဲ့ Agent တွေရဲ့ အချက်လက်တွေရယ် ပြောရရင် သာမန်ရုံးခန်းလေးရဲ့ အငွေ့သက်တစ်ခုလိုမျိုးပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက် တစ်ခုက နိုင်ငံတစ်နိုင်ငံကို ပြာကျသွားစေနိုင်သလို၊ လူသားမျိုးနွယ်တစ်ခုလုံးကိုလည်း ကယ်တင်နိုင်စွမ်း ရှိနေမယ်ဆိုရင် ယုံနိုင်ကြလား ? ဒါဟာ သေနတ်သံတွေ၊ စစ်ပွဲသံတွေ မပါပေမယ့် သွေးထွက်သံယို အများဆုံးဖြစ်လာမယ့် လူ့အဖွဲ့စည်း နောက်ကွယ်က အသံတိတ် ကမ္ဘာ့စစ်ပွဲတစ်ခုပဲဖြစ်ပါတယ်။
𝐒𝐢𝐠𝐦𝐚 𝐓𝐡𝐞𝐨𝐫𝐲 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
Sigma Theory ဆိုတာ Turn-based Strategy နဲ့ သူလျှိုလုပ်ငန်း Espionage ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ်က Agent တွေကို စေခိုင်းပြီး ရန်သူနိုင်ငံတွေဆီကနေ သိပ္ပံပညာရှင်တွေကို ခိုးယူတာ‌‌တွေ၊ သံတမန်ရေးရာ ကစားတာတွေလုပ်ရင်း ကမ္ဘာပျက်နာရီလို့ တင်စားကြတဲ့ Doomsday Clock ကို အချိန်မီ တားဆီးရမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ 
ဒီဂိမ်းက Sigma Theory လို့ခေါ်တဲ့ တွေ့ရှိမှုကြီးကနေ အရာအားလုံးကို စတင်ထားတာပါ။ ဒီ သီအိုရီသာ အပြည့်အဝ အောင်မြင်သွားမယ်ဆိုရင် လူသားတွေဟာ ကမ္ဘာ့စီးပွားရေး စနစ်ကြီးတစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ်နိုင်ပြီး လိုအပ်ရင် နိုင်ငံတစ်နိုင်ငံကိုတောင် မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်နိုင်တဲ့ အထိ အာဏာ၊ စွမ်းအားတွေ ရလာမှာပဲဖြစ်ပါတယ်။ ဒါကို သိသွားတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ ဒီနည်းပညာကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် ကိုယ်ပိုင် Sigma Division တွေကို လျှို့ဝှက် ဖွဲ့စည်းလာကြပါတယ်။
ကိုယ်က ကိုယ့်နိုင်ငံရဲ့ Sigma အကြီးအကဲအဖြစ် တာဝန်ယူပေးရမှာဖြစ်ပြီး တခြားနိုင်ငံတွေထက် The Singularity လို့ခေါ်တဲ့ အမြင့်ဆုံး အဆင့်ထိရောက်အောင် သွားပေးရမှာပါ။ ဒီဂိမ်းရဲ့ စိန်ခေါ်မှုက တော်တော်လေးကြမ်းတယ်လို့ ပြောရမှာပါ။ ဘာလို့ဆို နိုင်ငံတကာ တင်းမာမှု မြင့်တက်လာတဲ့အချိန် Doomsday Clock နာရီသာ ညသန်းခေါင်ယံကို ရောက်သွားရင်တော့ ကမ္ဘာကြီးဟာ နျူကလီးယား စစ်ပွဲထဲကို ဆင်းသက်သွားမှာဖြစ်ပြီး လူသားမျိုးနွယ် တစ်ခုလုံး ပျက်သုဉ်းသွားမှာပဲ ဖြစ်ပါတယ်။
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ဒီဂိမ်းရဲ့ အဓိကအသက်က ကိုယ်‌ရွေးချယ် ခန့်အပ်ရမယ့် အထူးအေးဂျင့်တွေပါပဲ။ ဇာတ်ကောင်ပေါင်း 50 အထိရှိပြီး တစ်ယောက်ချင်းစီတိုင်းမှာ Hacker, Seducer နဲ့ Soldier ဆိုပြီး ကျွမ်းကျင်မှုကိုယ်စီရှိတဲ့အပြင် ဒီအေးဂျင့်တွေကို သုံးပြီးတော့မှ ရန်သူ့နိုင်ငံက သိပ္ပံပညာရှင်တွေကို ငွေနဲ့ ပေါက်တဲ့ Bribe လုပ်တာမျိုးတွေ၊ Blackmail ခြိမ်းခြောက်တာမျိုး‌‌တွေ၊ အမှန်တရားဟာ ခါးတယ်လို့ ပြောယူရမယ့် ချစ်ကြိုက်အောင် Seduce လုပ်ယူပြီးမှ ကိုယ့်ဘက်ပါအောင် သိမ်းသွင်းရတာမျိုးတွေက တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတာပဲဖြစ်ပါတယ်။
အဲဒီလို သိမ်းသွင်းတာ အောင်မြင်သွားပြီဆိုရင် Exfiltration လို့ခေါ်တဲ့ လွတ်မြောက်ရေး Mission ကို ဆက်ပြီးလုပ်ဆောင်ရပါတယ်။ ဒီအပိုင်းက တကယ့်ဇာတ်လမ်းတွေမှာ မြင်တွေ့နေရတဲ့ အခြေနေမျိုးဖြစ်ပြီး ကမ္ဘာ့မြို့တော်ကြီးတွေရဲ့ လမ်းမတွေပေါ်မှာ ရန်သူ့လုံခြုံရေးတွေကို ရှောင်ရှားပြီး ကိုယ့်ပစ်မှတ်ကို ကယ်ထုတ်ရတာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အေးဂျင့်တွေဆိုတာကလဲ လူသားတွေပဲဖြစ်တာကြောင့် တချို့က သွေးဆာနေတတ်တယ်ဆိုရင် ပြဿနာကို Thatဖြတ်ခြင်းနဲ့ပဲ ဖြေရှင်းချင်ကြပါတယ်။ အဲဒီတော့ မင်မင်တို့ အနေနဲ့ ကစားတဲ့အခါ ကိုယ့်အေးဂျင့်ရဲ့ စိတ်နေစိတ်ထားကိုပါ တစ်ခါတည်း ထည့်တွက်ပြီး အမိန့်ပေးရတာမလို့ တကယ့် ခေါင်းဆောင်တစ်ယောက်လိုဖြစ်နေသလိုအထိ ခံစားရစေပါတယ်။
သံတမန်ရေးရာ (Diplomacy)
ဒီအထိ ဖတ်လာပြီဆိုရင်တော့ သေချာပေါက် စာဖတ်ဝါသနာပါတဲ့ သင့်ကို မင်မင်ကိုယ်တိုင်က အရမ်းကျေးဇူးတင်ကြောင်း အသိပေးချင်ပါတယ်။ ဂိမ်းအကြောင်းကို ပြည့်ပြည့်စုံစုံ သိဖို့ဆိုရင် Diplomacy အကြောင်းကိုလည်း ဖယ်ထားလို့မရပါဘူး။
ကိုယ့်ဘက်က သူများနိုင်ငံကို သွားနှောင့်ယှက်သလို၊ သူများနိုင်ငံကလည်း ကိုယ့်ဆီက သိပ္ပံပညာရှင်တွေကို လာခိုးကြမှာ မလွဲဧကန်ပါပဲ။ ဒီအခါမှာ Counter-espionage ဆိုတဲ့ စနစ်နဲ့ ရန်သူ့ သူလျှိုတွေကို လိုက်လံရှာဖွေ ဖမ်းဆီးပေးရမှာပါ။ ဖမ်းမိတဲ့ သူလျှိုတွေကို စစ်ဆေးမေးမြန်းတာ၊ ဒါမှမဟုတ် ရန်သူနိုင်ငံနဲ့ အပေးအယူလုပ်ပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ Ransom တွေက အစလုပ်နိုင်ပါတယ်။ သံတမန်ရေးရာ Diplomacy အပိုင်းမှာလည်း ရန်သူနိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကျိတ်အနယ် ဆွေးနွေးရတာတွေက တကယ့်ကို နိုင်ငံရေး ကစားကွက်တစ်ခုလို ခံစားရစေမှာပါ။ တချို့ အခြေအနေတွေမှာ ကမ္ဘာကြီးပျက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ကိုယ်အပင်ပန်းခံ ရှာဖွေထားတဲ့ Sigma Research တွေကို ရန်သူဆီ အလကား ပေးလိုက်ရတဲ့အထိ နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေကိုပါ ချမှတ်ရနိုင်ပါတယ်။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐓𝐚𝐤𝐞
မင်မင် အကြိုက်ဆုံးကတော့ ဒီဂိမ်းက ပေးတဲ့ စိတ်ခံစားချက်လို့ပဲ ပြောရမှာပဲ။ Graphic တွေ ၊ Action အကြမ်းစားတွေနဲ့ ဆွဲဆောင်တာမျိုး မဟုတ်ဘဲ၊ စာလုံးလေးတွေ၊ ရွေးချယ်စရာလေးတွေနဲ့တင် ကစားတဲ့သူကို Tension အပြည့်ပေးနိုင်တာမလို့ အရမ်းမိုက်တယ်လို့ ပြောလို့ရတယ်။ တစ်ခါလေ ကိုယ့်ရဲ့ အချစ်ဆုံး အေးဂျင့်တစ်ယောက်က ရန်သူ့လက်ထဲမှာ အဖမ်းခံနေရတဲ့အချိန်တွေဆိုရင် သူ့ကို ကယ်မလား၊ ဒါမှမဟုတ် တိုင်းပြည်အတွက် စတေးလိုက်မလား ဆိုတဲ့ ရွေးချယ်မှုမျိုးတွေက တကယ်ကို ဂျင်းထဲကြပ်ထဲ ရောက်စေတဲ့ လူသားဆန်မှုတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသားပေး Strategy ကြိုက်တဲ့သူ တွေဆိုရင် ဒီဂိမ်းက စမ်းကို စမ်းကြည့်သင့်ပါတယ်။ ဘာလို့ဆို မထင်ထားတဲ့ အခြေနေမျိုးတွေလဲ ကြုံရနိုင်တာကြောင့် ဘဝရဲ့ လှည့်ကွက်တွေကို ဒီဂိမ်းထဲမှာ အစုံမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Multiplayer လုံးဝမပါဝင်ပါဘူး။ Single-player သီးသန့်ဖြစ်ပြီး အင်တာနက်မလိုဘဲ အပြည့်အဝ Offline ကစားနိုင်ပါတယ်။
Controller Support လုံးဝ မပါဝင်ပါဘူး။ P2W လုံးဝမဟုတ်ဘဲ တစ်ခါဝယ်ထားရင် အပြီးဆော့လို့ရတဲ့ Premium ဂိမ်းပါ။
GAME INFORMATION
Developer
Mi-Clos Studio
Version
v1.2.12
Release
October 2022
Updated
January 10, 2026
Network
Offline
Platform
Android, PC, iOS
Download Size
145 MB
Total Size
300 MB
Controller
No Support
Multiplayer
Singleplayer Only
Monetization
Premium (Paid)
SYSTEM IMPACT[OPTIMIZED]
System Requirements
Mobile Specs
  • AndroidAndroid 5.1+
  • iOSiOS 13.0+
  • RAM2 GB
  • SOCSnapdragon 450+
  • Arch64-bit ARM
PC Specs
  • CPU1.3 GHz CPU
  • RAM1 GB
  • GPUGT 440 or Radeon HD 5550
  • DirectXVersion 10
GRAPHICS58%
GAMEPLAY80%
CONTROL60%
7.2
GOOD STRATEGIC
DOWNLOAD LINKS
Download from the official servers to support the developers.
MOD VERSIONS
Download alternative versions for testing purposes.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...

လူကြည့်အများဆုံး GAMES