Love Love Mystery Club
Game Info
Skip to Downloads

ကျောင်းသားဘဝဆိုတာ အလှပဆုံး အချိန်ကာလလို့ လူတိုင်းက ပြောကြတယ်။ ဒါပေမယ့် နေအုံး.. မင်မင် ကြုံဖူးသမျှ ဇာတ်လမ်းတွေထဲမှာ ဒီဂိမ်းကမှ တကယ်ကို ( အပိုင်းတစ်နဲ့ ဇာတ်သိမ်း ) ဆိုတာမျိုးကို ကြုံဖူးတာပါ။

FMV အမျိုးစားမလို့ Choice တွေ ရွေးကြရမှာ လူတိုင်းသိပေမယ့် ဇာတ်လမ်းကို ကန့်လန့်တိုက်ရင် အပိုင်းတစ်နဲ့တင် စာတန်းထိုးပြီး The End သွားတာမလို့ တကယ်ကို ရှားရှားပါးပါး ဂိမ်းတစ်ခုပါပဲ။

𝐋𝐨𝐯𝐞 𝐋𝐨𝐯𝐞 𝐌𝐲𝐬𝐭𝐞𝐫𝐲 𝐂𝐥𝐮𝐛
==================
ဒီတစ်ခါ ဂိမ်းအသစ်လေးကတော့ ချစ်စရာ ကောင်မလေးတွေနဲ့လည်း ရင်ခုန်ရပြီး ကြောက်စရာ သရဲတွေနဲ့ပါ ရင်တုန်ရမယ့် ထူးထူးခြားခြား Dating Horror Sim ဂိမ်းလေးပဲဖြစ်ပါတယ်။ Mobile မှာ Thai နိုင်ငံရဲ့ ပထမဆုံး FMV Video ဂိမ်းကောင်းလေး တစ်ခုမလို့ Romance အပိုင်းတွေနဲ့ မွှန်ထူနေတဲ့ တခြားဂိမ်းတွေကို Horror Version နဲ့ ဒီဂိမ်းက တစ်ကွက်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ပြတာမှ အကွက်တွေ တော်တော်ကို ပြတာပါ။

ဒီဂိမ်းက ထိုင်းကျောင်းသားဘဝရဲ့ အချစ်ဇာတ်လမ်းလေးတွေနဲ့အတူ ထိုင်းသရဲကားတွေရဲ့ ကြက်သီးထစရာ အငွေ့အသက်တွေကိုပါ တစ်ပေါင်းတည်း ခံစားရမယ့် ဂိမ်းအမျိုးစားပါ။ ဂိမ်းထဲမှာ ကိုယ်က Tuay ဆိုတဲ့ ဆဋ္ဌမအာရုံရှိတဲ့ ကောင်လေးနေရာကနေ ကစားရမှာဖြစ်ပြီး ကျောင်းတက်တဲ့နေ့မှာပဲ နတ်စင်နားက သရဲကို မြင်သွားရာကနေ စုံထောက်ကလပ်ထဲကို မထင်မှတ်ပဲ ရောက်ရှိသွားပါတယ်။ ခက်တာက သူစုံစမ်းရမယ့် အကြောင်းရာဟာ ကျောင်းမှာ အရမ်းခြောက်ပါတယ်ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် နေရာခြောက်ခုကို လိုက်လံစုံစမ်းရမှာပဲဖြစ်ပါတယ်။

ကံကောင်းတာက ဒီလို စုံစမ်းရင်းနဲ့ ကြုံတွေ့ရမယ့် သူလေးတွေက သရဲတွေအပြင် အရမ်းချစ်စရာကောင်းတဲ့ ထိုင်းမလေး ခြောက်ယောက်ကိုပါ တဝကြီး ကြည့်ရှုရမှာပါ။ နာမည်တွေကတော့ ကိုယ်ကြိုက်တဲ့သူတွေပဲ မှတ်ထားကြတော့။ ပုံထဲမှာလည်း အပြင်က ပုံလေးတွေ ထပ်ထည့်ပေးထားတယ်။ စိတ်ဝင်စားစရာကောင်းတာက သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင် ဇာတ်လမ်းတွေ၊ လျှို့ဝှက်ချက်မျိုးလေးတွေ ရှိနေကြတာပါ။ ဒါကြောင့် ကိုယ်က ဘယ်သူ့ကို ရွေးမလဲ၊ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမလဲဆိုတာဟာ ဇာတ်လမ်းတစ်ခုလုံးရဲ့ အဆုံးသတ်ကို အများကြီး ပြောင်းလဲသွားစေမှာပဲဖြစ်ပါတယ်။ မယုံမရှိနဲ့ အပိုင်းတစ်နဲ့ ဇာတ်သိမ်းရင် ခင်ဗျားက တစ်သက်လုံး FA ဖြစ်ဖို့ သေချာသွားပြီ။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐬
——————————-———
Gameplay ကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် လွယ်တယ်လို့တော့ မဆိုလိုဘူးနော်။ ကိုယ်က Interactive Choice တွေကို သေချာ စဉ်းစားပြီးမှ ရွေးချယ်ရမှာဆိုတော့ ဆုံးဖြတ်ချက်တိုင်း ခဏလေးအတွင်းမှာ အရေးပါတယ်။


• ဇာတ်လမ်းတစ်ခုလုံးက Cinematic Video တွေနဲ့ သွားတာဖြစ်ပြီး နေရာတိုင်းမှာ Branching Routes တွေ ပါဝင်တဲ့အပြင်
• ကိုယ်စကားပြောတဲ့ ပုံစံ၊ ရွေးချယ်လိုက်တဲ့ အဖြေတွေအပေါ် မူတည်ပြီး ကောင်မလေးတွေနဲ့ အချစ်ရေး တိုးတက်လာနိုင်သလို၊ လုံးဝ ဝေးကွာသွားတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
• နောက်ပြီး Multiple Endings တွေ အများကြီး ပါဝင်တာမလို့ Romance ဘက်ကို သွားမလား ဒါမှမဟုတ် Mystery ရဲ့ အမှန်တရားကို ဖော်ထုတ်မလား အဲဒါအပြင် သွေးပျက်စရာ အဖြစ်အပျက်တွေကြားထဲ ပိတ်မိသွားမလား ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာပဲ မှုတည်ပါတယ်။


𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
——————————-——————
Visual ပိုင်းကတော့ FMV အမျိုးစားမလို့ Color grading နဲ့ ရိုက်ချက်တွေကိုပဲ သုံးသပ်လို့ရပြီး Lighting ပိုင်းတွေကတော့ Horror ဆန်ဆန်နဲ့ကို တကယ် အမိုက်စား ရိုက်ကူးထားကြတာပါ။ ပြောရရင် တကယ် Thai Horror Movie တစ်ခုကို ကြည့်နေရသလိုပဲ။ BGM အပိုင်းမှာဆိုရင်လည်း အချစ်ဇာတ်လမ်း အခန်းတွေမှာ ရင်ခုန်စရာ ကောင်းသလောက် သရဲခြောက်တဲ့ အခန်းတွေကြရင်တော့ ကျောချမ်းသွားစေမယ့် Sound Design မျိုးကို သေသေချာချာ အသက်ဝင်အောင် သုံးပေးထားတာကို တွေ့ရတယ်။


PC မှာ Optimization ကောင်းသလို၊ Mobile မှာလည်း ထင်ထားတာထက်ကို Video Resolution Quality ကိုပါ ရွေးချယ်ခွင့်ပေးထားတာကြောင့် အမြင့်ဆုံး 4K Display Quality အထိပါ ကစားခွင့်ရရှိမှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာက Resolution များရင် များသလို Storage နေရာစားသွားတာကြောင့် Download ဆွဲတဲ့အခါ ကိုယ်ရွေးတဲ့ Quality ပေါ်မူတည်ပြီး 5GB ကနေ 40GB အထိ နေရာယူနိုင်ပါတယ်။


𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐆𝐚𝐦𝐞
——————————-
ဒီဂိမ်းကို ဖန်တီးခဲ့တာက LuminDrive ဆိုတဲ့ Studio ဖြစ်ပြီး NANA Stories ကနေ Publish လုပ်ထားတာပါ။ အာရှ FMV ဂိမ်းလောကမှာ ဒီလောက် အရည်အသွေးမြင့်တဲ့ ထိုင်းဂိမ်းကို တွေ့ရဖို့ဆိုတာဟာ တော်တော်လေးကို ရှားပါတယ်။ သရုပ်ဆောင်တွေ အားလုံးကအစ တကယ့်ကို သဘာဝကျကျနဲ့ Character တွေကို Mood သွင်းနိုင်တာဟာ ချီးကျူးစရာပါပဲ။ တစ်ခု အသိပေးချင်တာက ဒီဇာတ်လမ်းထဲမှာ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုစတဲ့ Mature Themes တွေ ပါဝင်တာမလို့ ကလေးတွေ အတွက်တော့ ဒီတိုင်းပေးမဆော့ပဲ Content Filter On ပြီး ကစားခိုင်းသင့်ပါတယ်။


ကဲ Fan တို့ရော... တကယ်လို့ ကိုယ့်ရဲ့ ကျောင်းတုန်းက အချစ်ဦးက သရဲတစ်ကောင် ဖြစ်နေခဲ့မယ်ဆိုရင် ဆက်ချစ်နေအုံးမှာလား? ဒါမှမဟုတ် ထွက်ပြေးမှာလား? Comment မှာ အရင်ဖြေကြည့်ကြပါအုံး....

အဓိက Ending ၆ မျိုးနဲ့ Small Branching Ending တွေ အများကြီး ပါဝင်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ Choices တွေအပေါ် မူတည်ပြီး အချစ်ဇာတ်လမ်း သီးသန့် ဖြစ်သွားနိုင်သလို၊ သွေးပျက်စရာ Horror Ending တွေလည်း ရနိုင်ပါတယ်။
GAME INFORMATION
Developer
LuminDrive
Version
1.0.2
Release
January 2026
Updated
February 2026
Network
Offline
Platform
Android, PC, iOS
Download Size
1 GB
Total Size
40 GB
Multiplayer
Singleplayer Only
Language
EnglishThaiChinese
Monetization
Premium (Paid)
SYSTEM LOAD[OPTIMIZED]
System Requirements
Mobile Specs
- Android8.0+
- iOS13.0+
- RAM4 GB
- SOCSnapdragon 660
- Arch64-bit ARM
PC Specs
- CPUIntel Core i3
- RAM4 GB
- GPUGTX 1050
- DirectXVersion 11
9.0
MASTERPIECE
IMPORTANT WARNING
In Game ကြရင် ကိုယ်ရွေးချယ်တဲ့ Video Quality ပေါ်မူတည်ပြီး 5GB ကနေ 40GB လောက်အထိ Download ဆွဲရပါမယ်။ Mobile အတွက် 1080p နဲ့ 720p ကို Recommend ပေးပါတယ်။
Download ဆွဲတဲ့အခါ ဘာမှမပေါ်ရင် VPN သုံးပြီး ဆွဲပေးပါ။
Download ဆွဲတဲ့အခါ ဘာမှမပေါ်ရင် VPN သုံးပြီး ဆွဲပေးပါ။
Download
Download from the official servers.
MOD VERSIONS
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...