Tiny Bookshop
Game Info
Skip to Downloads

တကယ်ပြောတာပါ။ ဘဝမှာ အခုလို Peaceful ဖြစ်တဲ့ Dream Job စိတ်ကူးလေးကို
ဒီဂိမ်းထဲမှာပဲ ပြည့်ပြည့်ဝဝ မြင်တွေ့ရမှာမလို့ စာဖတ်ဝါသနာပါတဲ့သူကော၊
စာအုပ်ဆိုင်ဖွင့်ချင်တဲ့သူလေးတွေပါ ဒီဂိမ်းလေးကို အရမ်းအားကျသွားစေရမယ်လို့
အာမခံတယ်။

Tiny Bookshop - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
➥ ( PC / Console / Android / iOS )
ဒီထဲမှာ ကိုယ်ကစားရမယ့် ဇာတ်ကောင်ကလည်း မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ အလုပ်ခွင်က
စိတ်ဖိစီးမှုတွေကို မခံစားနိုင်တော့တာကြောင့် အရာအားလုံးကို စွန့်လွှတ်ပြီး
ပင်လယ်ကမ်းခြေနားက မြို့လေးဆီကို ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမယ့်
ရိုးရိုးပြောင်းတာမဟုတ်ဘူးနော်။

သူက သူဝါသနာပါတဲ့ စာအုပ်တွေကို ကားလေးတစ်စီးနဲ့ Mobile Bookshop
ပုံစံပြောင်းလဲပြီး ကိုယ်ပိုင်စီးပွားရေးလေးပါ အကောင်ထည်ဖော်လိုက်တာမလို့
လှပတဲ့နေရာလေးတွေကိုလဲ နေ့တိုင်းကြည့်ရမယ်၊ ဝါသနာပါတဲ့ စာအုပ်တွေကိုလည်း
အချိန်မရွေးသယ်သွားနိုင်တဲ့အပြင်၊ ဝမ်းစာအတွက်ပါ ဆိုင်ခန်းခမလိုတဲ့ Mobile
Bookshop ပုံစံလေးဖွင့်ပေးထားတော့ တကယ်ကို Peaceful Life လေးဖြစ်နေတာပါ။

အစပိုင်းမှာတော့ မြို့ခံတွေက သူစိမ်းတစ်ယောက်ဖြစ်တဲ့ ကိုယ်တွေကို သိပ်ပြီးတော့
ရင်းရင်းနှီးနှီး မရှိကြပါဘူး။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ စာအုပ်တွေ ရောင်းရင်းကနေ
တဖြည်းဖြည်းသိကျွမ်းလာကြပြီး ချစ်စရာကောင်းတဲ့ မြို့ခံတွေရဲ့ စိတ်ဝင်စားမှုတွေကို
တဖြည်းဖြည်းနဲ့ လေ့လာသွားရမှာပါ။

နောက်ပြီး စာအုပ်ဆိုင်ဖွင့်ထားတာမလို့ စာဖတ်တဲ့သူတွေရဲ့ လိုအပ်ချက်တွေကို
သေချာနားထောင်ပြီး မှန်ကန်တဲ့ စာအုပ်တွေကို ရွေးချယ်ပေးနိုင်လေလေ၊ သူတို့ရဲ့
ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းလေးတွေကို ပိုပြီးသိလာရလေလေပဲဖြစ်ပါတယ်။

ဒါပေမယ့် တကယ့် ထူးခြားတဲ့ အပိုင်းလေးက အခုမှ စမှာပါ။ အေးအေးချမ်းချမ်းနဲ့
စာအုပ်ဆိုင်လေးဖွင့်ရတာ စိတ်ချမ်းသာတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း Adventure
ဇာတ်လမ်းလေးတစ်ခုက စောင့်ကြိုနေပါတယ်။
အကြောင်းရင်းကတော့ ဒီမြို့လေးဟာ သာမန် ပင်လယ်ကမ်းစပ်မြို့လေး တစ်မြို့ သက်သက်တော့
မဟုတ်ပါဘူး။ မြို့မှာရှိတဲ့ ရှေးဟောင်း ရဲတိုက်ပျက်ကြီးနဲ့ မြို့ကို
တည်ထောင်ခဲ့သူ St. Bookston ရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ
ရှိနေမလဲဆိုတာကို စာအုပ်ရောင်းရင်း အဖြေရှာသွားရမှာပါ။ ပြောရရင် Real Life မှာ
ကြုံတွေ့ရနိုင်တဲ့ အဖြစ်ပျက်တွေကို စာအုပ်ဆိုင်လေးဖွင့်ရင်း စွန့်စားရမှာမလို့
မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ အရမ်းသဘောကျကြမှာပါ။ Cozy but Mystery ပေါ့။

◾ 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ကစားရမယ့် ပုံစံကတော့ တကယ့်ကို ရိုးရှင်းပြီး အေးချမ်းပါတယ်။ နေ့စဉ်
မနက်မိုးလင်းတာနဲ့ ကိုယ့်ရဲ့ Mobile Bookshop စာအုပ်ဆိုင်လေးကို မြို့ရဲ့
ဘယ်နေရာမှာ သွားဖွင့်မလဲဆိုတာကအစ ရွေးချယ်ရပြီး စာဖတ်သူ Customer တွေရဲ့
လိုအပ်ချက်နဲ့ပါ ကိုက်ညီမယ့် စာအုပ်တွေကိုလည်း နေ့စဉ်နဲ့အမျှ သေချာစီမံပြီး
ထုတ်ပိုး ရောင်းချရမှာပဲဖြစ်ပါတယ်။ နောက်ပြီးတစ်ခုရှိတာက English စာလေး အနည်းငယ်
ကျွမ်းထားရင်တော့ ပိုကောင်းပါမယ်။ ဘာကြောင့်လဲဆိုတော့..

❖ စာဖတ်တဲ့ Customer တွေက သူတို့ ဖတ်ချင်တဲ့ စာအုပ်အမျိုးအစားတွေကို
လာပြောပြတဲ့အခါ၊ ကိုယ့်ဆိုင်မှာ ရှိတဲ့ စာအုပ်တွေထဲကနေ အသင့်တော်ဆုံးနဲ့
အလိုက်ဖက်ဆုံးဆိုတဲ့ စာအုပ်ကို ရွေးချယ်ပြီး Recommend လုပ်ပေးရမယ့်
အပိုင်းတွေပါဝင်ပါတယ်။
❖ ဒါကြောင့် စာအုပ်တွေကို ရွေးတဲ့အခါမှာ ခေါင်းစဉ်၊ စာရေးဆရာ၊ ထုတ်ဝေတဲ့ခုနှစ်၊
စာမျက်နှာ အရေအတွက်ကအစ စာအုပ်အကြောင်း အကျဉ်းချုပ်လေးတွေအထိ ကိုယ်ကိုယ်တိုင်
ဖတ်ပြီးနားလည်ထားမှ Customer စာဖတ်သူတွေကို သေချာ ညွှန်းပေးနိုင်မှာပဲဖြစ်ပါတယ်။
❖ ဒါတင်မကသေးဘူးနော်။ ဆိုင်လေးကို ကိုယ်ကြိုက်သလို ပြင်ဆင်လို့ ရတဲ့ Decoration
စနစ်ပါ ပါဝင်ပြီး၊ ကိုယ်လုပ်လိုက်တဲ့ အပြင်အဆင်ပေါ် မူတည်ပြီးတော့မှ လာဝယ်တဲ့
ဖောက်သည် အမျိုးအစားတွေအထိပါ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
❖ Mobile Version မှာဆိုရင် အစပိုင်း 3 ရက်စာကို အခမဲ့ Free Trial
ကစားခွင့်ပေးထားပြီး ကိုယ်က တကယ်သဘောကျမှ တစ်ခါတည်း ဝယ်ကစားနိုင်မယ့် Premium
စနစ်ကိုပါ သုံးပေးထားပါတယ်။

◾ 𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic Visual အပိုင်းမှာတော့ တကယ်ကို Cozy ဖြစ်ဖြစ်နဲ့ အေးချမ်းတဲ့ Art Style
မျိုးလေးကို မြင်တွေ့ရမှာဖြစ်ပြီး ပင်လယ်ကမ်းစပ်ရဲ့ အလှအပတွေ၊ ဆိုင်လေးရဲ့
အပြင်အဆင်တွေကိုပါ သေချာလေး ပုံဖော်ပေးထားတာကြောင့် မြင်ရတာနဲ့တင် စိတ်ကို
ကြည်လင်သွားစေမှာပဲဖြစ်ပါတယ်။

အသံပိုင်းမှာလည်း ပင်လယ်လှိုင်းသံလေးတွေ၊ စာရွက်လှန်တဲ့ အသံလေးတွေအပြင် နောက်ခံ
BGM တီးလုံးလေးတွေကအစ ဂိမ်းရဲ့ အေးချမ်းတဲ့ Vibe ကို ပိုပြီး ပေါ်လွင်စေပါတယ်။
Optimization ပိုင်းမှာလည်း Device တိုင်းနဲ့ အဆင်ပြေပြေကစားနိုင်တာကြောင့်
လုံးဝကို Smooth ဖြစ်ဖြစ်နဲ့ အေးအေး ဆေးဆေးလေး ကစားရမှာ ဖြစ်ပါတယ်။

#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
စိတ်ဖိစီးမှု ကင်းကင်းနဲ့ အေးအေးဆေးဆေး ဆော့ချင်တဲ့ သူတွေအတွက်တော့ အချိန်ပေးရတာ
တကယ့်ကို တန်တဲ့ ဂိမ်းကောင်းလေး တစ်ခုပါ။ အထူးသဖြင့် စာအုပ်လေးတွေ ဖတ်ရတာ
ဝါသနာပါတဲ့ သူတွေဆိုရင် ပိုပြီးတော့တောင် သဘောကျကြမှာပဲဖြစ်ပါတယ်။

◾ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠 & 𝐆𝐚𝐦𝐢𝐧𝐠 𝐓𝐢𝐩𝐬
ဒီဂိမ်းလေးက တကယ် မင်မင်တို့ရဲ့ လက်တွေ့ဘဝက စိတ်ဖိစီးမှုတွေကို ခဏတာ
မေ့ပျောက်သွားစေပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုဆီကို ရောက်သွားသလိုအထိ
ခံစားရစေပါတယ်။ "တစ်ခါတလေမှာ ဘဝကြီးကို အရမ်း အတင်းအကျပ် ရှေ့ဆက်နေမယ့် အစား၊
ကိုယ်ချစ်တဲ့ အရာလေးတွေကို လုပ်ရင်း အေးအေးချမ်းချမ်း ဖြတ်သန်းရတာကလည်း
ပျော်စရာကောင်းပါတယ်" ဆိုတဲ့ Life Message လေးကို ဒီဂိမ်းထဲကနေ မင်မင်ကတော့
ခံစားခဲ့မိတယ်။

ဆိုတော့ တကယ်ဆော့မယ့်သူတွေအတွက် Mini Tips လေးတွေ မင်မင်အနည်းငယ်ပြောပြမယ်နော်..
❖ စာအုပ်တွေကို Stock ဖြည့်တဲ့ အခါမှာ နောက်နေ့ရောက်မှသာ အသစ် ထပ်ဖြည့်လို့
ရတာမို့လို့ နေ့စဉ် ဘယ်နေရာမှာ ဘယ်စာအုပ်တွေက ပိုရောင်းရနိုင်လဲ ဆိုတာကို သေချာ
တွက်ချက်ပြီးမှ ကားပေါ်ကို တင်စေချင်တယ်။ Mobile Bookshop မလို့ စာအုပ်တွေ
အကုန်သယ်သွားလို့မရဘူးလေ။ အဲကြောင့်မို့ နေရာလေးသေချာရွေးစေချင်တာ။
❖ နောက်ပြီး ဖောက်သည်တွေရဲ့ စကားတွေကိုလည်း သေချာလေး ဂရုတစိုက်နဲ့ ဖတ်စေချင်တယ်။
သူတို့ တကယ်လိုချင်တဲ့ စာအုပ်ကို ရွေးပေးနိုင်လေ ရင်းနှီးမှု ပိုတိုးလေအပြင်
အဲစာအုပ်ကနေ ဆက်စပ်ပြီးတော့လည်း နောက်ထပ် စာအုပ်တွေကို ထပ်ဝယ်သွားတာမျိုး
ကံကောင်းနိုင်ပါတယ်။
❖ နောက်ဆုံးအချက်ကတော့ မြို့အနှံ့ လျှောက်သွားရင်းနဲ့လည်း လျှို့ဝှက်ချက်တွေကို
ရှာဖွေဖို့နဲ့ တံဆိပ်ခေါင်း Stamp တွေ စုဆောင်းဖို့ မမေ့ပါနဲ့လို့ မှာချင်ပါတယ်။

◾ 𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬 & 𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐏𝐥𝐚𝐧𝐬
ဒီဂိမ်းလေးကိုတော့ ဂျာမနီအခြေစိုက် Neoludic Games ကနေ စတင် ဖန်တီးခဲ့တာ ဖြစ်ပြီး
အစပိုင်းမှာ PC နဲ့ Console တွေအတွက် အရင်ထွက်ရှိခဲ့တာမလို့ Player တွေဆီကနေ
Overwhelmingly Positive Review တွေ အများကြီး ရရှိခဲ့တဲ့ ဂိမ်းကောင်းလေး တစ်ခုပဲ
ဖြစ်ပါတယ်။ အခုကတော့ Mobile အတွက်ပါ ထွက်ရှိလာပြီ ဖြစ်တာကြောင့် Platforms အစုံက
Cozy Player တွေကို အများကြီး Healing ပေးသွားမယ့်အပြင် DLC တွေ
လာနိုင်အုံးမလားဆိုတာကတော့ စောင့်မျှော်ကြည့်ရမှာပါ။

⬛ စိတ်ဖိစီးမှုတွေကို ခဏတာ မေ့ထားပြီး ပင်လယ်ကမ်းစပ်က မြို့လေးမှာ ကိုယ်ပိုင်
စာအုပ်ဆိုင်လေး ဖွင့်ရင်း အေးချမ်းတဲ့ ဘဝလေးကို ဖန်တီးချင်တယ်ဆိုရင်တော့ Tiny
Bookshop လေးဟာ သင့်အတွက်ထုတ်ထားတဲ့ ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ်သာ အခုလို ဂိမ်းထဲကလိုမျိုး စာအုပ်ဆိုင်လေးတစ်ခု
ဖွင့်ခွင့်ရမယ်ဆိုရင် ဘယ်လိုနေရာတွေမှာ သွားဖွင့်ပြီး ဘယ်လို
စာအုပ်အမျိုးအစားတွေကို အများဆုံး တင်ရောင်းဖြစ်မလဲဆိုတာ Comment မှာ
ပြောပေးသွားကြပါအုံး။

❖ မြို့လေးရဲ့ ပုံပြင်
Hello! ဒီအထိ ရောက်လာပြီဆိုတော့ ဇာတ်လမ်းလေးကို တော်တော် စိတ်ဝင်စားလို့နဲ့ တူတယ်။ ဒါဆို မင်မင်နဲ့အတူ ဇာတ်ကြောင်းလေးကို အစအဆုံး ဝင်ကြည့်လိုက်ရအောင်...
ဇာတ်လမ်းရဲ့ အစမှာ အဓိက ဇာတ်ကောင်ဟာ မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ ကွန်ပျူတာရှေ့က အဆုံးမရှိတဲ့ အလုပ်ချိန်တွေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ဆက်ပြီး မခံနိုင်တော့တဲ့ အဆုံးမှာတော့ အရာအားလုံးကို ကျောခိုင်းပြီး ထွက်ပြေးလာခဲ့ပါတယ်။ သူ ရွေးချယ်လိုက်တဲ့ နေရာလေးကတော့ လှိုင်းပုတ်သံလေးတွေ ကြားရတဲ့ Bookstonbury-by-the-Sea ဆိုတဲ့ အေးချမ်းလှတဲ့ ပင်လယ်ကမ်းခြေ မြို့လေးပါ။ ဒီမြို့လေးမှာ သူဟာ ကားအဟောင်းလေး တစ်စီးကို အချိန်ယူ ပြုပြင်ပြီး လှပတဲ့ ရွှေ့လျားစာအုပ်ဆိုင်လေး တစ်နည်းအားဖြင့် Mobile Bookshop တစ်ခုအဖြစ် အသက်သွင်းလိုက်ပါတယ်။ အစပိုင်းမှာတော့ မြို့ခံတွေက သူစိမ်းတစ်ယောက်မလို့ အယုံအကြည် သိပ်မရှိကြပေမယ့်၊ နေ့စဉ် စာအုပ်တွေ လာဝယ်ရင်းနဲ့ သူတို့ရဲ့ ရင်တွင်းဖြစ်တွေကို ဖြည်းဖြည်းချင်း ဖွင့်ဟလာကြပါတယ်။
ဒီမြို့လေးမှာ အမြဲတမ်း စိတ်တိုနေတတ်ပေမယ့် တကယ်တော့ အတိတ်က နာကျင်မှုတွေရှိနေတဲ့ တံငါသည်ကြီးရယ်၊ ကဗျာဆရာမလေး ဖြစ်ချင်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေတဲ့ လူငယ်လေးရယ်နဲ့ မြို့ရဲ့ သမိုင်းကြောင်းတွေကို စူးစမ်းနေတဲ့ သမိုင်းပညာရှင်တို့လို ချစ်စရာ ဇာတ်ကောင်တွေနဲ့ ဆုံတွေ့ရပါတယ်။ ဒီလိုနဲ့ ဇာတ်ကောင်ကလည်း ချစ်စရာကောင်းတဲ့ မြို့ခံတွေကို မှန်ကန်တဲ့ စာအုပ်တွေ အကြံပေးခဲ့ပြီး သူတို့ရဲ့ ဘဝ ပြဿနာတွေကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ ဇာတ်ကောင်ဟာ မြို့ရဲ့ အစွန်မှာရှိတဲ့ ရဲတိုက်ပျက်ကြီး Castle Ruins ဆီကို ရောက်သွားခဲ့ပြီး ဒီမြို့ကို တည်ထောင်ခဲ့သူဟာ St. Bookston လို့ လူသိများပေမယ့်၊ တကယ်တမ်း လျှို့ဝှက်ချက်တွေကို တူးဖော်ကြည့်လိုက်တဲ့ အခါမှာတော့ အံ့သြစရာ ကောင်းတဲ့ အမှန်တရား တစ်ခုကို တွေ့လိုက်ရပါတယ်။
St. Bookston ဆိုတာ သူတော်စင် တစ်ယောက် မဟုတ်ဘဲ၊ ရှေးခေတ်က စာအုပ်တွေကို အရမ်း တန်ဖိုးထား မြတ်နိုးတဲ့ ခရီးသွား စာရေးဆရာ တစ်ယောက် ဖြစ်နေခဲ့တာပါ။ အဲ့ဒီခေတ်အခါက အာဏာရှင်တွေ ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တဲ့ တန်ဖိုးကြီး စာအုပ်တွေ၊ ပိတ်ပင်ခံထားရတဲ့ စာအုပ်တွေကို အနစ်နာခံ ကာကွယ်ဖို့အတွက် သူဟာ ဒီပင်လယ်ကမ်းစပ် မြို့လေးကို လျှို့ဝှက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပိုပြီး အံ့သြစရာ ကောင်းတာက၊ ရဲတိုက်ပျက်ကြီးရဲ့ မြေအောက်ခန်းထဲမှာ သူ ဖွက်ထားခဲ့တဲ့ ကြီးမားလှတဲ့ လျှို့ဝှက် စာကြည့်တိုက်ကြီး တစ်ခုကို ဇာတ်ကောင်က ရှာဖွေတွေ့ရှိသွားတာပါပဲ။ ဒီစာကြည့်တိုက်ကြီးထဲမှာ ကမ္ဘာပေါ်က ပျောက်ကွယ်သွားပြီလို့ ထင်ရတဲ့ ရှားပါးစာအုပ်တွေ အများကြီး ရှိနေခဲ့တာပါ။
ဒီလိုနဲ့ အရာအားလုံး အေးချမ်းနေချိန်မှာပဲ မြို့လေးကို အသွင်ပြောင်းဖို့ စီးပွားရေး လုပ်ငန်းရှင်တွေ ရောက်လာပါတော့တယ်။ သူတို့က ဒီ သမိုင်းဝင် နေရာတွေကို ဖျက်ဆီးပြီး ခေတ်မီ အပန်းဖြေစခန်းတွေ၊ ဟိုတယ်တွေ ဆောက်ဖို့ ကြိုးစားလာကြတာပါ။ မြို့ခံတွေရဲ့ ရိုးရှင်းတဲ့ ဘဝလေးတွေနဲ့ Bookstonbury ရဲ့ သမိုင်းဝင်ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့ ဇာတ်ကောင်ဟာ ငြိမ်မနေနိုင်တော့ပါဘူး။ သူ ရှာဖွေတွေ့ရှိထားတဲ့ လျှို့ဝှက် စာကြည့်တိုက်ကြီးနဲ့ St. Bookston ရဲ့ သမိုင်းကြောင်း အစစ်အမှန်ကို ထုတ်ဖော်ပြသပြီး မြို့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒါကြောင့် မြို့ခံတွေ အားလုံးကို စည်းရုံးပြီး ကြီးမားတဲ့ စာအုပ်ပွဲတော်ကြီး တစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ဖောက်သည် တစ်ယောက်ချင်းစီရဲ့ ဘဝထဲကို စာအုပ်လေးတွေကနေ တဆင့် ဝင်ရောက်ပြီး အကူအညီ ပေးထားခဲ့တဲ့အတွက် မြို့ခံတွေ အားလုံးကလည်း သူ့ကို တခဲနက် ဝိုင်းဝန်း ကူညီခဲ့ကြတာပါ။ ဒီလို ပွဲတော်ကြီးနဲ့ လျှို့ဝှက် စာကြည့်တိုက်ကြီးကြောင့် Bookstonbury မြို့လေးဟာ နိုင်ငံတကာကနေ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းအရ အဖိုးတန်တဲ့ နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံလိုက်ရပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အကြံအစည်ပျက်ကာ ပြန်လှည့်သွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဇာတ်ကောင်ဟာ မြို့ပြကို လုံးဝ ပြန်မသွားတော့ဘဲ၊ ဒီမြို့လေးမှာပဲ သူ့ရဲ့ ချစ်စရာ Mobile Bookshop စာအုပ်ဆိုင်လေးနဲ့ အတူ တစ်သက်လုံး အေးချမ်းစွာ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ကဲ... ဒီဂိမ်းလေးရဲ့ အေးချမ်းပြီး လှပတဲ့ ဇာတ်လမ်းလေးကို အပြည့်စုံသိသွားပြီဆိုတော့ ရင်ထဲမှာ ဘာခံစားချက်လေးတွေ ကျန်ခဲ့ကြလဲ? ကိုယ်တိုင်ရော ဒီလိုမျိုး အရာအားလုံးကို စွန့်လွှတ်ပြီး အေးချမ်းတဲ့ နေရာလေးမှာ အခြေချချင်စိတ်လေးများ ဖြစ်သွားကြလား? မင်မင်လည်း သိချင်လို့ Comment ထဲမှာ ဖြေပေးသွားအုံးနော်...

နေ့စဉ် မနက်မိုးလင်းတာနဲ့ ဆိုင်ကို မြို့ရဲ့ ဘယ်နေရာမှာ သွားဖွင့်မလဲ ရွေးချယ်ရပါတယ်။ လာဝယ်တဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို သေချာနားထောင်ပြီး၊ ဆိုင်မှာရှိတဲ့ စာအုပ်တွေရဲ့ ခေါင်းစဉ်၊ စာရေးဆရာနဲ့ အကျဉ်းချုပ်ကို ဖတ်ကာ အလိုက်ဖက်ဆုံး စာအုပ်ကို ရွေးချယ်အကြံပေးရတာ ဖြစ်ပါတယ်။
မြို့လေးထဲမှာ လမ်းလျှောက်သွားလာပြီး လျှို့ဝှက်ချက်တွေကို ရှာဖွေတာ၊ ရှုခင်းလှလှလေးတွေမှာ အပန်းဖြေတာ၊ ကိုယ့်ရဲ့ စာအုပ်ဆိုင်လေးကို စိတ်ကြိုက် Decoration လုပ်တာတွေနဲ့ မြို့ခံတွေရဲ့ ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းတွေကို စူးစမ်းတာတွေ လုပ်ဆောင်နိုင်ပါတယ်။
GAME INFORMATION
Developer
Neoludic Games
Version
1.0.2
Release
August 2025
Updated
July 2026
Network
Offline
Platform
Android, iOS, PC, Console
Download Size
779 MB
Total Size
3.0 GB
System Requirements
Mobile Specs
- AndroidAndroid 8.0+
- iOSiOS 12.0+
- RAM4 GB
- SOCSnapdragon 662 +
- Arch64-bit ARM
PC Specs
- CPUIntel Core i3
- RAM4 GB
- GPUNvidia GeForce GTX 660
- DirectXVersion 11
9.2COZY MASTERPIECE
OFFICIAL STORES
Download from the official servers.
Google Play StoreFree Trial AvailableApple App StoreFree Trial AvailableSteam VersionXbox StoreNintendoPlaystation
Download
Mod and Crack Version
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...