Escape Story Dark Nightmares
Game Info
Download

ဒီနေ့ ပြောပြမယ့် ဂိမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေကစားလို့ကောင်းတဲ့
Indie Game ကောင်းလေးတစ်ခုကို Quick Suggestion အနေနဲ့
တင်ပေးသွားမှာဖြစ်ပါတယ်။
ဒီဂိမ်းလေးက Little Nightmare တို့လို ဂိမ်းကြီးတွေကို Inspired ယူထားတာမလို့
ကစားရတာ မဆိုးဘူးဆိုတဲ့ အနေထားမှာရှိပြီး Developer တစ်ယောက်တည်း ဖန်တီးကနေ
ဖန်တီးထားတာမလို့ အများကြီးတော့ မျှော်လင့်လို့မရပါဘူး။

2.5D နဲ့ Side-Scroller ပုံစံလေး ဖန်တီးထားတာမလို့ ဘယ်ညာသွားပြီး Puzzle
လေးတွေကို ဖြေရှင်းရမှာပါ။ Jump လုပ်တာတွေ၊ ကြိုးဆွဲတာတွေအထိ ပါဝင်ပြီး
ဒီဂိမ်းမှာ Unique ဖြစ်တာက လမ်းတစ်လျှောက်လုံး Spooky ဖြစ်ဖြစ်နဲ့ သရဲတွေကို
မြင်တွေ့ရမှာပဲဖြစ်ပါတယ်။


မင်မင် သတိထားမိတာက Horror ဂိမ်းတွေရဲ့ စိတ်ပညာအရ တစ်သတ်မှတ်တည်းဖြစ်နေတဲ့
မင်မင်တို့ရဲ့ Pattern တွေကို ဒီဂိမ်းထဲမှာ ထူးထူးခြားခြား သွားသတိထားမိပါတယ်။
ပုံမှန် Horror ဂိမ်းဆိုရင် မဲမဲမြင်တာနဲ့ တန်းပြေးတတ်တဲ့ မင်မင်ရဲ့ အကျင့်တွေက
ဒီဂိမ်းထဲမှာ လုံးဝ အလှောင်ခံလိုက်ရသလိုပါပဲ။ အကြောင်းကတော့ လိုက်တော့ လိုက်တယ်
ဒါပေမယ့် ကိုယ်ထင်ထားသလိုမဟုတ်ပဲ ကိုယ့်စိတ်ကနေသာ ကြောက်ကြောက်နဲ့ ပြေးနေရတဲ့
ပုံစံမလို့ Chill မဖြစ်ရင် တော်တော် Challenge ဖြစ်မယ့်
ဂိမ်းပုံစံမျိုးပါပဲ။


အလွယ်တကူ ပြန်မစပဲ Checkpoint စနစ်နဲ့မလို့ ကစားရတာလည်း တော်တော်စိတ်ရှည်မှ
ရပါမယ်။ Indie ဂိမ်းတစ်ခုမလို့ Control နဲ့ Mechanic တွေက အားမရသေးပေမယ့် အဲဒီလို
ခက်နေတာကိုက ကစားရတာ တစ်မျိုးလေးဖြစ်နေတာပါ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့
အရင်းနှီးဆုံး ဥပမာတစ်ခုကို ပေးရမယ်ဆိုရင် အပြင်က ကစားကွင်းတွေမှာ တွေ့ရတဲ့
သရဲအိမ်ထဲ ဝင်နေရသလိုမျိုးပါပဲ။ ခြောက်တော့ခြောက်တယ် ဒါပေမယ့် တကယ်
ရန်မူတာမျိုးမဟုတ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကစားရမှာပဲဖြစ်ပါတယ်။


GAME INFORMATION
Developer
GameSquare Action Games
Version
1.0.3
Release
October 2021
Updated
November 2021
Network
Offline
Platform
Android
Download Size
130 MB
Total Size
250 MB
System Requirements
Mobile Specs
- AndroidAndroid 5.1+
- iOSNot Available
- RAM3 GB
- SOCSnapdragon 660
- Arch64-bit ARM
8.0
GREAT ATMOSPHERE
OFFICIAL STORES
Download from the official servers.
Download
This is for testing purpose only.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...