LATEST NEWS

Loading Latest News...

Katana Kata Way of Ronin

Katana Kata Way of Ronin

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android PC Playstation
Game Info
Download
Table of Contents

ဆရာ့ရဲ့ အမှားတွေကို တပည့်ဖြစ်သူက သွေးနဲ့ရင်းပြီး ပြင်ဆင်ပေးရမယ့် ဂိမ်းတစ်ခု...

Souls-like ဂိမ်းမျိုးတွေကို သဘောကျတယ်ဆိုရင်တော့ ဒီဂိမ်းက ဂျပန်ဆာမူရိုင်းခေတ်က Hardcore Action မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး Stealth တွေမပါဝင်ပဲ တည့်တိုးတွယ်ရမှာဖြစ်လို့ ရန်သူသေးသေး၊ ကြီးကြီး သေတာနဲ့ အကုန်ထားခဲ့ရမှာပဲဖြစ်ပါတယ်။

Katana Kata - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰

ဒီဂိမ်းရဲ့ ဇာတ်လမ်းပိုင်းမှာဆိုရင် ကိုယ်က ဆရာသမားရဲ့ နောက်ဆုံး တပည့်တစ်ယောက်ဖြစ်ပြီး ထူးထူးခြားခြား အိမ်မက်ဆိုးတွေကို ထပ်ခါတလဲလဲ ဆက်တိုက်မက်နေတဲ့ သူတစ်ယောက်ပါ။ နောက်ဆုံး ဆရာဖြစ်သူ သတိထားမိသွားတဲ့အချိန်မှာတော့ ကိုယ့်ကို အိမ်မက်ဆိုးတွေကနေ လွတ်မြောက်ဖို့အတွက် ကြီးလေးတဲ့ တာဝန်တစ်ခုကို ယူခိုင်းခဲ့ပါတယ်။ အဲဒါကတော့ ဆရာဖြစ်သူကိုယ်တိုင် သင်ပေးခဲ့တဲ့ တပည့်ဟောင်းတွေဟာ ပညာရပ်တွေကို မကောင်းတဲ့နေရာမှာ လမ်းမှားပြီး အသုံးချနေတာကြောင့် လူတွေထပ်ပြီး ဒုက္ခမရောက်အောင် လိုက်ခံရှင်းခိုင်း ခဲ့တာပဲဖြစ်ပါတယ်။
°         ဒီခရီးလမ်း တစ်လျှောက်လုံးက လုံးဝကို လွယ်ကူမှာ မဟုတ်ဘူးဆိုတာကို ဆရာဖြစ်သူက သိထားပေမယ့် ကိုယ့်ရဲ့ အိမ်မက်ဆိုးတွေဟာ အရှိတရားရဲ့ အတိုင်းထက်လွန်အောင်ကို အင်အားကြီးမားနေတာကြောင့် အခုလို စေလွှတ်ခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းကတော့ တကယ့်ရန်သူတွေဟာ ဆရာ့ရဲ့ တပည့်ဟောင်းတွေမဟုတ်ပဲ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ Shadow Dark Side ကြီးဖြစ်နေတာပါ။ ဘယ်လိုဖြစ်တာလဲဆိုရင် ကိုယ်သေဆုံးသွားတိုင်း ကိုယ်နဲ့ဆင်တူတဲ့ အရိပ်ပုံစံလူတစ်ယောက်ဟာ တမလွန်မှာ အမြဲတမ်း စောင့်နေတာကြောင့် သူ့ကို နိုင်ရင် အသက်ဆက်ရှင်မှာဖြစ်ပြီး ရှုံးသွားရင်တော့ အပြီးတိုင်သေဆုံးကာ အကုန်ထားခဲ့ရမှာပဲဖြစ်ပါတယ်။
°         အဲဒါကြောင့် ကိုယ့်မှာ တကယ်ကျွမ်းကျင်မှုရှိရင် ကံတရားက တာဝန်မပြီးမခြင်း ထောက်ပံ့နေမှာဖြစ်ပြီး ကိုယ့်မှာ လုံလောက်တဲ့ အရည်ချင်းမရှိရင်တော့ အစကနေ ပြန်ကြိုးစားခိုင်းမှာပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜

Hack and Slash ကိုမှ Souls-like ပုံစံဖြစ်နဲ့ ကစားရမှာဖြစ်ပြီး Parry နဲ့ Dodge တွေကို အားကိုးပြီးတော့ ကစားရမှာပါ။ ပိုမိုက်ပြီး ပိုခက်တာက သူ့မှာ သုံးထားတဲ့ Combat ပုံစံက Direction အတိကျနဲ့ Block, Parry လုပ်ရတာကြောင့် ခလုပ်နိပ်ထားရုံနဲ့ သူ့ဘာသူ ကာသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် Camera View နဲ့ Character Movement ကိုလည်း သတိထားရပါတယ်။ အပေါ်မှာပြောခဲ့သလို သေရင် အကုန်ထားရမှာဖြစ်တာကြောင့် Stamina တွေကြည့်ပြီး နည်းနည်းလေးမှ အမှားခံလို့မရပါဘူး။
°         ဒါ့အပြင် Weapon Durability တွေပါ ထည့်ပေးထားသေးတာကြောင့် ကိုယ်သုံးနေတဲ့ ဓားက ခုတ်ပါများသွားရင်လည်း ကျိုးတာ၊ ပဲ့တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ အဲကြရင်တော့ Martial Art ဖြစ်တဲ့ ကိုယ်ခံပညာနဲ့ ဆက်တွယ်ရမှာပါ။ နောက်ပြီး Skill Progression ဖြစ်တဲ့ Learning Point တွေပါ ပါဝင်တာကြောင့် ထပ်ခါထပ်ခါ ကျရှုံးလေ၊ ပိုပြီးတော့ အားကောင်းလေဖြစ်အောင် Upgrade တွေလည်း လုပ်လို့ရပါသေးတယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞

Indie Game တစ်ခုဖြစ်တာကြောင့် Low Polygon Graphic မျိုးကိုမှ Lighting ကောင်းကောင်းနဲ့ ဖန်တီးထားတာဖြစ်ပြီး Effect တွေလည်း တော်တော် Details ဖြစ်အောင် ထည့်ပေးထားတာကို တွေ့ရပါတယ်။ ကျန်တာတွေကတော့ သူ့ဟာနဲ့သူ မဆိုးဘူးဆိုပေမယ့် Performance ပိုင်းမှာတော့ အနည်း Optimization လိုနေသေးပါတယ်။

အချိန်ပေးပြီးကစားရတာတန်ရဲ့လား?

အမှန်တိုင်းပြောရရင် ဒီဂိမ်းက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ Souls-like ဖြစ်တဲ့အတွက် အကြိမ်ကြိမ် သေရမယ်၊ စိတ်ရှည်ရမယ်။ ဒါ့အပြင် လမ်းလျှောက်ရင်း သာမန် ရန်သူတစ်ယောက်ကတောင် ကိုယ့်ကို အလွယ်တကူ သတ်ပစ်နိုင်တာကြောင့် အချိန်တိုင်းက သတိရှိနေမှ ဖြစ်မှာပါ။ Hardcore Fan တွေအတွက် တကယ် Try ကြည့်သင့်ပြီး အနည်းငယ်ခက်ခဲနိုင်မှာကတော့ Camera Joystick ‌ပဲဖြစ်ပါတယ်။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬

ဒီဂိမ်းလေးကို ဖန်တီးခဲ့တာကတော့ Samustai ဆိုတဲ့ Indie Game Studio လေးပဲ ဖြစ်ပါတယ်။ လူအင်အား၊ ငွေအင်အား သိပ်မများတဲ့ အဖွဲ့လေးဖြစ်ပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ Market ထဲမှာ ရှိပြီးသား ခလုတ်နှိပ်ရုံနဲ့ ပြီးသွားတဲ့ Action ဂိမ်းတွေနဲ့ မတူဘဲ တကယ့်ကို လက်တွေ့ဆန်တဲ့ ဓားရေးစနစ်တစ်ခုကို ဖန်တီးချင်ခဲ့တာပါ။ ဒါကြောင့်လည်း Directional Combat ဆိုတဲ့ လမ်းကြောင်းကြည့်ပြီး ကာကွယ်ရတဲ့ စနစ်ကိုလည်း ပိုခက်မှန်းသိတာတောင် ထည့်သွင်းခဲ့ကြတာပဲဖြစ်ပါတယ်။
°         ဂိမ်းထွက်ခါစက Bug လေးတွေ၊ ကင်မရာ အခက်အခဲလေးတွေ ရှိခဲ့ပေမယ့် Developer တွေဘက်ကနေ Player တွေရဲ့ Feedback တွေကို သေချာနားထောင်ပြီး Update တွေ ဆက်တိုက်ပေးခဲ့ပါတယ်။ အခုကတော့ Stable Version ဖြစ်သွားပြီမလို့ Hidden Gem ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Mobile ပေါ်မှာလည်း Official Playstore တွေပေါ်မှာ မတင်ပဲနဲ့ Port ပုံစံမျိုး ထွက်ရှိလာတာပါ။
GAME INFORMATION
Developer
Stanislav Shostak
Version
1.2.2 (Unofficial Port)
Release
February 2021
Updated
September 2021
Network
Offline
Platform
Android, PC, Xbox, Switch
Download Size
500 MB
Total Size
550 MB
System Requirements
Mobile Specs
  • Android5.0+
  • RAM3 GB
  • SOCSnapdragon 660
  • Arch64-bit ARM
PC Specs
  • CPUIntel Core i3
  • RAM4 GB
  • GPUGTX 750 / Radeon HD 7770
  • DirectXVersion 11
7.0HARDCORE SAMURAI SOULS
Graphics
70
Gameplay
80
Control
60
OFFICIAL STORES
Download from the official servers.
Download
This is for testing purpose only!
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 ⚡ 🌟
Replying to ... ✕
Initializing...