Jenny LeClue Detectivu
Table of Contents

စာအုပ်ထဲက ဇာတ်ကောင်လေးက ဖန်တီးခဲ့တဲ့ စာရေးဆရာကို ပြန်အာခံတဲ့အခါ....

° တကယ်ကို ရှားရှားပါးပါး Hidden Gem ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ဂိမ်းဆော့နေရတာနဲ့ မတူအောင်ကို ဖန်တီးထားတာတွေက အရမ်းစွဲဆောင်မှုရှိတာကြောင့် မသိရင် ရုပ်ရှင်ကား တစ်ကားကို ကြည့်နေရသလိုအထိ အရမ်းမိုက်ပါတယ်။ နောက်ပြီး ဇာတ်လမ်းထဲကနေ ဇာတ်လမ်းကို ထပ်ဖန်တီးထားတဲ့ Metanarrative ပုံစံလဲ ပါဝင်တဲ့အပြင်ကိုမှ The fourth wall ကိုပါ ဖောက်လုနီးပါးအထိ Cliffhanger အပိုင်းတွေကို မြင်တွေ့ရမှာပါ။

Jenny LeClue - Detectivu
𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
ဇာတ်လမ်းအစမှာ Arthur K. Finklestein ဆိုတဲ့ စာရေးဆရာကြီးကို အရင်ဆုံး တွေ့ရပါလိမ့်မယ်။ သူက စုံထောက်မလေး Jenny ရဲ့ အကြောင်းတွေကို စာအုပ်တွေ အများကြီး ရေးခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ သူ့စာအုပ်တွေက သိပ်ရောင်းအားမတက်တော့တာကြောင့် စာအုပ်ထုတ်ဝေသူတွေဟာ လူသတ်မှုတွေပါတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းမျိုးတွေကို ရေးပေးဖို့အတွက် သူ့ကို ဖိအားပေးလာပါတယ်။ ဒီလိုနဲ့ပဲ Arthur တစ်ယောက် သူ့ရဲ့ ချစ်စရာ ဇာတ်ကောင်လေး Jenny ကို မလွှဲမရှောင်သာဘဲ ကြောက်စရာကောင်းတဲ့ လူသတ်မှုကြီးတစ်ခုထဲကို ဆွဲသွင်းလိုက်ရပါတော့တယ်။

° အဲ့ဒီအချိန်ကနေစပြီး ကိုယ်က သူရေးနေတဲ့ ဇာတ်လမ်းထဲက Jenny လေးနေရာကနေ ဝင်ကစားရမှာပါ။ Jenny လေးနေတဲ့ မြို့က အရမ်းကို အေးချမ်းပေမယ့် တစ်နေ့မှာတော့ ထူးထူးခြားခြား ကောလိပ်ကျောင်းအုပ်ကြီး တစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ပိုဆိုးတာက အဲ့ဒီ အမှုရဲ့ အဓိက တရားခံအဖြစ် Jenny လေးရဲ့ အမေကိုပါ ရဲတွေက ရုတ်တရက် ဖမ်းဆီးသွားတာကြောင့် ဇာတ်လမ်းဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းလာတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် Jenny ကိုယ်တိုင် သူမရဲ့ အမေဟာ အပြစ်မရှိဘူးဆိုတာကို သက်သေပြဖို့အတွက် စတင်လှုပ်ရှားရတော့မှာပါ။

° ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာက Jenny ကြုံနေရတဲ့ မှုခင်းတစ်ခုတည်းတင်မဟုတ်ပဲ အဲဒီ ဇာတ်လမ်းကို တိုက်ရိုက်ရေးနေတဲ့ စာရေးဆရာနဲ့ Jenny တို့ကြားက အားပြိုင်မှုတွေကိုပါ မြင်တွေ့ရအုံးမှာပါ။ ဘယ်လိုဖြစ်တာလဲဆိုရင် ကိုယ်က Jenny နေရာကနေသာ ကစားရပေမယ့် Arthur စာရေးဆရာ ကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ လှုပ်ရှားမှုတိုင်းကို Narrative အနေနဲ့ နောက်ခံကနေ စကားတွေ လိုက်ပြောနေမှာပါ။ ပြောရရင် စာရေးဆရာက ဒါမလုပ်နဲ့ဆိုရင် Jenny လေးက Player အားကိုးနဲ့ ဆန့်ကျင်လို့ရတာကြောင့်ပါ။ တကယ်ရယ်လည်းရယ်ရသလို မှုခင်းကလည်း တဖြည်းဖြည်း Deep ဖြစ်လာမှာကြောင့် တကယ်အရမ်းမိုက်တဲ့ ဂိမ်းကောင်းလေးတစ်ခု ဖြစ်နေတာပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ဒီဂိမ်းက 2D Side-scrolling ကိုမှ Point and Click Adventure ပုံစံမျိုးနဲ့ ကစားရမှာပါ။ နောက်ပြီး စုံထောက်ဂိမ်းဖြစ်တဲ့အတွက် သဲလွန်စ ရှာဖွေရတဲ့ အပိုင်းတွေဟာ တော်တော်လေးစုံထောက်ဆန်ပြီး ပြောရရင် Detective Lesson 101 ကိုပါ ကိုယ်တိုင် ကစားရင်းနဲ့ လိုက်သင်နေရသလိုပါပဲ။ ဉပမာ လူတစ်ယောက်ကို Analyze လုပ်ပြီး သူဘာဖြစ်နေတယ်ဆိုတာတွေကအစ အကဲခတ်နိုင်မှာဖြစ်ပြီး ရလာတဲ့ သဲလွန်စအချက်လက်တွေကိုပါကိုယ်တိုင် Combine လုပ်ပြီး ဖြစ်နိုင်ချေတွေကို သေချာလိုက်ရှာပေးရမှာပါ။


° တကယ်အရမ်းမိုက်သလို ပညာသားပါပါနဲ့ပါ ကစားရမှာဖြစ်တာကြောင့် စုံထောက်ဂိမ်းကြိုက်တဲ့သူတွေဆိုရင် ဒီ ဂိမ်း Mechanic ကို ဆော့လို့တောင် ဝမှာမဟုတ်ပါဘူး။ နောက်ပြီး ကိုယ်ရွေးချယ်လိုက်တဲ့ စကားပြော Choice တွေပေါ် မူတည်ပြီးလည်း ဇာတ်ကောင်တွေရဲ့ Reaction က ကွဲထွက်သွားတာကြောင့် တကယ် ဂိမ်းရဲ့ ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်သွားစေမယ့် Gameplay မျိုးကို ခံစားရမှာပါ။ နောက်ပြီး ကိုယ်ရဲ့ ရွေးချယ်မှုတွေကိုလည်း Custom Journal ထဲမှာ သေချာမှတ်တမ်း တင်ပေးထားအုံးမှာပါ။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic ပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ တကယ့်ကို လက်ရာမြောက်တဲ့ 20th Century အလယ်ပိုင်းက Hand-drawn Art Style မျိုးနဲ့ ဖန်တီးပေးထားတာပါ။ Color နဲ့ Visual သုံးထားတဲ့ ပုံတွေက ရုပ်ရှင်ကားတစ်ခုကို ကြည့်နေရသလိုအထိ တကယ် အရည်အသွေးမြင့်တဲ့အပြင် အသံပိုင်းကအစ လုံးဝကို Voice Actor တွေနဲ့ သေချာလေး ဖန်တီးထားတာပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အစမှာပြောခဲ့သလိုမျိုး ဂိမ်းကစားရတာနဲ့မတူပဲ တကယ်ရုပ်ရှင်တစ်ခုကြည့်နေရသလိုအထိ Visual နဲ့ Song ပိုင်းတွေကလည်း Support ပေးသွားမှာပါ။

° Graphic က Details အရမ်းကျတော့ 2D ဂိမ်းဖြစ်နေတာတောင်မှ Battery Saver ပေါ်မူတည်ပြီး Resolution တွေကို Optimize လုပ်လို့ရပါတယ်။ 30 FPS အထိ ဂိမ်းဆော့ရတာ အရသာမပျက်တာကြောင့် ကိုယ့်ဖုန်းက နိုင်ရင်နိုင်သလို FPS တွေပါ တိုးကစားကြည့်လို့ရပါတယ်။

#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
အမှန်တိုင်း ပြောရရင် ဇာတ်လမ်းပိုင်း၊ Graphic ပိုင်း၊ Gameplay ပိုင်းအထိ အကုန် 10/10 ပေးလို့ရလောက်အောင်ကို အရမ်းကျေနပ်မိတယ်။ အထူးသဖြင့် စုံထောက်ဂိမ်းတွေ၊ ဇာတ်လမ်းကောင်းကောင်းလေးတွေ ရှာနေတဲ့သူတွေအတွက် တကယ် အချိန်ပေးရတန်စေမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Puzzle တွေကလည်း အရမ်းမခက်တာကြောင့် ခေါင်းစားစရာမလိုပဲ ဇာတ်အိမ်ကို အေးအေးဆေးဆေး ခံစားနိုင်မှာပါ။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠
မင်မင် အကြိုက်ဆုံး အပိုင်းကတော့ Jenny လေးရဲ့ Sassy ဖြစ်တဲ့ စရိုက်လေးပါပဲ။ သူက အရမ်းကို စကားတတ်ပြီး၊ တခြား လူတွေကို ပြန်ပက်တဲ့ နေရာမှာ ဆရာမကြီးမလို့ တကယ်ကို အူတက်အောင် ရယ်ရမှာပါ။ တစ်ခါလေ စာရေးဆရာက ဒီနေရာမှာ သရဲမရှိပါဘူးလို့ ပြောထားရင်တောင် သူက သရဲရှိပါတယ်ဆိုပြီး သဲလွန်စ အချက်လက်တွေနဲ့ စာရေးဆရာကိုပါ ပြန်ပတ်အုံးမှာပါ။ တကယ် ဆော့ရတာ မရိုးစေတဲ့ ဂိမ်းကောင်းလေးတစ်ခုမလို့ ကစားဖြစ်အောင်ကို ကစားကြည့်စေချင်မိတယ်။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
ဒီဂိမ်းလေးရဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Mografi လို့ခေါ်တဲ့ Developer အဖွဲ့လေးက 2014 ခုနှစ် လောက်ကတည်းက Kickstarter မှာ ရန်ပုံငွေ ကောက်ခံပြီး ဖန်တီးခဲ့တာပါ။ သူတို့ မျှော်မှန်းထားတာထက် ပိုပြီး ပရိသတ်တွေက အားပေးခဲ့ကြလို့ ဒေါ်လာ တစ်သိန်းကျော် အထိတောင် ရန်ပုံငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် 2019 နဲ့ 2020 ဝန်းကျင်လောက်မှာ Apple Arcade နဲ့ PC တို့မှာ ထွက်ရှိလာခဲ့တာပါ။

° ဒါပေမယ့် Gamer တွေကြားမှာ အကြီးအကျယ် ဂယက်ရိုက်သွားစေတာကတော့ ဂိမ်းရဲ့ အဆုံးသတ်ကြောင့်ပါပဲ။ ပြောရရင် Cliffhanger ပုံစံနဲ့ အဆုံးသတ်သွားတာကြောင့် နောက်ထပ် Part 2 ကို ဖန်တီးနေတယ်လို့ ကတိတွေ ပေးခဲ့ပေမယ့် အခုထိတော့ ပေါ်ကို မလာကြတော့ပါဘူး။ တစ်ချို့ကလည်း စိတ်ဆိုးပြီး Bad Review တွေ ပေးကြသလို တစ်ချို့ကြတော့လည်း တကယ် Game လေးကို သဘောကျပြီး ဆက်ထွက်စေချင်တာကြောင့် စိတ်ရှည်ရှည်နဲ့ ဆက်စောင့်နေကြတာပဲဖြစ်ပါတယ်။

⬛ အချုပ်အားဖြင့် ပြောရရင် Jenny LeClue - Detectivu ဆိုတဲ့ ဂိမ်းလေးဟာ ဇာတ်အိမ်ကောင်းကောင်းနဲ့ Graphic လှလှလေးတွေကို ခံစားချင်တဲ့ စုံထောက်ဂိမ်း Fan တွေအတွက် မဖြစ်မနေ ဆော့ကြည့်သင့်တဲ့ လက်ရာကောင်း တစ်ခုပဲ ဖြစ်ပါတယ်။
Jenny LeClue Detectivu
ဇာတ်လမ်းရဲ့ အစမှာ စာရေးဆရာကြီး Arthur K. Finklestein ဟာ သူ့ရဲ့ စာအုပ်တွေ ရောင်းအားကျလာတဲ့အတွက် ထုတ်ဝေသူက သူ့ကို ဖိအားပေးလာပါတယ်။ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတွေအစား သွေးထွက်သံယို လူသတ်မှုတွေ ပါဝင်တဲ့ ဇာတ်လမ်းမျိုး ရေးဖို့ တောင်းဆိုလာတဲ့အခါ၊ Arthur တစ်ယောက် မတတ်သာဘဲ သူ့ရဲ့ အချစ်တော် ဇာတ်ကောင် Jenny လေးကို အကြမ်းဖက်မှုတွေကြားထဲ ဆွဲသွင်းလိုက်ရပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး ဂိမ်းထဲက ဇာတ်လမ်းက အသက်ဝင်လာပါတယ်။ အေးချမ်းလှပါတယ်ဆိုတဲ့ Arthurton မြို့လေးမှာ Gumboldt ကောလိပ်ရဲ့ ကျောင်းအုပ်ကြီး Dean Strausberry ဟာ လျှို့ဝှက်ဆန်းကြယ်စွာ အသတ်ခံလိုက်ရပါတယ်။ ပိုဆိုးတာက ရဲတွေက ဒီအမှုရဲ့ တရားခံအဖြစ် မှုခင်းဆေးပညာ ပရော်ဖက်ဆာ ဖြစ်သူ Jenny ရဲ့ အမေကို ဖမ်းဆီးသွားခဲ့တာပါပဲ။
Jenny ဟာ သူ့အမေမှာ အပြစ်မရှိဘူးဆိုတာကို သက်သေပြဖို့ ကြိုးစားရင်း၊ ပြဿနာ ထပ်မရှာနိုင်အောင် ဆိုပြီး ချမ်းသာတဲ့ Glatz မိသားစုရဲ့ အိမ်ကြီးထဲမှာ အကျယ်ချုပ် ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါပေမယ့် ဉာဏ်ကောင်းတဲ့ Jenny ဟာ အိမ်ကြီးရဲ့ ထပ်ခိုးပေါ်မှာ လျှို့ဝှက် ဓာတ်ခွဲခန်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲ့ဒီ ဓာတ်ခွဲခန်းကတော့ သူ အမြဲတမ်း အထင်သေးခဲ့တဲ့ ကောင်မလေး Suzie Glatz ရဲ့ လျှို့ဝှက်နေရာလေး ဖြစ်နေခဲ့တာပါ။ အပြင်ပန်းမှာ ရိုးရိုးလေးနေတတ်တဲ့ Suzie ဟာ တကယ်တော့ သိပ္ပံပညာမှာ ပါရမီရှင်တစ်ယောက် ဖြစ်နေတာကို အံ့သြဖွယ် တွေ့မြင်ခဲ့ရပြီး၊ သူမရဲ့ အကူအညီနဲ့ပဲ Jenny ဟာ အိမ်ကြီးထဲကနေ လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ Jenny ဟာ သင်္ချိုင်းကုန်းထဲကနေ တစ်ဆင့် ရှေးဟောင်း မိုင်းတွင်းဟောင်းကြီးထဲကို စွန့်စား ဝင်ရောက်သွားခဲ့ပြီး သူ့အမေကို ထောင်ဖောက် ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ မိုင်းတွင်းကြီးထဲမှာ သွားလာရင်းနဲ့ သူမဟာ အရင်က သေဆုံးသွားခဲ့တဲ့ မိုင်းလုပ်သား ၃၀၀ ရဲ့ ရင်နင့်ဖွယ် အကြောင်းအရာတွေနဲ့၊ သေဆုံးသွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ သူ့အဖေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် အသစ်တွေကိုပါ ရှာဖွေတွေ့ရှိလာပါတယ်။
ဇာတ်လမ်းရဲ့ အကြီးမားဆုံး Plot Twist ကတော့ သေသွားပြီလို့ လူတိုင်းက ထင်ထားတဲ့ ကျောင်းအုပ်ကြီး Dean ဟာ တကယ်တမ်းမှာ အဆိပ်တစ်မျိုးကို အသုံးပြုပြီး သေဟန်ဆောင်နေခဲ့တာကို Jenny တစ်ယောက် သိရှိသွားတဲ့ အချိန်ပါပဲ။ ပိုပြီး အံ့သြစရာ ကောင်းတာကတော့ Dean နဲ့ Jenny ရဲ့ အမေတို့ဟာ Arthurton မြို့လေးကို နောက်ကွယ်ကနေ ကြိုးကိုင် ခြယ်လှယ်နေတဲ့ လျှို့ဝှက် အဖွဲ့အစည်းကြီး တစ်ခုကို ဖော်ထုတ်ဖို့အတွက် လျှို့ဝှက် ပူးပေါင်းနေခဲ့ကြတာ ဖြစ်နေပါတယ်။ ဒါ့အပြင် ဒီ Arthurton မြို့လေးဟာ တကယ့် လက်တွေ့ကမ္ဘာကြီးထဲမှာ ရှိမနေတော့ဘဲ Other Side လို့ခေါ်တဲ့ အခြား ကမ္ဘာဖက်ခြမ်းကို ရောက်ရှိနေတာ ဖြစ်ပြီး၊ Jenny ရဲ့ အဖေကတော့ မူလကမ္ဘာဖက်မှာ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတဲ့ ထိတ်လန့်ဖွယ်ရာ အမှန်တရားကြီးကိုပါ သိရှိလိုက်ရပါတယ်။
ဒီလို အချိန်မှာပဲ ဇာတ်လမ်းက လက်တွေ့ကမ္ဘာက စာရေးဆရာ Arthur ဆီကို ပြန်လည် ရောက်ရှိသွားပြီး Arthur က တကယ့် လူမသတ်ဘဲနဲ့ Dark ဖြစ်တဲ့ ဇာတ်လမ်းကို ဖန်တီးနိုင်ခဲ့ပြီ ဆိုပြီး ဝမ်းသာနေပေမယ့်၊ ထုတ်ဝေသူကတော့ ဒါဟာ စာဖတ်သူကို လှည့်စားတာပဲ ဖြစ်တယ်၊ တကယ် သေဆုံးသွားတဲ့သူ တစ်ယောက်မှ မပါဘူး ဆိုပြီး ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါတယ်။ စာအုပ်ဆက်ထုတ်ချင်ရင် အဓိက ဇာတ်ကောင် တစ်ယောက်ယောက်ကို သေချာပေါက် အသေရေးပေးရမယ်လို့ အကျပ်ကိုင်လာတဲ့အခါ၊ Arthur လည်း မျက်စိမှိတ်ပြီး ဇာတ်ကောင် တစ်ယောက်ကို ရမ်းရွေးချယ်လိုက်ရပါတော့တယ်။ အဲ့ဒီလို ရွေးချယ်လိုက်တဲ့ အချိန်မှာပဲ ဂိမ်းဇာတ်လမ်းထဲမှာ မြေငလျင် အကြီးအကျယ် လှုပ်ခတ်လာပြီး ဇာတ်ကောင်တွေ အားလုံး ပျောက်ကွယ်သွားမယ့် အခြေအနေမျိုးနဲ့ အတူ ဂိမ်းကြီးဟာ ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတော့တယ်။
ကဲ... ဒီလို စိတ်လှုပ်ရှားစရာ ကောင်းနေတဲ့ အချိန်မှာ ရုတ်တရက်ကြီး ပြီးသွားတဲ့ ဇာတ်လမ်း အဆုံးသတ်ကို ဖတ်ပြီးသွားတဲ့ အချိန်မှာ ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုး ကျန်ခဲ့လဲ? ငလျင်လှုပ်ပြီးတဲ့နောက် ဘယ်ဇာတ်ကောင် အသက်ရှင်ကျန်ရစ်မယ်လို့ ထင်လဲဆိုတာ Comment ထဲမှာ ဝင်ရောက် ဆွေးနွေးပေးသွားကြပါအုံး...
- Android7.0+
- iOS13.0+
- RAM3 GB
- SOCSnapdragon 660 / Helio G80
- Arch64-bit ARM
- CPUIntel Core i5
- RAM2 GB
- GPUIntel HD 4000
- DirectXVersion 11