LATEST NEWS

Fetching news...

The Division Resurgence

The Division Resurgence

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS
ဒီဂိမ်းက Mobile မှာ မြင်ရခဲတဲ့ ဇာတ်အိမ်မျိုးနဲ့ ဖန်တီးထားတာကြောင့် ပြောရရင် ဒီလို အခြေနေမျိုးထက် Zombie ကပ်ဘေးကမှ တော်ရာကြအုံးမယ်ဆိုပြီး ‌တွေးကောင်း‌‌တွေးမိသွားနိုင်ပါတယ်။
𝐓𝐡𝐞 𝐃𝐢𝐯𝐢𝐬𝐢𝐨𝐧 𝐑𝐞𝐬𝐮𝐫𝐠𝐞𝐧𝐜𝐞 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
The Division Resurgence ဆိုတာက Ubisoft ကနေ Mobile အတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ AAA Open-World TPS ဂိမ်းကြီးဖြစ်ပြီး The Division 1 & 2 ရဲ့ အနှစ်သာရတွေ အကုန်လုံးကို ယူဆောင်လာပေးတာပါ။ လူနေမှုအဖွဲ့စည်းကြီး ပြိုလဲကျသွားတဲ့အချိန်၊ အစိုးရယန္တရားကြီး ပျက်စီးသွားတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ပဋိပက္ခပြဿနာတွေကို မြင်တွေ့ရမှာဖြစ်တာကြောင့် ကစားကို ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။
𝐃𝐞𝐞𝐩 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
ဂိမ်းအကြောင်းမပြောခင် Post-pandemic collapse of society ဆိုတာကို ကြားဖူးကြလား ? တစ်နည်းအားဖြင့် လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေ၊ အစိုးရယန္တရားတွေနဲ့ စီးပွားရေးစနစ်တွေ အကုန်လုံး ရပ်တန့်ပျက်စီးသွားတဲ့ အခြေအနေတစ်ခုပေါ့။
အဲဒီလိုအချိန်မျိုးကြရင် ထိန်းချုပ်မှုဆိုတာ မြေပြင်အထိပြိုလဲသွားပြီး ပိုက်ဆံထက် ကျည်ဆံနဲ့ အစားသောက်၊ အထူးသဖြင့် Power တွေက ပိုပြီးကြီးဆိုးလာကြပါတယ်။ လူတိုင်းဟာ Survival ဆိုတဲ့ အခြေနေမျိုးကို ရင်ဆိုင်ကြရပြီး တစ်ဖက်မှာလည်း လူသားတွေရဲ့ Dark Site ‌တွေဟာ ဖုံးဖိလို့မရအောင်ကို ပေါ်ထွက်လာကြတဲ့ အခြေနေမျိုးပါ။
ဒီဂိမ်းမှာလဲ ကမ္ဘာ့လူဦးရေ လျော့ချချင်တဲ့ သိပ္ပံပညာရှင်တစ်ဦးက ကုသနည်းမရှိတဲ့ Super-virus အသစ်တစ်ခုကို ဖန်တီးခဲ့ပြီး ဒေါ်လာငွေစက္ကူပေါ်ကို သုတ်လိမ်းကာ မြို့ရဲ့ လူဝယ်အများဆုံး ဈေးဆိုင်တစ်ခုမှာ စတင်ဖြန့်ဝေခဲ့ပါတယ်။ ပိုက်ဆံပေါ် ပိုက်ဆံထပ်ရင်း Virus တွေက ရက်ပိုင်းနဲ့ တစ်မြို့လုံးကို ပျံ့နှံ့သွားတာကြောင့် အသေပျောက်တွေလည်း များခဲ့တဲ့အပြင် လူတွေကလည်း ကြောက်လန့်တကြားနဲ့ ရိက္ခာတွေကအစ ပြတ်တောက်တဲ့အထိ society ကြီးတစ်ခုလုံးကို ပြိုလဲကျသွားပါတယ်။
အဲဒီမှာ ရဲတွေ၊ သာမန်အဖွဲ့စည်းတွေ ထိန်းချုပ်လို့မရတော့တဲ့ အခြေနေမျိုးကို ရင်ဆိုင်လာရတာကြောင့် အစိုးရဟာ နောက်ဆုံးခံစစ်‌အနေနဲ့ The Division ဆိုတဲ့ Agents တွေကို စတင်လှုပ်ရှားခိုင်းပါတော့တယ်။ အဲဒီ Agents တွေဟာ သာမန်အရပ်သားတွေလို သူသူငါငါ ခွဲလို့မရတာကြောင့် အမိန့်ကျလာတဲ့အချိန်မှသာ ကိုယ်စီလှုပ်ရှားကြရတာဖြစ်ပြီး သင်ကိုယ်တိုင်ကလည်း အဲဒီ Agents တွေထဲက တစ်ယောက်အဖြစ်နဲ့ ကစားရမှာပဲဖြစ်ပါတယ်။
ဒီဂိမ်းရဲ့ အသက်ကတော့ လုံးဝကို Action-packed ဖြစ်တဲ့ Cover-based Shooting စနစ်ပါပဲ။ ပြောရရင် တခြားဂိမ်းတွေနဲ့ မတူပဲ Cover ယူတာ၊ အကာအကွယ်တစ်ခုကနေ တစ်ခုကို ပြောင်းရွှေ့တဲ့ Cover-to-cover movement တွေက လုံးဝကို Smooth ဖြစ်ပါတယ်။ တိုက်ပွဲတိုင်းက Fast-paced ပုံစံမျိုးဖြစ်ပြီး ရန်သူတွေကလည်း Intelligent အရမ်းကောင်းတဲ့အတွက် တစ်နေရာတည်းမှာ ရပ်ပြီးပစ်နေမယ့် Dummy တွေ‌တော့ မဟုတ်ပါဘူး။ Flank လာလုပ်တဲ့ ရန်သူတွေကို ကိုယ့်ရဲ့ Turret လေးချပြီး ကာကွယ်မလား၊ ဒါမှမဟုတ် Sniper ကိုင်ပြီး အဝေးကနေ Headshot တွေချည်း လှမ်းပစ်မလား... အားလုံးက Player ရဲ့ ကစားကွက်အပေါ်မှာပဲ အများကြီး မူတည်သွားတာပါ။
နောက်ခံ ဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ထပ်ပြောရရင်လည်း ဒီဂိမ်းက သာမန် Mobile ဂိမ်းတွေလို ဇာတ်လမ်းကို အပေါ်ယံလေး လုပ်ထားတာတော့ မဟုတ်ပါဘူး။ The Division 1 နဲ့ 2 ရဲ့ ကြားက အချိန်ကာလကို ပြန်လည်အသက်သွင်းထားပြီး New York မြို့ကြီး ပြိုကျစ အချိန်ကို ပြန်သွားရမှာပါ။ နောက်ပြီး အခုမှ အသစ်ပါလာတဲ့ Freemen Faction နဲ့ သူတို့ရဲ့ ခေါင်းဆောင် Arthur King ရဲ့ နောက်ကြောင်းတွေကလည်း တကယ့်ကို ရုပ်ရှင်တစ်ကားကြည့်နေရသလိုအထိ ခံစားစေရမှာပဲဖြစ်ပါတယ်။ မြေပုံကလည်း Open-world အကျယ်ကြီး ဖြစ်တဲ့အတွက် လမ်းကြုံရင် ကြုံသလို Random Encounters တွေ၊ Side Missions တွေ အများကြီးကိုပါ မရိုးရအောင် ကစားရမှာပါ။
Mechanics ပိုင်းမှာ အကြိုက်ဆုံးကတော့ RPG Elements တွေပါပဲ။ သေနတ်တွေ၊ Gear တွေမှာ Rarity အလိုက် Common, Uncommon, Rare, Epic နဲ့ Legendary ဆိုပြီး ခွဲထားတဲ့အပြင် Stats တွေက အစ မတူကြပါဘူး။ ကိုယ့်ရဲ့ Style နဲ့ ကိုက်ညီမယ့် Build တစ်ခုဖြစ်လာဖို့ဆိုရင် Looting လုပ်ရတာ၊ Grind လုပ်ရတာတွေက တကယ်ကို ဒီဂိမ်းမှာ စွဲလမ်းစရာကောင်းပါတယ်။ အထူးသဖြင့် Dark Zone ဖြစ်တဲ့ PvPvE Area ကြီးထဲ ဝင်သွားပြီဆိုရင်တော့ ရင်တမမနဲ့ကို ခံစားရမှာပါ။
ပြောရရင် Dark Zone ဆိုတာက Seamless Multiplayer ဖြစ်ပြီး  အဲဒီထဲမှာ တခြား Player တွေနဲ့ ပူးပေါင်းပြီး ရန်သူတွေကို သတ်လို့ရသလို၊ တခြား Player တွေကို သစ္စာဖောက်ပြီး သူတို့ရဲ့ ပစ္စည်းတွေကိုလည်း လုယူလို့ ရပါတယ်။ ကိုယ်က လူသတ်လိုက်တာနဲ့ မြေပုံပေါ်မှာ Rogue Agent အနေနဲ့ အနီရောင် ပေါ်သွားမှာဖြစ်လို့ တစ်ဆာဗာလုံးက ကိုယ့်ကို Bounty Hunting အနေနဲ့ လိုက်သတ်ကြအုံးမှာပါ။ အဲဒီအချိန်မှာ လုလာတဲ့ ပစ္စည်းတွေကို Helicopter နဲ့ Extract လုပ်နိုင်ဖို့ဆိုတာက တကယ့်ကို ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ရင်ခုန်စရာကောင်းနေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်သူငယ်ချင်းတွေနဲ့ Team ဖွဲ့ပြီး Server တစ်ခုလုံးနဲ့ ယှဉ်ချရဲရင်ပေါ့။ 
နောက်ဆုံးအနေနဲ့ အထူးပြောချင်တာကတော့ Multi-platform နဲ့ Controller Support ပါပဲ။ ဒီဂိမ်းက Touch screen နဲ့ ဆော့ရင်တောင် UI က အတော်လေး သပ်ရပ်ပြီး Customization အပြည့်လုပ်လို့ရပေမယ့်၊ တကယ်တမ်း အမိုက်ဆုံးကတော့ PS5 DualSense, Xbox Wireless Controllers ဒါမှမဟုတ် Backbone လို Mobile Controllers တွေနဲ့ ချိတ်ဆော့ရတဲ့အရသာကတော့ လုံးဝကို Aiming တွေ၊ Movement တွေကအစ Console ပေါ်မှာ ဆော့နေရသလို ခံစားချက်မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။
𝐁𝐞𝐡𝐢𝐧𝐝 𝐭𝐡𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
Ubisoft အနေနဲ့ ဒီဂိမ်းကို 2022 ကတည်းက စတင်ကြေညာခဲ့တာဖြစ်ပြီး Unreal Engine 4 ကို အသုံးပြုကာ Develop လုပ်ခဲ့တာပါ။ တကယ်တမ်းတော့ 2024 လောက်ကတည်းက ထွက်ရှိဖို့ မှန်းထားခဲ့ပေမယ့် Mobile ပေါ်မှာ True AAA Experience ကို ပေးချင်တဲ့ Developer တွေရဲ့ ရည်မှန်းချက်ကြောင့် အကြိမ်ကြိမ် Delay လုပ်ခဲ့ရပြီး အခု 2026 ခုနှစ် March လ 31 ရက်နေ့မှာတော့ တရားဝင် Release လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭𝐢𝐧𝐠 𝐅𝐚𝐜𝐭𝐬
နောက်ပြီး အခု Game ထဲမှာ ဝှက်ထားတဲ့ အမိုက်စား အချက်လေးတွေ ရှိနေပါသေးတယ်။ ဥပမာ- Dark Zone ထဲက တချို့ Safehouses တွေဟာ The Division 1 တုန်းက အတိုင်း အတိအကျ ပြန်လည်တည်ဆောက်ထားတာဖြစ်ပြီး၊ Veteran တွေအတွက် လွမ်းမောစရာ Easter Eggs တွေလည်း အများကြီး ရှိနေပါတယ်။ နောက်ပြီး ဂိမ်းထဲက UI အသံတချို့ဟာ မူလ ISAC ဖြစ်တဲ့ Intelligent System Analytic Computer ရဲ့ အသံတွေကို Remaster ပြန်လုပ်ထားတာဖြစ်လို့ ဂိမ်းထဲဝင်လိုက်တာနဲ့ အရင်က အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရမှာပဲဖြစ်ပါတယ်။
𝐌𝐮𝐬𝐭 𝐊𝐧𝐨𝐰
ဒါပေမယ့် သတိပေးချင်တာလေးတွေလည်း ရှိပါတယ်။ ဂိမ်းက Online-only ဖြစ်တဲ့အတွက် Ping တက်ရင် တော်တော်လေး ဒုက္ခရောက်နိုင်ပါတယ်။ အထူးသဖြင့် Dark Zone လို နေရာမျိုးမှာ Ping 100 ကျော်တာနဲ့ သေဖို့ရာခိုင်နှုန်းက တော်တော်များသွားပါပြီ။ နောက်တစ်ခုက Monetization ပါ။ Ubisoft ရဲ့ အထာအရ အခုလောလောဆယ် Free ဆော့လို့ရပေမယ့် နောက်ပိုင်း Gear တွေ Max-level ရောက်ဖို့၊ Cosmetics လှလှလေးတွေ ဝတ်နိုင်ဖို့ဆိုရင်တော့ ပိုက်ဆံအတော်လေး သုံးရမယ့် Gacha Elements တွေ ပါလာနိုင်ပါတယ်။ ဖုန်း Specs မမြင့်တဲ့ သူတွေအတွက်တော့ ရှယ်ပူပြီး Battery စားနိုင်တာကို အထူးသတိပြုရပါမယ်။
အပြည့်အဝ ချိတ်ဆော့လို့ရပါတယ်။ PS5 DualSense, Xbox Wireless Controllers တွေအပြင် ဖုန်းမှာ တပ်ဆော့ရတဲ့ Backbone နဲ့ ROG Tessen လို Mobile Controller တွေကိုပါ အပြည့်အဝ Support ပေးထားပါတယ်။
လက်ရှိအချိန်ထိတော့ P2W သိပ်မဆန်သေးပါဘူး။ သို့သော်လည်း Ubisoft ရဲ့ ထုံးစံအရ နောက်ပိုင်း High-tier Gear တွေ၊ Battle Pass တွေမှာ ပိုက်ဆံသုံးနိုင်တဲ့ သူတွေက ပိုမြန်မြန် Level တက်နိုင်တဲ့ အခြေအနေမျိုး (Pay-to-Progress faster) တော့ ရှိလာနိုင်ပါတယ်။
GAME INFORMATION
Developer
Ubisoft
Version
1.0.0 (Global Launch)
Release
March 2026
Updated
March 2026
Network
Online
Platform
Android, iOS
Download Size
1.5 GB
Total Size
8 GB
Controller
Full Support
Supports PS5 DualSense, Xbox Wireless, Backbone, and ROG Tessen controllers.
Multiplayer
Online Multiplayer
Features 4-player co-op missions and PvPvE in the Dark Zone.
Monetization
Free to Play
HYPE OVERLOAD[HEAVY LOAD]
System Requirements
Mobile Specs
  • Android10.0+
  • iOS14.0+
  • RAM6 GB
  • SOCSnapdragon 8 Gen 1
  • Arch64-bit ARM
GRAPHICS90%
GAMEPLAY92%
CONTROL98%
9.3
MOBILE MASTERPIECE
OFFICIAL DOWNLOADS
Official PlayStore & AppStore Links
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...

လူကြည့်အများဆုံး GAMES