Bloodless
Game Info
Skip to Downloads
ရန်သူရဲ့ သွေးကို တစ်စက်တောင် အကျမခံဘဲ လက်နက်ချ အရှုံးပေးသွားအောင်
ပညာပေးရမယ့် ဆာမူရိုင်းတစ်ယောက်ရဲ့ ခရီးစဉ်တစ်ခု...
တွေးကြည့်ရင် မဖြစ်နိုင်ဘူးဆိုပေမယ့် တကယ် လူတိုင်း ဖိမ့်ဖိမ့်တုန်အောင်
ကြောက်ရတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ သည်းခံစိတ်နဲ့ သူတစ်ပါးအသက်ကို
မသတ်ပါဘူးဆိုတဲ့ သစ္စာတရားကို ရင်ဝယ်ပိုက်လိုက်တဲ့အချိန်မှာတော့ အရာရာဟာ
ကလေးဆုံးမသလိုမျိုးအထိ ဒီဂိမ်းထဲမှာ စိတ်ဝင်စားဖွယ်ကောင်းအောင်
မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Review မဖတ်ခင် ကြိုအသိပေးချင်တာက ဂိမ်းက Hardcore အမျိုးစားပါ။ ကိုယ့်ကို
ဓားနဲ့ ရွယ်တဲ့သူကို လက်နက်ချ အရှုံးပေးအောင် လုပ်ဖို့ဆိုတာက တော်ရုံတန်ရုံ
စိတ်ရှည်သည်းခံမှုနဲ့တော့ ဆော့နိုင်မှာ မဟုတ်ပါဘူး။ တကယ်ကို Next-Level
Concept တစ်ခုမလို့ မင်မင်ကတော့ အရမ်းသဘောကျတယ်။
Bloodless - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
ဒီဂိမ်းက Bakugawa ဆိုတဲ့ နေရာလေးကို အခြေခံထားပြီး၊ အဓိက ဇာတ်ကောင်ကတော့
Tomoe ဆိုတဲ့ အမျိုးသမီးဆာမူရိုင်းဟောင်း တစ်ယောက်နေရာကနေ ကစားရမှာပါ။ သူမဟာ
အရင်တုန်းက Shogun Akechi ရဲ့ လက်အောက်မှာ တကယ့်ကို လူသတ်စက် လက်နက်တစ်ခုလို
ရက်စက်ကျွမ်းကျင်တဲ့ ဆာမူရိုင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့
သည်းခံစိတ်တွေနဲ့အတူ သူတစ်ပါးအသက်ကိုပါ ဘယ်သောအခါမှ မနုတ်ယူတော့ဘူးဆိုပြီး
ကတိသစ္စာဆိုခဲ့ပါတယ်။
ဒါပေမယ့် သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ Bakugawa ကို ပြန်ရောက်လာတဲ့အခါမှာတော့
အရင်ကလို ငြိမ်းချမ်းတဲ့ နေရာလေး မဟုတ်တော့ဘဲ Shogun Akechi ရဲ့
အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုတွေအောက်မှာ ပြည်သူတွေ ဆင်းရဲဒုက္ခ
ရောက်နေကြတာကို မြင်တွေ့လိုက်ရပါတယ်။
အဲဒီထက် ပိုဆိုးတာက လူတွေကလည်း သူမကို အရင်တုန်းက လူသတ်ခဲ့ဖူးတဲ့ အတိတ်ရယ်၊
အခု ဓားကို စွန့်လွှတ်ပြီး တိုက်ခိုက်ဖို့ ငြင်းဆန်နေတာရယ်ကြောင့်
အကုန်အထင်လွဲပြီး ဝိုင်းဝန်း ရှုတ်ချကြပါတယ်။ ဒါပေမယ့် Tomoe ဟာ
ဒီလောက်အပြောခံနေရတာတောင်မှ ပြည်သူတွေကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပြီး
သတ်ဖြတ်ခြင်းဆိုတဲ့ နည်းလမ်းကို မသုံးဘဲ ရန်သူတွေကို လက်နက်ချစေတဲ့
နည်းလမ်းသစ်နဲ့ တော်လှန်ရေးကို စတင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီဂိမ်းရဲ့ အဓိက အသက်ကတော့ တိုက်ခိုက်ရေးစနစ်ဖြစ်ပြီး ကိုယ်က ရန်သူကို အရင်
သွားရိုက်လို့ မရပါဘူး။ အဲဒီအစား ရန်သူက အရင်တိုက်ခိုက်လာတဲ့ အချိန်မှာသာ
Dash လုပ်ပြီး ဝင်ထိန်းရတာမျိုးပါ။ ဝင်ထိန်းတဲ့အခါ ရန်သူ့ရဲ့ လက်နက်တွေပါ
လွှင့်ထွက်သွားတာကြောင့် ရန်သူတွေ ကြောက်ပြေး ပြေးသွားတာကို ကြည့်ရင်းနဲ့ကို
အားရစရာကောင်းပါတယ်။ အကောင်ကြီးတွေကို ပညာပေးရတဲ့အပိုင်းဆိုရင် ရှယ်ပဲ။
ဒါပေမယ့်... Tomoe ရဲ့ အတိတ်က ထင်သလောက်တော့ မရိုးရှင်းပါဘူး။ The Slasher
ဆိုတဲ့ သရဲတစ္ဆေလို အသိစိတ်က သူမကို မထင်မှတ်ပဲ ပြန်လည် နှိပ်စက်လာတဲ့
အခါမှာတော့... သူမအနေနဲ့ လူမသတ်ဘူးဆိုတဲ့ ကတိသစ္စာတရားကို
ဆက်တည်နိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
Action RPG ဆိုပေမယ့် ခလုတ်ကို ရမ်းနှိပ်လို့ရတဲ့ ဂိမ်းမျိုး လုံးဝ
မဟုတ်ပါဘူး။ Sekiro လိုမျိုး Timing အပေါ်မှာ အများကြီး မူတည်ပြီး ကစားရမယ့်
ဂိမ်းတစ်ခုပါ။
❖ ရန်သူ့လက်နက်က အဖြူရောင် လင်းသွားတဲ့ အချိန်မှာ Dash ကို နှိပ်ပြီး
ဝင်တိုက်ရတာမျိုးဖြစ်ပြီး Timing နည်းနည်းလွဲတာနဲ့ ကိုယ့်ရဲ့သွေးက
ရှယ်လျော့မှာပါ။ ဥပမာ သွေး သုံးပိုင်းဆိုရင် ရန်သူက သာမန်ဆိုရင်တောင်
တစ်ပိုင်းလျော့မှာပဲဖြစ်ပါတယ်။
❖ နောက်တစ်ခု သတိထားရမှာက ရန်သူ့လက်နက်က အနီရောင် လင်းလာပြီဆိုရင်တော့
Counter လုပ်လို့မရတဲ့အတွက် မဖြစ်မနေ ဘေးကို Dodge လုပ်ဖို့ လိုအပ်ပါတယ်။
❖ Counter အောင်မြင်ရင် Ki Gauge တက်လာပြီး Sakura Flash လိုမျိုး အဝေးကနေ
ဝင်တိုက်တဲ့ Skill တွေ၊ Armor တွေကို ခွဲပစ်နိုင်တဲ့ Skill တွေကိုပါ
အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
❖ RPG တွေလို Level တက်တာထက်၊ Crest လို့ခေါ်တဲ့ Ability တွေကို တပ်ဆင်ပြီး
ကစားရတာမလို့ ကိုယ့်ရဲ့ ကစားဟန်ကိုပါ စိတ်ကြိုက် ပြောင်းလဲပစ်လို့ရပါတယ်။
𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic ပိုင်းက Pixel Art ဆိုပေမယ့် လုံးဝကို အသက်ဝင်နေတာဖြစ်ပြီး Ray
Tracing မဟုတ်တဲ့ Shadow Reflection Details တွေကအစ မြင်တွေ့ရမှာပါ။
Monochrome လို့ ခေါ်တဲ့ အဖြူအမဲ နောက်ခံပေါ်မှာ သွေးအရောင်လို
အနီရောင်လေးတွေ ဖြည့်စွက်ထားတဲ့ ဒီဇိုင်းမျိုး ဖန်တီးထားတာမလို့ တကယ့်ကို 90
Vibe အပြည့်ရပါတယ်။ နောက်ပြီး Dash-Counter လုပ်လိုက်တဲ့ အချိန်မှာ ထွက်လာတဲ့
Visual Effect တွေကလည်း အတော်လှတာကြောင့် Visual ပိုင်းကတော့ ပြောစရာကို
မလိုပါဘူး။
Sound Effect နဲ့ နောက်ခံ Music တွေမှာဆိုရင်လည်း ဂျပန်ရိုးရာ တူရိယာသံတွေကို
အခြေခံထားတာမလို့ အပေါ်က 90 Visual Vibe နဲ့ Old Audio ပေါင်းစပ်မှုက
ဒီဂိမ်းကို ခေတ်သစ်မဟုတ်ပဲ ငယ်ဘဝမှာ ပြန်ကစားနေရသလိုအထိ
ခံစားစေရမှာပဲဖြစ်ပါတယ်။
2D ကိုမှ Pixel Art နဲ့ ဖန်တီးထားတာမလို့ Device တိုင်းနဲ့ကို အဆင်ပြေပြေ
ကစားနိုင်မှာဖြစ်ပြီး Mobile အတွက်လည်း Touch Screen Control မဟုတ်တာတောင်
Button Part တွေက အဆင်ပြေပြေ ကစားနိုင်အောင် ချိန်ညှိပေးထားတာမလို့
တကယ်သဘောကျစရာကောင်းတယ်။
#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
လုံးဝကို တန်ပါတယ်။ Auto-Quest တွေ၊ Gacha တွေနဲ့ အချိန်ဖြုန်းရတဲ့ Mobile
Game တွေ ကြားထဲမှာ၊ ကိုယ့်ရဲ့ Skill ကို အပြည့်အဝ အသုံးချရမယ့်
ဂိမ်းကောင်းတစ်ခုမလို့ Story ဘက်ကပဲ
ကြည့်ကြည့်၊ Gameplay ဘက်ကပဲကြည့်ကြည့် နောက်ဆုံး ဖန်တီးထားတဲ့ Concept ကိုက
တကယ်ထူးခြားတာမလို့ ဆော့ကို ဆော့ကြည့်သင့်တာပဲဖြစ်ပါတယ်။
တစ်ခုရှိတာက Newbie-friendly ဂိမ်းမျိုးမဟုတ်တာကြောင့် Hardcore /
Souls-like ဆန်တာတွေကို သဘောကျတဲ့သူမှသာ အဆင်ပြေမှာပဲဖြစ်ပါတယ်။
အမှားနည်းနည်း လုပ်မိတာနဲ့ မသာပေါ်ဖို့ ပိုများတဲ့အတွက် သည်းခံနိုင်စွမ်းနဲ့
Reflex မြန်ဖို့ကတော့ လိုအပ်ပါလိမ့်မယ်။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠
မင်မင်တော့ ဒီဂိမ်းလေးကို ဆော့နေရင်းနဲ့ ကိုယ်တွေ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့
Rurouni Kenshin (Samurai X) ကိုတောင် သွားပြီး သတိရမိတယ်။ လူသတ်သမားဆိုတဲ့
အတိတ်ကို စွန့်လွှတ်ပြီး အပြစ်ကင်းစင်အောင် ကြိုးစားရတဲ့ ခံစားချက်က တကယ်ကို
ခက်ခဲနက်နဲတယ်လို့ မြင်မိတယ်။ ဒီဂိမ်းမှာ Boss တစ်ကောင်ကို အနိုင်ရဖို့တောင်
အကြိမ်ကြိမ် သေပြီးတော့မှ ကစားဟန်ကို မြင်ရတာမလို့ အကောင်သေးသေး ကြီးကြီး
လျော့တွက်လို့ကို မရတာပါ။
မင်မင်ဆို Boss Fight တွေရောက်ရင် အံတွေ၊ သွားတွေ ကြိတ်မိတဲ့အထိ လူပါ Mood
အသကုန် ဝင်ကုန်တာ။ တကယ် ဇာတ်ကောင်ကသာ အေးချမ်းနေတာ လူက အတော် လောင်နေပြီ 🤣။
ဒါပေမယ့် ဒီဂိမ်းလေးက သေချာတွေးကြည့်မယ်ဆိုရင် တကယ့်လက်တွေ့ဘဝမှာ ပြဿနာတွေကို
အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာထက်၊ နားလည်မှုနဲ့ ခံနိုင်ရည်ရှိရှိ
ရင်ဆိုင်ဖြေရှင်းတာက ပိုပြီးတော့ ခွန်အားကြီးမားတယ်ဆိုတာကို အမှတ်ရစေမိတယ်။
မှန်တာပေါ့ အဲဒီလုပ်ဖို့ဆိုရင် ကိုယ်ကလည်း တစ်စုံတစ်ရာမှာ အရမ်းထူးချွန်နေမှ
ဖြစ်မှာကို။ မဟုတ်ရင် တစ်လောကလုံး ဝိုင်းကြိတ်တာနဲ့တင် အစတောင်
ရှာရမှာမဟုတ်ဘူး။
ကဲ ဒီလိုဆိုတော့ ဆော့မယ်ဆိုတဲ့သူတွေအတွက် Mini Tips လေးတွေ မင်မင်
ပြောပြပေးပါမယ်။
❖ သွေးဖြည့်ဖို့အတွက် Tea Gourd တွေကို အမြဲ သတိထားပြီး သုံးပါ။
❖ ရန်သူတွေ အများကြီး ဝိုင်းလာတဲ့အခါ လောပြီး ဝင်မတိုးပါနဲ့။
တစ်ကောင်ချင်းစီရဲ့ Attack Pattern ကို အရင် လေ့လာပြီးမှ စိတ်အေးအေး
ဝင်ထိန်းပါ။
❖ ပြောလို့သာပြောတာ Hardcore သမားတွေပဲ ဆော့မှာမလို့ သိပ်အများကြီး
ပြောစရာမလိုပါဘူး။ အဲဘက်ပိုင်းကလူတွေက ဂိမ်းစူးစမ်းတဲ့နေရာမှာ
ကျွမ်းပြီးသား။
𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
ဒီဂိမ်းကို Point N' Sheep ဆိုတဲ့ အဖွဲ့ဝင် 8 ယောက်တည်းရှိတဲ့ ဘရာဇီးက Indie
Studio ကနေ ဖန်တီးထားတာပါ။ အစကတော့ Game Jam လေးကနေ စတင်ခဲ့တဲ့ Project
လေးကနေ ခုဆိုရင် Steam မှာတင်မကဘဲ Mobile ပေါ်မှာပါ တကယ်ကို Masterpiece
တစ်ခုလို အောင်မြင်နေတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ Full Game ထွက်ရှိထားပြီးသား ဖြစ်တဲ့အတွက် Big Update တွေတော့
ချက်ချင်း မလာနိုင်သေးပါဘူး။ ဒါပေမယ့် ကစားသမားတွေရဲ့ Feedback တွေကို
နားထောင်ပြီး Bug Fix တွေနဲ့ Gameplay Balance တွေကိုတော့ ဆက်တိုက်
ပြင်ဆင်ပေးနေတယ်လို့ သိရပါတယ်။
⬛ တကယ့်ကို ထူးခြားတဲ့ Non-lethal Combat စနစ်နဲ့ နက်နဲတဲ့ ဇာတ်လမ်းမျိုးကို
ခံစားချင်တဲ့ သူတွေအတွက် Bloodless က လက်မလွှတ်သင့်တဲ့ ဂိမ်းကောင်းလေး
တစ်ခုလို့ ညွှန်းပေးချင်ပါတယ်။
HELLO Fan တွေထဲမှာရော ဂိမ်းထဲမှာ ရန်သူတွေကို သတ်ပစ်ရတာနဲ့ အခုလို
သွေးတစ်စက်မှ မကျဘဲ လက်နက်ချခိုင်းရတာ... ဘယ်ဟာကို ပိုပြီး သဘောကျကြလဲ ?
Comment ထဲမှာ ဆွေးနွေးသွားကြပါဦး။
📖 သွေးမစွန်းသော ဓားနဲ့ Tomoe
Hello! ဒီအထိ ရောက်လာပြီဆိုတော့ ဇာတ်လမ်းလေးကို တော်တော်
စိတ်ဝင်စားလို့နဲ့ တူတယ်။ Review ထဲမှာလည်း ဇာတ်ကြောင်းကို
အစပျိုးထားခဲ့ပေမယ့် ပိုပြီးတော့ ဇာတ်ရည်လည်အောင် အစကနေ
သေချာပြောပြမယ်နော်။ ဒါဆို မင်မင်နဲ့အတူ ဇာတ်ကြောင်းလေးကို အစအဆုံး
ဝင်ကြည့်လိုက်ရအောင်...
ဇာတ်လမ်းရဲ့ အစကတော့ တကယ့်ကို လှပပြီး ငြိမ်းချမ်းခဲ့တဲ့ Bakugawa ဆိုတဲ့ နယ်မြေလေးကနေ စတင်ပါတယ်။ အရင်တုန်းက ဒီနယ်မြေလေးဟာ သာယာဝပြောခဲ့ပေမယ့် Shogun Akechi လို့ခေါ်တဲ့ အာဏာရှင် ကြီးစိုးလာတဲ့ အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ Akechi ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေဟာ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ဆင်းရဲဒုက္ခ ရောက်နေကြရတဲ့ အချိန်တစ်ခုပေါ့။ အဲဒီမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Tomoe ဟာ သာမန် အမျိုးသမီး တစ်ယောက်တော့ မဟုတ်ပါဘူး။ သူမဟာ Akechi ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတော်ဆုံးနဲ့ အရက်စက်ဆုံး ဆာမူရိုင်း တစ်ယောက်ဖြစ်ပြီး The Slasher လို့တောင် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့သူပါ။
ဒါပေမယ့် စစ်ပွဲတွေ၊ သတ်ဖြတ်မှုတွေနဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ သွေးထွက်သံယိုမှုတွေကို အနီးကပ် မြင်တွေ့လာရတဲ့ အခါမှာတော့ သူမရဲ့ စိတ်ထဲမှာ နောင်တတရားတွေ ကြီးစိုးလာပါတယ်။ နောက်ဆုံးမှာတော့ Tomoe ဟာ သူမရဲ့ ဓားကို စွန့်လွှတ်လိုက်ပြီး နောက်ထပ် အသက်တစ်ချောင်းကိုမှ ထပ်မယူတော့ဘူးလို့ ပြင်းပြင်းထန်ထန် သစ္စာဆိုလိုက်ပါတယ်။ အဲ့ဒီအချိန်ကစလို့ သူမဟာ အရာအားလုံးကို စွန့်ခွာပြီး Ronin လို့ခေါ်တဲ့ သခင်မဲ့ ဆာမူရိုင်း တစ်ယောက်အဖြစ် နေထိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာတော့ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ Bakugawa ကို ပြန်လာခဲ့ပေမယ့်၊ အခြေအနေတွေက ပိုပြီး ဆိုးရွားနေတာကို တွေ့လိုက်ရပါတယ်။
ပြည်သူတွေက သူမကို ကြိုဆိုမယ့်အစား အတိတ်က လူသတ်သမားဆိုတဲ့ နာမည်ဆိုးကြောင့် မုန်းတီးကြသလို၊ အခု လက်နက်မကိုင်ဘဲ ပြန်လာတာကိုလည်း သူရဲဘောကြောင်သူ တစ်ယောက်အနေနဲ့ ကဲ့ရဲ့ကြပါတယ်။ ဒါပေမယ့် Tomoe ဟာ သူမရဲ့ သစ္စာတရားကို မဖောက်ဖျက်ဘဲ၊ Bakugawa ကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမရဲ့ တော်လှန်ရေးက သွေးထွက်သံယိုမှု မပါဝင်တဲ့ တော်လှန်ရေးပါ။ ရန်သူတွေကို သတ်ပစ်မယ့် အစား၊ သူမရဲ့ ကိုယ်ခံပညာနဲ့ ကျွမ်းကျင်မှုကို အသုံးပြုပြီး ရန်သူတွေရဲ့ လက်နက်တွေကို ဖြုတ်ချကာ အရှုံးပေးစေခဲ့ပါတယ်။ Akechi ရဲ့ တပ်မှူးတွေကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူရင်းနဲ့၊ သူမရဲ့ အတိတ်က The Slasher ဆိုတဲ့ သွေးဆာနေတဲ့ အသိစိတ်ကလည်း Namazu's Wrath လို့ခေါ်တဲ့ ကျွန်းပေါ်မှာ ပြန်လည် နိုးထလာပြီး သူမကို ဒုက္ခပေးလာပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် အနိုင်ယူရတဲ့ အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုပဲ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံး အဆုံးသတ်မှာတော့ Tomoe ဟာ အာဏာရှင် Shogun Akechi နဲ့ ထိပ်တိုက် ရင်ဆိုင်ရပါတော့တယ်။ Akechi က သူမကို ဓားပြန်ကိုင်လာအောင်၊ သွေးပြန်စွန်းလာအောင် အမျိုးမျိုး စိန်ခေါ်ခဲ့ပေမယ့် Tomoe ဟာ သူမရဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ သွေးတစ်စက်မှ မချဘဲ Akechi ကို အပြီးတိုင် အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်၊ Bakugawa ပြည်သူတွေဟာ Tomoe ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို နားလည်သွားကြပြီး သူမကို လေးစားသွားကြပါတယ်။ ဒါဟာ Redemption ဆိုတဲ့ အမှားကို ပြင်ဆင်ပြီး ကယ်တင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝ ဖော်ပြသွားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ကဲ... ဒီဂိမ်းလေးရဲ့ ဇာတ်လမ်းလေးကို အပြည့်စုံသိသွားပြီဆိုတော့ ရင်ထဲမှာ ဘာကျန်ခဲ့ကြလဲ? မင်မင်လည်း သိချင်လို့ Comment ထဲမှာ ဖြေပေးသွားအုံးနော်...

သာမန် ခလုတ်ရမ်းနှိပ်ပြီး ဆော့ရတဲ့ ဂိမ်းမျိုး မဟုတ်ဘဲ၊ ရန်သူက
တိုက်ခိုက်လာမယ့် အချိန်အတိကျကို စောင့်ပြီး Dash ဖြင့် ဝင်တိုက်ကာ
လက်နက်ဖြုတ်ချရတဲ့ Non-lethal စနစ်ကို အသုံးပြုထားခြင်းက အကြီးမားဆုံး
ကွာခြားချက်ပဲဖြစ်ပါတယ်။
GAME INFORMATION
Developer
Point N' Sheep
Version
1.0 (Premium)
Release
August 2024
Updated
September 2026
Network
Offline
Platform
Android, PC, Nintendo Switch
Download Size
400 MB
Total Size
600 MB
System Requirements
Mobile Specs
- AndroidAndroid 8.0+
- iOSNot Available
- RAM3 GB and above
- SOCSnapdragon 660 / Helio G80
- Arch64-bit ARM
PC Specs
- CPUIntel Core i3 / AMD Ryzen 3
- RAM4 GB
- GPUNVIDIA GTX 660 / AMD HD 7850
- DirectXVersion 10
9.1Unique game
OFFICIAL STORES
Download from the official servers.
Download
This is for testing purpose !!
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...