Ojol Life Food Delivery Game
Game Info
Download

ဒီနေ့ Quick Suggestion အနေနဲ့ အလှည့်ကျတဲ့ ဂိမ်းလေးကတော့ အင်ဒိုနိုင်ငံရဲ့
Delivery Life လေးကို အသေးစိတ်မြင်တွေ့ရမယ့် Simulation ဂိမ်းကောင်းလေး
တစ်ခုပဲဖြစ်ပါတယ်။


ဂိမ်းကောင်းဆိုလို့ သူ့မှာပါတဲ့ လူနေမှုပုံစံတွေက မြန်မာနိုင်ငံသားတိုင်း
ခံစားမိနိုင်တာကြောင့် အထူးသဖြင့် မန္တလေးသားတွေ အကြိုက်တွေ့စေမယ့် မြိုပတ်ပြီး
ဆိုင်ကယ်တက္ကစီ ဆွဲပေးရမှာပဲဖြစ်ပါတယ်။


တကယ် အဆောက်အအုံနဲ့ လမ်းပုံစံတွေက လုံးဝကို မြန်မာနိုင်ငံမှာ မောင်းနေရသလိုအထိ
လမ်းကြိုလမ်းကြားတွေ၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မီးပွိင့်ကြီး
ဖြတ်မောင်းတာမျိုးတွေပါ လုပ်လို့ရမှာပါ။ ဆီလည်း ကြည့်မောင်းရသလို၊
လူတိုက်မိရင်လည်း အပြောခံရမှာမလို့ ကိုယ့်ရဲ့ ဆိုင်ကယ် Skill လေးတွေ ဒီဂိမ်းထဲမှာ
လာပြလို့ရပါတယ်။


Life Simulation ဆိုတဲ့ အတိုင်း ဆိုင်ကယ်တက္ကစီဆွဲရင်း ရလာတဲ့ ငွေလေးတွေကို
အိမ်ပြင်၊ အိမ်ဝယ်၊ စားဖို့သောက်ဖို့ စသည်ဖြင့်
အသေးစိတ်လုပ်ဆောင်နိုင်မှာဖြစ်ပြီး တက္ကစီဆွဲတဲ့နေရာမှာလည်း ခရီးသည်တင်တာ၊
အစားအသောက်နဲ့ ပစ္စည်းပို့တာတွေအထိပါ အကုန်အသေးစိတ်ပါဝင်တာပဲဖြစ်ပါတယ်။


တကယ် ဒီဂိမ်းမှာ ပါဝင်တဲ့ Mechanic တွေက တော်တော်လေးကို သဘာဝကျကျ
အသေးစိတ်ထည့်ပေးထားတာကြောင့် မင်မင်ကတော့ အရမ်းချီးကျူးမိတယ်လို့ ပြောချင်တယ်။
ပြောရရင် ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာတွေကို စိတ်ကူးစရာမလိုပဲ တစ်ခါတည်း
အလိုက်သိသိ တန်းထည့်ပေးထားတာကြောင့် ကစားရတာ Physics ပိုင်းကော၊ Mechanic
ပိုင်းကော နောက်ဆုံး ဆိုင်ကယ်တက်ခွတဲ့ Animation တွေကအစ ပြီးပြီးရော ဖြစ်သလို
လုပ်ထားတာမဟုတ်ပဲ တကယ်စေတနာပါပါနဲ့ ဖန်တီးထားတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။


နောက်ပြီး လူတိုင်းအကြိုက် Open World ကြီးကိုပါ ကျယ်ကျယ်လေး ဖန်တီးပေးထားတာမလို့
ဆိုင်ကယ်စုတ်လေးနဲ့ ဘဝသမားလေး လုပ်ချင်ရင် ဒီဂိမ်းလေးက တကယ်ကို
လက်မလွှတ်သင့်တာပဲဖြစ်ပါတယ်။


GAME INFORMATION
Developer
Maleo
Version
Latest Release
Release
2024
Updated
2026
Network
Offline
Platform
Android, iOS
Download Size
123 MB
Total Size
Around 300 MB
System Requirements
Mobile Specs
- AndroidAndroid 6.0+
- RAM3 GB (4 GB Recommended)
- SOCSnapdragon 450 +
- Arch64-bit ARM
8.1COZY GEM
OFFICIAL STORES
Download from the official servers.
Download
This is for testing purpose only.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...