LATEST NEWS

Fetching news...

Barbie Horse Ride & Rescue

Barbie Horse Ride & Rescue

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS PC
ဒီရက်ပိုင်း Cozy ဂိမ်းတွေထဲမှာ တော်တော်လေး Surprise ဖြစ်မိတဲ့ ဂိမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူတိုင်း မသိသူမရှိတဲ့ Barbie Universe ရဲ့ Open World မြင်းဂိမ်းလေးတစ်ခုပါ။ တကယ်ကို Graphic, Sound Effect တွေကအစ အရင်ဂိမ်းတွေနဲ့ ဘာဆိုဘာမှ မတူအောင်ကို ရှယ်ဖန်တီးထားတာမလို့ Barbie ဂိမ်းတောင် ဟုတ်ရဲ့လားဆိုပြီး သံသရဝင်သွားပါလိမ့်မယ်။

Barbie™ Horse Ride & Rescue - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
----------------------------------------------
ဒီဂိမ်းကို PikPok ကနေ Develop လုပ်ထားပြီး Mattel ရဲ့ Official License နဲ့အတူ ထွက်ရှိလာတဲ့ Adventure, Casual, Simulation ဂိမ်းအမျိုးအစားတစ်ခုလို့ ပြောလို့ရပါတယ်။
PikPok ဆိုတာက Mobile Gamer တွေနဲ့ မစိမ်းတဲ့ Into the Dead series နဲ့ Rival Stars Horse Racing တို့ကို ဖန်တီးခဲ့တဲ့ Studio ပါ။ Rival Stars မှာကတည်းက မြင်းစီးတဲ့ Mechanic တွေ၊ မြင်းတွေရဲ့ Animation တွေကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာကြောင့် အခုတစ်ခါမှာ Barbie Universe နဲ့ ပေါင်းစပ်ပြီး ရှယ်ကြမ်းထားတာပဲဖြစ်ပါတယ်။
တကယ် အမှန်တိုင်းပြောရရင်လည်း Barbie ဂိမ်းတစ်ခုကနေ အခုလောက်အထိ Surprise ဖြစ်ရမယ်လို့ မထင်ထားခဲ့မိဘူး။ အထူးသဖြင့် Open World Map ကြီးရယ်၊ တကယ် Chill လို့ကောင်းတဲ့ Environment Graphic Quality တွေအပြင် Physics တွေကပါ အဖြစ်လုပ်ထားတာမဟုတ်တာကြောင့် တကယ်ကို သဘောကျစေမှာပဲဖြစ်ပါတယ်။
𝐆𝐚𝐦𝐞 𝐒𝐭𝐨𝐫𝐲𝐥𝐢𝐧𝐞
---------------
အခု Barbie တွေက New Generation တွေမလို့ Admin လည်း သိပ်မသိတော့ပေမယ့် ဇာတ်လမ်းနောက်ခံကို ပြောရမယ်ဆိုရင် Barbie တို့ အုပ်စုက တိရစ္ဆာန်စောင့်ရှောက်ရေးစခန်းမှာ Volunteer အနေနဲ့ ဝင်ရောက်လုပ်ကိုင်ကြတာကနေ စတင်ထားတာပါ။ တကယ်ကို Summer Vibe အပြည့်နဲ့ အရင်လို ပေါ့ပေါ့ပါးပါး မြင်တွေ့ရမယ့် ဇာတ်အိမ်မျိုးလို့လည်း ပြောလို့ရပါတယ်။
ဒါ့အပြင် တကယ်ကို ဂိမ်းထဲမှာ‌တောင် အတော်လှတဲ့ Moonrise Valley လို့ခေါ်တဲ့ လှပတဲ့ တောင်တန်းကြားတွေထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရမှာဖြစ်ပြီး မြင်းတွေကို ကယ်တင်ဖို့၊ စောင့်ရှောက်ဖို့နဲ့ သူတို့လေးတွေ ဘာကြောင့် ဒီလိုလေလွင့်လာရသလဲဆိုတဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရမယ့် Cozy Adventure ဂိမ်းလေးတစ်ခုကို မြင်တွေ့ရမှာပါ။
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
--------------------
ဒီဂိမ်းရဲ့ အဓိက Mechanic တွေက မြင်းတွေကို ကယ်တင်တာ၊ သန့်ရှင်းရေးလုပ်ပေးတာအပြင် အစာကျွေးတာ၊ နောက် Bonding Level တည်ဆောက်တာတွေအထိ ပါဝင်ပါတယ်။ ပိုထူးခြားတာက မြင်းတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် Personalities တွေနဲ့ Traits တွေလည်း ရှိပါသေးတယ်။ Barbie ဂိမ်းဆိုပြီး အထင်မသေးနဲ့နော်..
Action ပိုင်းအနေနဲ့ Barrel Racing နဲ့ Time Trial Mode တွေပါ ပါဝင်ပြီး အခုနောက်ဆုံး Update တွေမှာ Flag Chase ဆိုတဲ့ Community နဲ့ အတူယှဉ်ပြိုင်ရတဲ့ Multiplayer Feature ပါ ထည့်သွင်းပေးထားတာပါ။ ပြောရရင် Gameplay Mode တွေ၊ Event Mode တွေက အမြဲ Refresh ဖြစ်နေတာမလို့ တကယ်ကို မပျင်း‌ရအောင် အစုံထည့်ပေးထားတာလို့လည်း ပြောလို့ရပါတယ်။
တကယ် Barbie ဂိမ်းတစ်ခုအနေနဲ့ အသက်ဝင်စေတာက မပါမဖြစ် fashion design ပိုင်းတွေဖြစ်ပြီး ကိုယ့်ရဲ့ Avatar ဖြစ်တဲ့ Barbie နဲ့ မြင်းတွေအတွက် အဝတ်အစား‌တွေ၊ Tack Sets ဖြစ်တဲ့ ကုန်းနှီးတို့၊ ဇက်ကြိုး‌တွေအထိပါ ရာနဲ့ချီပြီး Customize လုပ်လို့ရသေးတာပါ။ ပြောရရင် မြင်းတွေရဲ့ Coat Colors တွေနဲ့ Patterns တွေက ထောင်နဲ့ချီပြီး Combinations ထွက်နိုင်အောင် ဖန်တီးထားတာမလို့ Designer တွေအတွက်တော့ မျက်စိကျစရာဖြစ်နေမှာပါ။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐎𝐩𝐢𝐧𝐢𝐨𝐧
------------------
တစ်ခုရှိတာက Barbie ဂိမ်းမလို့ လူတိုင်း Free To Play ကစားလို့ရပေမယ့် In Game Currency နဲ့ Microtransaction စနစ်တွေ ထည့်ပေးထားတာကြောင့် တစ်ချို့ အပိုင်းလေးတွေမှာ ကိုယ်တိုင် စိတ်ရှည်ရှည်နဲ့ စုရင်စု မဟုတ်ရင်တော့ Money သုံးရနိုင်တဲ့ အခြေနေလေးတွေ ရှိနိုင်ပါတယ်။
Overall ပြောရရင် Admin ကတော့ သဘောကျမိတယ်။ အရှိန်နဲ့ မြင်းကို စောင်းကွေ့တဲ့ အပိုင်းတွေမှာဆိုရင် မြင်းရဲ့ Animation Movement တွေက တကယ်ကို အားရစရာကောင်းတယ်။ အခုလို Adventure ဆန်ဆန်လေးနဲ့ Barbie ဂိမ်းတစ်ခုကို ပြန်လည်မြင်တွေ့လိုက်ရတော့ နောက်ထပ် ဂိမ်းတွေကိုလည်း Mattel ကနေ တကယ် မျှော်လင့်မိတယ်။ အထူးသဖြင့် Fashion တွေ၊ ဘာတွေညာတွေကို ဦးစားပေးတာထက် ဟိုအရင်က Old Generation Barbie တွေရဲ့ Brave & Adventure Type တွေကို ပြန်မြင်ယောင်ချင်မိတယ်။
𝐍𝐨𝐭 𝐀𝐛𝐨𝐮𝐭 𝐆𝐚𝐦𝐞 𝐁𝐮𝐭 𝐀𝐛𝐨𝐮𝐭 𝐨𝐮𝐫 𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧
================================
ပြောလို့သာပြောတာ Admin လည်း ဒီရက်ပိုင်း Old Cartoon လေးတွေကို ခွေထိုးပြီး ပြန်ကြည့်ရင်းကနေ ဟိုအရင်က Barbie ကားတွေရဲ့ Core Message တွေက တကယ်ကို သဘောကျစရာကောင်းမှန်း ပြန်သိခဲ့ရတယ်။
အခုခေတ်လို AI Generated Videos တွေထက်စာရင် အရင်တုန်းက ကာတွန်းတွေရဲ့ အနှစ်သာရက တကယ်ကို အများကြီးကွာတယ်။ အမှန်တိုင်းပြောရရင် AI Video တွေနဲ့ ကြီးပျင်းလာနေတဲ့ အခုခေတ်ကလေးတွေအတွက် အများကြီး စိတ်ပူမိသလို၊ လူကိုယ်တိုင် ဖန်တီးထားတဲ့ အနုပညာတွေဆိုတာကလည်း ကိုယ်တွေမျိုးဆက်က နောက်ဆုံး ခံစားရတာလားဆိုတာ စိုးရိမ်မိတယ်။
အခြေခံ Storyline နဲ့ မြင်းလေးတွေကို စောင့်ရှောက်တဲ့အပိုင်းကို Offline ဆော့လို့ရပါတယ်။ ဇာတ်လမ်းကတော့ Moonrise Valley မှာ လေလွင့်နေတဲ့ မြင်းလေးတွေကို ရှာဖွေကယ်တင်ပြီး ယုံကြည်မှုတည်ဆောက်ရတာပါ။
ဟုတ်ကဲ့ ပါပါတယ်။ အသစ်ထည့်သွင်းထားတဲ့ "Flag Chase" mode မှာ Community နဲ့အတူ ယှဉ်ပြိုင်ဆော့ကစားနိုင်ပါတယ်။
GAME INFORMATION
Developer
PikPok
Version
1.0.0
Release
June 2026
Updated
June 2026
Network
Offline/Online
Platform
Android, iOS, PC (Upcoming)
Download Size
875.5 MB
Total Size
1.5 GB
Monetization
Free to Play
HEALING VIBES[BALANCED]
System Requirements
Mobile Specs
  • Android10+
  • iOS13.0+
  • RAM4 GB
  • SOCSnapdragon 660 / Helio G80
  • Arch64-bit ARM
PC Specs
  • CPUIntel Core i5-4460
  • RAM8 GB
  • GPUGTX 760
  • DirectXVersion 11

ကိုယ့်ဖုန်းနဲ့ ဆော့လို့ရလား?

LOADING...
SYNCING DATABASE...
ဒီဂိမ်းကို ကိုယ့်ဖုန်းမှာ အဆင်ပြေပြေဆော့ကစားနိုင်ခြင်း ရှိ၊ မရှိ သိရှိရန် ကိုယ့်ဖုန်း၏ CPU Processor ကို ရွေးချယ်ပေးပါ။
SOC Tier
--
AnTuTu
--
Awaiting Selection...
GRAPHICS95%
GAMEPLAY80%
CONTROL80%
8.0
EXCELLENT COZY ADVENTURE
OFFICIAL DOWNLOADS
Download from the official servers.
MOD VERSIONS
This is only for testing purpose.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...