LATEST NEWS

Fetching news...

Choo Choo Charles

Choo Choo Charles

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS PC
အမှန်ဆို ဒီဂိမ်းက တော်တော်ကို creepy ဖြစ်ရမယ့် ဂိမ်းတစ်ခုဆိုပေမယ့် အရွယ်ရောက်လာလို့လားမသိဘူး ကြောက်စရာဆိုတာထက် ပိုပြီး‌တော့ Adventure ဆန်ဆန်နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်မျိုးကို ဒီဂိမ်းကစားတဲ့အခါမှာ ခံစားရစေတယ်။ 
Choo-Choo Charles - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
------------------------------------
ဘာကြောင့်မှန်းမသိပေမယ့် Admin ကတော့ ဒီကမ္ဘာရဲ့ လူတိုင်းစီးလို့ရတဲ့ ယာဉ်အမျိုးစားတွေထဲမှာ ရထားစီးရတာကို ပိုးစို့ပတ်စက် အရမ်းသဘောကျတာပါ။ အဲဒါကြောင့်လဲ ဒီ Horror ဂိမ်းကို ကြောက်စရာလို့ မမြင်ပဲ စွန့်စားခန်းတစ်ခုလို မြင်နေရတာက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါတယ်။
ဒီဂိမ်းက ငယ်ငယ်က ကလေးတိုင်းသိကြတဲ့ Thomas the Tank Engine ဆိုတဲ့ ကာတွန်းကားကို မှီငြမ်းပြီး ကြောက်စရာကောင်းတဲ့ Version ပုံစံမျိုးနဲ့ အခုလို ဂိမ်းကို ဖန်တီးလိုက်တာပါ။ ပြောရရင် ကလေးတွေအတွက်တော့ နည်းနည်း Trauma ဖြစ်သွားနိုင်တဲ့ အကွက်ကြီးလို့ ပြောရမှာပေါ့။ အရင်က ရထားဆိုရင် ချစ်စရာကြီးလို့ မြင်ခဲ့သမျှ အခုတော့ ညဘက် ရထားခေါင်းတွဲကြီးမြင်ရင်ကို ပင့်ကူလက်တံကြီးတွေပဲ ထွက်လာမလား ဒါမှမဟုတ် IT ထဲက Clown ကောင်ကြီးရဲ့ အစွယ်တရာပါးစပ်ကြီးပဲ ဖြဲထွက်လာမလားဆိုပြီး ဆိုက်ကိုဝင်ကုန်ကြတာပေါ့။ 
ပြောလို့သာပြောတာ ဒီဂိမ်းထွက်ပြီး နောက်ပိုင်း ကလေးတွေအဆော့များတဲ့ Roblox တို့၊ တခြား ဆင်တူ‌ဂိမ်းတွေကြောင့် တောက်လျှောက်နာမည်ကြီးလာခဲ့ပြီး ဒီပင့်ကူရထား iconic က ကလေးတိုင်း၊ လူကြီးတိုင်း မသိသူမရှိတဲ့အထိ Popular ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုဂိမ်းကတော့ လုံးဝ Original Version ကို Mobile အတွက်ထုတ်ပေးလိုက်တာဖြစ်ပြီး တကယ်ကို Optimization ကောင်းကောင်းနဲ့ ထွက်ရှိလာတာကြောင့် ချီးလည်းချီးကျူးသလို မဖြစ်မနေ ဆော့သင့်ကြည့်သင့်တဲ့ ဂိမ်းကောင်းထဲမှာလဲ ပါဝင်ပါတယ်။
𝐆𝐚𝐦𝐞 𝐒𝐭𝐨𝐫𝐲𝐥𝐢𝐧𝐞
---------------
ဒီဂိမ်းရဲ့ ဇာတ်လမ်းကတော့ Aranearum ဆိုတဲ့ ကျွန်းပေါ်မှာ ဖြစ်ပျက်နေတာပါ။ ကိုယ်က Monster Hunter တစ်ယောက်အနေနဲ့ ကစားရမှာဖြစ်ပြီး သူငယ်ချင်းရဲ့ အကူညီတောင်းမှုကြောင့် ဒီကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ တကယ်တော့ ဒီကျွန်းမှာ Warren Charles III ဆိုတဲ့ မိုင်းတွင်းလုပ်ငန်းရှင်က ရှေးဟောင်းပစ္စည်းတွေကို တူးဖော်ရင်း ဒီနတ်ဆိုးကို နိုးထစေခဲ့တာပါ။ Charles ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေကို ခြောက်ဖို့မဟုတ်ပဲ စားဖို့ပါ။ အဲဒါကြောင့် ကိုယ်က ရထားအဟောင်းတစ်စီးနဲ့အတူ NPC တွေကို ကူညီရင်း၊ အဆင့်ဆင့် Upgrade လုပ်ပြီးမှ နောက်ဆုံးမှာ Charles ကို သတ်ဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။ 
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
--------------------
ဒီအပိုင်းကတော့ မင်မင် သဘောအကျဆုံးဖြစ်ပြီး အပေါ်ကပြောထားခဲ့သလို Monster Hunter တစ်ယောက်ဆိုတော့ ရထားကြီးစီးပြီး Hunting လုပ်ရတာက တကယ်ကို အရသာတစ်မျိုးပါပဲ။ 
ဒီထဲမှာပါတဲ့ ရထားဆိုတာက သွားလာဖို့တင်မဟုတ်ဘဲ ကိုယ့်ရဲ့ အသက်ကယ်လက်နက်လို့လဲပြောလို့ရပါတယ်။ ဂိမ်းထဲမှာ အဓိကအားဖြင့် Scrap တွေစုပြီး ကိုယ့်ရထားကို Armor အထူကြီးဖြစ်အောင် လုပ်ရသလို၊ Damage ပိုပြင်းတဲ့ လက်နက်တွေ တပ်ဆင်ရတာက တကယ်ကို ကျေနပ်စရာကြီးပါ။ Open Map ကြီး ဖန်တီးထားတဲ့အပြင် ကျွန်းတစ်ခုလုံးကို ရထားလမ်းတွေ သွယ်ပေးထားတာကြောင့် စိတ်ကြိုက်ကို လွတ်လွတ်လပ်လပ် Explore လုပ်ခွင့်ရမှာပါ။ 
Graphic ပိုင်းမှာဆိုရင်လည်း Admin ကိုယ်တိုင် PC မှာ အရင်ဆော့ထားခဲ့တာကြောင့် Mobile Version က တကယ်ကို ချီးကျူးစရာကောင်းပါတယ်။ ဒီတိုင်းကြီး Port လုပ်လိုက်တာမျိုးမဟုတ်ပဲ Mobile Chips တွေ ရုန်းနိုင်မယ့် အနေထားကို Optimization လုပ်ပြီး ထုတ်ပေးလိုက်တာကြောင့် PC လို Ultra Graphic မျိုးမဟုတ်ရင်တောင် တော်တော်ကြီးကို ကြည့်လို့ကောင်းတဲ့ အနေထားမျိုးမှာ ရှိပါတယ်။ 
ဘာပဲပြောပြော Mobile မှာ Graphic ကောင်းကောင်းနဲ့ ရထားစီးရတာကိုက တကယ်ကို အရမ်းတန်နေပါပြီ။ အဲဒါကိုမှ Horror Vibe လေးနဲ့ ညဘက်ကြီးမှာ Hunting လုပ်ရတာဆိုတော့ တကယ်ကို Admin အတွက်တော့ Dark Cozy ဂိမ်းလေးလို့ ပြောလို့ရပါတယ်။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐎𝐩𝐢𝐧𝐢𝐨𝐧
------------------
ဒီဂိမ်းကို ကစားရတာက လုံးဝကြီး ကြောက်စရာမဟုတ်ဘူးဆိုပေမယ့် တဖက်မှာလည်း Horror အငွေ့အသက်က တကယ်ကို ထူးခြားပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် ကိုယ်က ကျွန်းပေါ်မှာ လွတ်လပ်စွာ သွားလာနိုင်ပေမဲ့၊ အချိန်တိုင်းမှာ ဒီ သရဲရထားက ဘယ်အချိန်ပေါ်လာမလဲဆိုတဲ့ စိုးရိမ်စိတ်က ပတ်ဝန်းကျင်လိုက်ကြည့်တိုင်းကို ရင်ထိတ်စေပါတယ်။ 
Admin အမြင်အရ Stealth စနစ်‌တွေက နည်းနည်း အားနည်းသလို ခံစားရတယ်။ Cultist တွေဆီကနေ ပစ္စည်းခိုးတဲ့အခါမှာ တုံ့ပြန်မှုက အသက်မပါသလိုပဲ။ ဒါပေမယ့် Indie ဂိမ်းတစ်ခုအနေနဲ့ မဆိုးဘူးလို့ ပြောရမှာပါ။ ရထားနဲ့ တိုက်ရတဲ့ Boss Fight တွေကတော့ ဒီဂိမ်းရဲ့ အကောင်းဆုံးအပိုင်းလို့ ပြောလို့ရပြီး အထူးသဖြင့် နောက်ဆုံးတိုက်ပွဲမှာ ရထားကို မောင်းရင်း၊ လက်နက်လဲရင်း၊ Scrap တွေဖြည့်ရင်းနဲ့ လုပ်ရတာက တကယ်ကို ရင်ခုန်ဖို့ကောင်းပါတယ်။ 
ဟုတ်ပါတယ်။ အရင်က ထွက်နေတဲ့ ကြော်ငြာတွေ အများကြီးပါတဲ့ အတုတွေမဟုတ်ဘဲ Two Star Games ကနေ တရားဝင် Port လုပ်ပြီး ဖြန့်ချိလိုက်တဲ့ Official Premium Version အစစ်အမှန် ဖြစ်ပါတယ်။
ပုံမှန်ကစားရင် ၃ နာရီကနေ ၅ နာရီ အတွင်း ပြီးနိုင်ပါတယ်။ ဂိမ်းသက်တမ်း တိုပေမယ့် Nightmare Mode ပါဝင်တာကြောင့် Hardcore ပုံစံ ပြန်ဆော့ချင်သူတွေအတွက် အဆင်ပြေပါတယ်။
GAME INFORMATION
Developer
Two Star Games
Version
1.0.0 (Launch Version)
Release
June 2026
Updated
June 2026
Network
Offline
Platform
Android, PC, iOS, PS4/5, Xbox, Switch
Download Size
1.2 GB
Total Size
2.5 GB
Multiplayer
Singleplayer Only
Monetization
Premium (Paid)
ADRENALINE OVERLOAD[HEAVY LOAD]
System Requirements
Mobile Specs
  • Android10.0+
  • iOS13.0+
  • RAM4 GB (6 GB Recommended)
  • SOCSnapdragon 720G or equivalent
  • Arch64-bit ARM
PC Specs
  • CPUIntel Core i5 / AMD Ryzen 5
  • RAM8 GB
  • GPUNVIDIA GTX 1060 / AMD RX 580
  • DirectXVersion 12

CAN MY PHONE RUN ?

LOADING...
SYNCING DATABASE...
ဒီဂိမ်းကို ကိုယ့်ဖုန်းမှာ အဆင်ပြေပြေဆော့ကစားနိုင်ခြင်း ရှိ၊ မရှိ သိရှိရန် CPU Processor ကို ရွေးချယ်ပေးပါ။
SOC Tier အဆင့်
--
AnTuTu ရမှတ်
--
Awaiting Selection...
GRAPHICS85%
GAMEPLAY80%
CONTROL75%
8.0
SHORT BUT THRILLING
OFFICIAL DOWNLOADS
Get the official, ad-free Premium experience directly from the stores.
MOD VERSIONS
This is for testing purpose only.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...