Tiny Room Stories Eclipse
Game Info
Skip to Downloads


ဒီနေ့မှာတော့ မင်မင်ကအရင်က Old Player တွေကြားမှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ Tiny
Room Stories ရဲ့ နောက်ထပ် Title အသစ်တစ်ခုဖြစ်တဲ့ Eclipse အကြောင်းလေးကို
ပြောပြပေးသွားမှာပါ။ အရင် Town Mystery ဂိမ်းတုန်းက လူသူကင်းမဲ့တဲ့မြို့ကြီးထဲမှာ
အဖြေရှာခဲ့ပေမယ့်၊ အခုတစ်ခေါက်မှာတော့ တောနက်ကြီးထဲက
လျှို့ဝှက်မြေအောက်ခန်းတွေဆီကို စွန့်စားရတော့မှာပဲဖြစ်ပါတယ်။

#ဒီတော့ဂိမ်းပုံစံကဘယ်လိုမျိုးလဲ ?
ဒီဂိမ်းထဲမှာပါဝင်တဲ့ မင်းသားဇာတ်ကောင်က စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကြောင့်
စိတ်ဒဏ်ရာ PTSD ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး လူတွေနဲ့ဝေးရာမှာ
အေးအေးချမ်းချမ်းနေချင်တဲ့အတွက် သဘာဝအမျိုးသားဥယျာဉ်တစ်ခုမှာ သစ်တောစောင့် Forest
Ranger အနေနဲ့အလုပ်စဝင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ အေးချမ်းမယ်ထင်ခဲ့တဲ့ သူ့ရဲ့ ဘဝဟာ တစ်ခါမှ မကြုံဖူးတဲ့
ထူးဆန်းတဲ့အဖြစ်ပျက်တွေကို ပတ်ပင်းတိုးခဲ့ရပြီး ပျောက်ဆုံးနေတဲ့ လူတွေ၊
လျှို့ဝှက်စခန်းတွေအပြင် အခုလို တောနက်ကြီးထဲမှာ ခေတ်မီ နည်းပညာသုံး
အဆောက်အအုံတွေအထိပါ မြင်တွေ့လိုက်ရတော့ ဇာတ်လမ်းဟာ စိတ်ဝင်စားဖွယ်ကောင်းအောင်ကို
တစ်စတစ်စနဲ့ ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။

#ဒါဆိုဘယ်လိုကစားရမှာလဲ ?
ဂိမ်းရဲ့ အဓိက Mechanics တွေက အရင် Town Mystery ဂိမ်းလိုပဲ 3D Point & Click
ပုံစံမျိုးကို အခြေခံထားတာပါ။ ဒါပေမယ့် အခုမှ စဆော့မယ့်သူတွေကို မဆော့ခင်မှာ
နားလည်အောင်လို့ အဓိကအချက်လေးတွေကို ပြောပြပေးပါမယ်။ ဘာတွေပါလဲဆိုရင်

❖ နေရာတစ်ခုကို ရောက်တိုင်း ကင်မရာထောင့်ကို 360 ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်ပြီး
Rotatable 3D Dioramas ပုံစံနဲ့ ဖန်တီးထားတာမလို့ ကွယ်နေတဲ့ ထောင့်တွေ၊
ပရိဘောဂတွေရဲ့ အောက်ခြေတွေ အထိကိုပါ သေချာ အသေးစိတ် လိုက်ရှာလို့
ရမှာပဲဖြစ်ပါတယ်။
❖ Puzzles ပိုင်းမှာလည်း ထုံးစံအတိုင်း Logical ဖြစ်ပြီး မီတာပြင်ဖို့အတွက်
ဝါယာကြိုး Schematics တွေ လိုက်ရှာရတာတွေ၊ Terminal တွေကို Hack ဖို့အတွက်
လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရှာဖွေတပ်ဆင်ရတာမျိုးတွေအထိ ပါဝင်မှာပဲဖြစ်ပါတယ်။
❖ ဒါ့အပြင် Inventory System ကိုပါ သုံးပြီးတော့လည်း ကိုယ် ကောက်ရလာတဲ့
ပစ္စည်းတွေကို သိမ်းဆည်းနိုင်ရုံသာမက၊ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီးတော့လည်း
အသုံးပြုနိုင်မှာဖြစ်တာကြောင့် ကောက်ရတဲ့ ပစ္စည်းတိုင်းကို ပတ်ပတ်လည်
လိုက်စစ်ကြည့်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။

#ဘာကြောင့်ကစားသင့်တာလဲ ?
သူက တခြား သာမန် Escape Room ဂိမ်းတွေလို အကြောင်းပြချက်မရှိဘဲ ဂဏန်းတွေ
ဖြည့်ခိုင်းတာ၊ အရောင်တွေတူအောင် လုပ်ခိုင်းတာတွေ လုံးဝမပါဝင်ဘဲ ဇာတ်လမ်းနဲ့
တိုက်ရိုက်ဆက်စပ်နေတဲ့ ပစ္စည်းတွေကိုသာ Puzzle လုပ်ပေးထားတာမလို့ သဘာဝဆန်ဆန်နဲ့
ဇာတ်လမ်းသွားကြိုက်တဲ့သူတွေအတွက် စမ်းကိုစမ်းကြည့်သင့်တာပဲဖြစ်ပါတယ်။ ပြောရရင်
Firewatch ဂိမ်းလိုမျိုး အထီးကျန်ဆန်ပြီး သဘာဝအလှကိုပါ ခံစားချင်တဲ့ သူတွေအတွက်
ပိုပြီး သဘောကျကြမှာပါ။

#ဒါဆိုအချိန်ပေးရတာကောတန်ရဲ့လား ?
ပြောရရင် ဒီဂိမ်းက ဆင်ကန်းတောတိုး နှိပ်ချင်ရာနှိပ်ပြီး ဆော့လို့ရတဲ့
အမျိုးအစားထဲမှာတော့ လုံးဝမပါဝင်ပါဘူး။ Puzzle တိုင်းကို အချိန်ပေးပြီး
သေချာစဉ်းစားတွေးခေါ်ရမှာ ဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့ ဇာတ်လမ်းသွား
ကစားချင်တဲ့သူတွေအတွက်သာ အချိန်ကုန်ရကျိုးနပ်စေမှာပဲ ဖြစ်ပါတယ်။

⬛ အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ 3D Puzzle ဂိမ်းကိုမှ Mystery Vibe နဲ့
ကစားရမှာဖြစ်ပြီး ဇာတ်လမ်းသွားနဲ့ပါ တစ်ခါတည်း စီးမျောသွားရမှာမလို့
ဦးနှောက်သွေးချင်တဲ့သူတွေအတွက် ကစားကို ကစားကြည့်သင့်တာပဲဖြစ်ပါတယ်။
မယုံမရှိနဲ့နော် ဒီဂိမ်းက အချိန်ကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။


တိုက်ရိုက် အဆက်ကြီး မဟုတ်ပါဘူး။ ဒါပေမယ့် တူညီတဲ့ Universe ထဲမှာ ရှိပြီး Game Mechanics တွေနဲ့ Vibe တွေကတော့ Spiritual Successor အနေနဲ့ အများကြီး ပိုမိုက်လာပါတယ်။
GAME INFORMATION
Developer
Kiary Games
Version
v0.61.18
Release
Coming Soon
Updated
TBA
Network
Offline
Platform
Android, iOS
Download Size
430 MB
Total Size
650 MB
Multiplayer
Singleplayer Only
Monetization
Premium (Paid)
SYSTEM LOAD[BALANCED]
System Requirements
Mobile Specs
- Android9.0+
- iOS12.0+
- RAM4 GB
- SOCSnapdragon 680 or equivalent
- Arch64-bit ARM
8.8
HIGHLY ANTICIPATED
Download
Support from the official servers.
MOD VERSIONS
Unofficial and modified versions.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...