LATEST NEWS

Fetching news...

Avatar Legends The Fighting

Avatar Legends The Fighting

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: PC Playstation Xbox
Game Info
Download
Series နဲ့ Animation တွေ ပြန်ကြည့်ထားလို့လားမသိဘူး ဒီတစ်ခါ အသစ်ထွက်လာတဲ့ Avatar ဂိမ်းကတော့ တော်တော်လေးကို အားရမိတာ အမှန်ပဲ။ Kyoshi ကြမ်းချက်က Story တစ်ခုလုံး သူ့အလှည့်ပဲကျချင်အောင်အထိ Skill Effect တွေ အရမ်းကြမ်းသလို၊ မူရင်း Animation ဖန်တီးထားသူတွေကပဲ Story ကို ပြန်ရေးပေးထားတာမလို့ Canon-level နီးနီးအထိကို တကယ် အားစရာကောင်းတယ်။
Avatar Legends: The Fighting
========================
Avatar လို့ ပြောလိုက်ရင် မင်မင်တို့ ခေါင်းထဲမှာ အဓိပ္ပာယ်နှစ်ခု ကွဲထွက်လာနိုင်ပြီး တစ်ခုက Sci-fi Movie ဖြစ်တဲ့ ဂြိုလ်သားကားနဲ့ နောက်တစ်ခုက မြှားနဲ့ သိုင်းဂတုံးလေးကို ပြေးမြင်မိကြမှာပါ။ အခု မင်မင်ပြောပြမှာကတော့ သိုင်းဂတုံးလေး Aang အကြောင်းဖြစ်ပြီး Avatar: The Last Airbender ရဲ့ အချိန်ကာလနဲ့ The Legend of Korra ရဲ့ စကြဝဠာနှစ်ခုလုံး အချိန်ကာလတွေ တပေါင်းတစည်းတည်း ဖြစ်သွားတဲ့ Storyline တစ်ခုကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ပြောရရင် Timeline တစ်ခုတည်းမှာ ခေတ်အဆက်ဆက် ရွေးချယ်ခံထားရတဲ့ Avatar သုံးယောက်က အကြောင်းရင်းမရှိပဲ ထိပ်တိုက် ရင်ဆိုင်ကြရမှာမလို့ Avatar နှစ်ကောင်စုံတဲ့ ပွဲတွေဆိုရင် ရေ၊ လေ၊ မြေ၊ မီး အကုန် ဘယ်နားက အသက်ရှူရမှန်းမသိအောင်ကို ရှယ်တီးကြတာပါ။ အထူးသဖြင့် Kyoshi ရဲ့ တည်ငြိမ်ပြီး အနားတောင်ကပ်လို့မရတဲ့ ဓာတ်ကြီးလေးပါး သိုင်းကွက်တွေက အရမ်းစွဲဆောင်မှုရှိသလို Nightmare Korra ရဲ့ ဓာတ်လေးပါး Dark site တွေကလည်း လှုပ်မရအောင်ကို အတော်ကြမ်းတာပဲဖြစ်ပါတယ်။
ဒါဆို Avatar Role တွေက အရမ်းကြမ်းတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီဂိမ်းရဲ့ အားသာချက်ကိုက Frame တစ်ခုချင်းစီကို အသေးစိတ် ချိန်ကိုက်ထားတာမလို့ Character တွေရဲ့ အားသာချက်၊ အားနည်းချက်တွေပေါ် မူတည်ပြီး ဟာကွက်တွေ၊ Counter အကွက်တွေကို သေချာပြန်သုံးလို့ရပါတယ်။ ပြောရရင် မူရင်း ဖန်တီးရှင်တွေ သေချာပြန်ဆွဲပြီး ဂိမ်းထုတ်ပေးထားတာမလို့ Animation ကနေ Power Skill တွေအထိ လုံးဝ Old Fan တွေအတွက် အရမ်းကျေနပ်စရာကောင်းတာပါ။
ဒီ Timeline ထဲမှာ သဘောအကျဆုံးကတော့ Sokka နဲ့ Toph ဖြစ်ပြီး Voice Acting တွေအစ တကယ်ကို ရယ်နေရတာပါ။ Souls တွေ ပြန်ရှာမတွေ့ခင်အထိ Character တွေရဲ့ တခြားရှူထောင့်တွေကို ပုံစံတစ်မျိုးနဲ့ မြင်တွေ့ရတာကြောင့် Azula ကိုလည်း အရမ်းသဘောကျမိတယ်။ အားမရတာဆိုလို့ Katara တစ်ယောက်ပဲရှိတယ်။ နောက်ပြီး Sokka လို ဘယ်သိုင်းပညာမှ မရှိတဲ့သူတောင် ဉာဏ်ပညာနဲ့ မျက်ခွက်ပြောင်နေတာက တကယ်ကို အူတက်နေတာပဲ။
Game Mechanic & Gameplay
-------------------------------------
Gameplay ကတော့ Hardcore 2D Fighting အမျိုးစားဖြစ်လို့ Combat Dynamic တွေက လုံးဝကို မြန်ဆန်လွန်းပြီး Pattern မရှိပဲနဲ့ကို အမှောက်သိပ်ခံရမှာပါ။ အထူးသဖြင့် ဒီလိုဂိမ်းမျိုးတွေက Flow နဲ့ Energy အတိုင်း ရေလိုက်ငါးလိုက် ကစားရတာ ဖြစ်တာကြောင့် တွေ့ကရာ ခလုပ်တွေနဲ့ ရမ်းချတာ‌တွေ၊၊ တိုက်ကွက်တစ်ခုတည်းကို ခဏခဏ‌သုံးနေ‌တာတွေက ရှေရှည်မှာ လုံးဝ အလုပ်မဖြစ်ပါဘူး။ အထူးသဖြင့် ဇာတ်သိမ်းခါနီးပြီဆိုရင် မထင်ထားတဲ့ Skill လှည့်ကွက်တွေ အများကြီးကို ရင်ဆိုင်ရမှာပါ။
ကံကောင်းတာက Cinematic ဆန်တဲ့ Super Arts Power တွေကို ထုတ်သုံးလို့ရတာကြောင့် အလစ်တိုက်နိုင်ရင် တိုက်နိုင်သလို Combo တွေ အဆက်မပြတ် ကျွေးလို့ရပါတယ်။ အဲဒါတင်မကဘူးနော် 3-Support Character System ပါ ပါဝင်တာကြောင့် ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ သက်ဆိုင်ရာ အပေါင်းပါတွေကိုပါ ကိုယ့်ရဲ့ Playstyle ထဲ ဝင် Support ခိုင်းလို့ရပါတယ်။
ကစားလို့ရတဲ့ Modes တွေကတော့
❖ Story Mode ( Time နဲ့ Space ပြောင်းလဲသွားတဲ့ ဇာတ်အိမ် )
❖ Arcade Mode ( Main Story နဲ့ မတူ Unique Side Story )
❖ Training Mode ( မနိုင်ရင် စိတ်ကြိုက်လေ့ကျင့် )
❖ Casual & Ranked Match ( ဝယ်ထားရင် Worldwide ချ )
❖ Local Match ( ခလုပ်နှစ်ခုရှိရင် ကြိုက်တဲ့သူနဲ့ ချ )
Interesting Facts
---------------------------
အမှန်က ဒီဂိမ်းရဲ့ Project ဟာ တစ်ခြား Studio တစ်ခုမှာ ဖျက်သိမ်းခံရလုနီးနီးအထိ ဖြစ်ခဲ့ပြီး GGI Studio ရဲ့ Chief Creative Officer ဖြစ်တဲ့ Victor Lugo ကိုယ်တိုင် ရှေ့ထွက်ပြီး အဖတ်ဆယ်ခဲ့တာကြောင့် အခုလို မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူကိုယ်တိုင်ကလည်း Avatar Series ကို အရူးအမူး သဘောကျတာကြောင့် Avatar Fan တွေ မျှော်လင့်ထားသလိုမဖြစ်ခဲ့ရင် လုံးဝ မထုတ်ဘူးဆိုပြီး ပြတ်ပြတ်သားသား ကြေငြာခဲ့တာပါ။
အဲဒါကြောင့် ဒီ Project ကြီးကို Modern Engine ပေါ်မှာ တကယ့် အနုစိတ် Hand-drawn Art တွေနဲ့ frame-by-frame အချိန်လပေါင်းများစွာ ရေးဆွဲခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းက Pro-players တွေကိုပါ Alpha & Beta Testing တွေ ခေါ်ယူပြီး Frame Data (Balance) ကို အသေအလဲ ထိန်းညှိခဲ့ကြတာမလို့ အခုလို Official Release Version မှာ ကျေနပ်အားရစရာကောင်းနေတာပဲဖြစ်ပါတယ်။
လုံးဝ Original Storyline အသစ် ဖြစ်ပါတယ်! မူလ Series ရဲ့ ဖန်တီးရှင်တွေဖြစ်တဲ့ Michael Dante DiMartino နဲ့ Tim Hedrick တို့ ကိုယ်တိုင် ရေးသားပေးထားတာ ဖြစ်ပြီး၊ ဒြပ်စင် ၄ ပါး ခေတ်ကာလ Eras အသီးသီးက Benders တွေ Time & Space လွဲချော်မှုကြောင့် တစ်နေရာတည်းမှာ ဆုံတွေ့ တိုက်ခိုက်ကြတဲ့ Canon-adjacent Plot ကြီး ဖြစ်ပါတယ်။
Gacha လုံးဝ (လုံးဝ) မဟုတ်ပါ! P2W လည်း လုံးဝ မရှိပါဘူး။ Base Game ဝယ်လိုက်တာနဲ့ Iconic Fighters ၁၂ ကောင်လုံးကို ချက်ချင်း သုံးလို့ရမှာ ဖြစ်ပြီး၊ Season Pass (Year 1 Pass) နဲ့ နောက်ထပ် ထွက်လာမယ့် DLC ဇာတ်ကောင် ၅ ကောင်ကို ဝယ်ယူနိုင်တဲ့ Classic Fighting Game model သီးသန့် ဖြစ်ပါတယ်။ Skill အစစ်အမှန်နဲ့သာ ယှဉ်ပြိုင်ရမယ့် ဂိမ်းပါ။
GAME INFORMATION
Developer
Gameplay Group International
Version
v1.02.4
Release
July 2026
Updated
July 2026
Network
Online / Offline
Platform
PC, PlayStation 5, Xbox Series, Nintendo Switch 1/2
Download Size
5 GB
Total Size
7 GB
Controller
Full Support
Monetization
Premium (Paid)
ELEMENTAL OVERLOAD[OPTIMIZED]
System Requirements
PC Specs
  • CPUi5-7500 / Ryzen 5 2600
  • RAM8 GB RAM
  • GPUGTX 970 / Radeon RX 570 (4GB VRAM)
  • DirectXVersion 11 / Version 12
GRAPHICS95%
GAMEPLAY95%
CONTROL98%
9.6
TOURNAMENT MASTERPIECE
NOTICE
Keyboard နဲ့ မကစားစေချင်ပါဘူး။ Flow System နှင့် 3-Support System ကို အပြည့်အဝ သုံးချင်တယ်ဆိုရင် Controller နဲ့ ကစားစေချင်ပါတယ်။
DOWNLOADS
Download directly from Publisher Servers.
Mod & Crack
This is for testing purpose only.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...