Little Kitty Big City
Game Info
Download

တကယ် Animation လေးတွေကအစ ကြောင်တစ်ကောင်ရဲ့ လှုပ်ရှားပုံတွေအတိုင်း ဖန်တီးထားတဲ့အပြင် Simulation အနေနဲ့ပါ ကြောင်အတိုင်း ထိန်းချုပ်လို့ရတာကြောင့် Story လေးနဲ့ အေးအေးဆေးဆေး မြို့ထဲမှာ Chill ချင်တဲ့သူတွေ ဒါမှမဟုတ် ကြောင်ဘဝနဲ့ သောင်းကြမ်းချင်တဲ့သူတွေအတွက် လုံးဝကို လက်မလွှတ်သင့်ပါဘူး။


Little Kitty, Big City
𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
° ဒီဂိမ်းလေးရဲ့ ဇာတ်လမ်းက တကယ်ကို ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့အထဲမှာပါတယ်။ ကိုယ်တွေ ကစားရမယ့် အဓိက ဇာတ်လိုက်ဖြစ်တဲ့ ကြောင်မဲလေးကတော့ ဟိုး တိုက်အမြင့်ကြီးပေါ်မှာ နေပူဆာလုံနေရင်း ရုတ်တရက် အကြောဆန့်လိုက်ရာကနေ ခွေးကျဝက်ကျ အောက်ကို ပြုတ်ကျသွားပါတယ်။ ကံကောင်းချင်တော့ ကြောင့်ရဲ့ ပင်ကိုယ်အသိကြောင့် တွယ်ကပ်ပြီး တင်းခံနေပေမယ့်လည်း နောက်ဆုံးတော့ အမှိုက်ပုံထဲ ဝင်အောင်းရတော့တာပါပဲ။


° ကြောက်ကြောက်နဲ့ဆိုတော့ မိညှောင်လည်း အိမ်ပြန်လမ်းကို မမှတ်မိတော့ပဲ အဲဒီမှာ လမ်းစပျောက်တော့ပါတယ်။ နောက်ဆုံးရှာရင်း ရှာရင်းနဲ့ သူနေတဲ့ တိုက်ခန်းကို ပြန်တွေ့တဲ့ အချိန်မှာလည်း အဲဒီအမြင့်ကြီးထိ ပြန်တက်ဖို့ရာက သူ့ဆီမှာ လုံလောက်တဲ့ ခွန့်အားရှိမနေပြန်ပါဘူး။ ဒါကြောင့်

ဒီစွန့်စားခန်းတစ်လျှောက်မှာ ကူညီပေးမယ့်သူကော၊ အန္တရာယ်ပြုမယ့်သူတွေကိုပါ မျိုးစုံ ရင်ဆိုင်ရမှာပါ။ ဥပမာ ခွေးကြီးတွေရဲ့ ရန်တွေ၊ ဟူးမန်းတွေကို လိုက်နှောက်ယှက်ရတာတွေအထိ မြို့တစ်ခုလုံးကို ကြောင်ဘဝနဲ့ ပတ်မွှေရမှာပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ဒီဂိမ်းက Third Person View နဲ့ ကစားရမှာဖြစ်လို့ ကြောင်လေးရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို အသေးစိတ်မြင်တွေ့ရမှာဖြစ်ပြီး Exploration နဲ့ Puzzle Solving ကို အဓိက ဦးစားပေးထားတဲ့ Story ဂိမ်းကောင်းလေးတစ်ခုပါ။ Simulation လိုမျိုး ကြောင်တစ်ကောင်ရဲ့ လှုပ်ရှားမှုတွေပါ Manual ထိန်းချုပ်ခွင့်ပေးထားတာကြောင့် Precision Jump ဖြစ်တဲ့ Paw print လေးတွေကအစ သဘာဝကျကျ ခုန်ပေးရမယ့်အပြင် ဘယ်လက်လား၊ ညာလက်လား ? ကြိုက်တဲ့ လက်နဲ့ ပန်းအိုးခွဲတာ၊ ပစ္စည်းချီတာ၊ အသံပေးတာအပြင် Runner Mood နဲ့ Reaction Mood တွေကလည်း တကယ့်ကြောင်တစ်ကောင်နဲ့ ဆင်တူအောင် ဖန်တီးထားတာမလို့ အရမ်းသဘောကျစရာကောင်းနေတာပဲဖြစ်ပါတယ်။ နောက်ထပ် ထည့်ပေးထားတဲ့ Features တွေက တကယ် ကြောင်ဘဝမှာပဲ သိနိုင်မယ့် Moment တွေပါဝင်တာမလို့ Cat Lover တိုင်း အူယားစေမှာ အမှန်ပဲ။ ပြီးတော့ Cat ကိုပါ ကိုယ့်အပြင်က ကြောင်နဲ့တူအောင် Customize ပါ လုပ်လို့ရသေးတယ်နော်။


𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
ဒီဂိမ်းရဲ့ Graphic အပိုင်းကို ပြောရမယ်ဆိုရင် 3D Art Style လေးနဲ့ ဂျပန်မြို့ပြရဲ့ အလှအပတွေကို အရောင်အသွေး စုံစုံလင်လင်နဲ့ ချစ်စရာကောင်းအောင် ပုံဖော်ပေးထားတာပါ။ ကြောင်လေးရဲ့ လှုပ်ရှားမှု Animation တွေကအစ တကယ့်ကို အသက်ဝင်ပြီး၊ ခုန်တာ၊ ပြေးတာ၊ အကြောဆန့်တာတွေက ကြောင်အစစ်တစ်ကောင်ကို မြင်နေရသလိုပါပဲ။ Meow ခလုတ်လေး နှိပ်လိုက်တိုင်း ထွက်လာတဲ့ အသံလေးတွေ၊ ပတ်ဝန်းကျင်က ကားသံ၊ လူတွေရဲ့ အသံတွေနဲ့ နောက်ခံ BGM လေးတွေကအစ ဂိမ်းရဲ့ Cozy ဖြစ်တဲ့ Vibe ကို ပိုပြီးတော့ ပြီးပြည့်စုံသွားစေတာပဲ ဖြစ်ပါတယ်။

Performance အပိုင်းမှာတော့ PC နဲ့ Console တွေမှာ အတော်လေး Smooth ဖြစ်အောင် Optimization လုပ်ပေးထားတဲ့အပြင် အခု Mobile မှာလည်း သူ့နေရာနဲ့သူ အဆင်ပြေပေမယ့် Control Unstable ဖြစ်တာလေး အထူးသဖြင့် Movement Joystick လေးက ကစားရတာ နည်းနည်း အခက်တွေ့စေနိုင်ပါတယ်။ ကျန်တာကတော့ Mobile မှာ fps stable ဖြစ်ဖြစ်နဲ့ ကစားနိုင်ပြီး GPU အမျိုးစားပေါ်မူတည်ပြီးတော့ Shaders တွေ အနည်းငယ် ကျတာမျိုးတော့ ခံရနိုင်ပါတယ်။ နောက်တစ်ခု ဒီဂိမ်းရဲ့ UI ပိုင်းက တကယ့်ကို ရှင်းလင်းနေပြီး မျက်စိနောက်စရာတွေ ထည့်ပေးမထားတာကြောင့် Environment View ကိုပါ ကောင်းကောင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
ဒီဂိမ်းက Storyline လေးလဲ ပါဝင်တာကြောင့် ကိုယ်က စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်၊ ဒါမှမဟုတ် အလုပ်နားရက်လေးမှာ အေးအေးဆေးဆေး Relax ဖြစ်ချင်တဲ့ သူတွေ၊ အထူးသဖြင့် ကြောင်ချစ်သူ Cat Lovers တွေအတွက်ကတော့ တကယ့်ကို အချိန်ပေးရကျိုးနပ်စေမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဒါမှမဟုတ် Open World ကြိုက်တဲ့သူတွေလဲ Exploration က တကယ် စမ်းကြည့်သင့်တာနော်။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠
° အပြင်မှာ ကြောင်တွေ သောင်းကျန်းလို့ ပစ္စည်းဘာညာပြုတ်ကျသွားရင် နည်းနည်းလေးစိတ်တိုရပေမယ့် ဒီဂိမ်းထဲမှာကြ ကိုယ်မဟုတ်သလိုပဲ အကုန် တွေ့သမျှပစ္စည်းတွေ လိုက်တွန်းချနေတာဟာ စိုးရိမ်ရလား..?? တခြားအကြောင်းရာတွေ အများကြီး မပြောပြဖြစ်ရင်တောင် ဒီဂိမ်းက ကြောင်ဘဝနဲ့ ကိုယ်ချင်းစာကြည့်လို့ရတာကြောင့် ကြောင်လေးတွေရဲ့ မျက်လုံးထဲမှာ ပေါ်နေတဲ့ လောကကြီးက ဘယ်လိုမျိုးလဲဆိုတာကို သိချင်ရင် တကယ်ဆော့ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် ဒီကြောင်ရဲ့ ဘဝက မြန်မာက ကြောင်တွေလို Cat Gangster အသိုင်းဝိုင်းနဲ့ နယ်လုတာတွေ၊ ညရောက်ရင် ခေါင်းမိုးပေါ်မှာ သိုင်းကွက်ထုတ်တာတွေတော့ ပါဝင်အုံးမှာ မဟုတ်သေးပါဘူး။ မဟုတ်ရင် Cozy မဆန်ပဲ GTA CAT ဖြစ်သွားလိမ့်မယ်။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬 & 𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠
° ဒီ Little Kitty, Big City ဆိုတဲ့ ဂိမ်းလေးက Double Dagger Studio ရဲ့ ပထမဆုံး ပွဲဦးထွက် ဖန်တီးမှုလေး ဖြစ်ပါတယ်။ အစကတော့ သေးငယ်တဲ့ Indie ဂိမ်းလေး တစ်ခုအနေနဲ့ စတင်ခဲ့ပေမယ့်၊ ၂၀၂၄ ခုနှစ် မေလမှာ ထွက်ရှိပြီး နှစ်ရက်အတွင်းမှာတင် အချပ်ရေ တစ်သိန်းကျော် ရောင်းချခဲ့ရတဲ့အထိ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ Untitled Goose Game လိုမျိုး တိရစ္ဆာန်လေးတွေရဲ့ နေရာကနေ ဆိုးပေရတဲ့ ဂိမ်းအမျိုးအစားကို လူကြိုက်များလာတာကို အမိအရ အသုံးချပြီး ချစ်စရာကောင်းတဲ့ ကြောင်လေးရဲ့ ဇာတ်ကောင်နဲ့ ပေါင်းစပ်လိုက်တာဟာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။

° ရှေ့ဆက်ပြီးတော့လည်း ဒီဂိမ်းကို PlayStation 4 နဲ့ PlayStation 5 တွေအတွက် ထုတ်ဝေပေးသွားဖို့ ရှိနေသလို၊ ၂၀၂၆ နှောင်းပိုင်းမှာတော့ အခု Mobile Version အနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Playstore မှာ ပြန်ဖြုတ်ချသွားပါတယ်။

° ကစားသမားတွေဘက်ကလည်း ဇာတ်လမ်းတိုသွားတာကို နှမြောနေကြပြီး နောက်ထပ် DLC တွေ၊ ဒါမှမဟုတ် ဇာတ်လမ်း အသစ်တွေ ထပ်ထွက်လာဖို့ကို တောင်းဆိုနေကြတာမလို့ Developer တွေဘက်က ဘယ်လို အသစ်အဆန်းတွေ ထပ်ပြီး ယူဆောင်လာပေးမလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

⬛ ကဲ... ဒီလောက်ဆိုရင်တော့ Little Kitty, Big City ရဲ့ မြို့ကြီးထဲမှာ ကြောင်လေးနဲ့ အတူတူ အိမ်ပြန်လမ်း ရှာဖို့ အဆင်သင့်ပဲလား....
Playstore မှာတော့ ထွက်ထွက်ပြီးချင်း ပြန်ပြုတ်ကျသွားပါတယ်။ iOS မှာတော့ ရနေသေးပြီး In App Purchases အနေနဲ့ ဆော့လို့ရပါတယ်။

GAME INFORMATION
Developer
Double Dagger Studio
Version
1.0
Release
May 2024
Updated
May 2024
Network
Offline
Platform
PC, Nintendo Switch, Xbox, Android, iOS
Download Size
1.2 GB
Total Size
1.2 GB
System Requirements
Mobile Specs
- Android7.0+
- iOS13 +
- RAM4 GB
- SOCSnapdragon 662+
- Arch64-bit ARM
PC Specs
- CPUi5-7600K / Ryzen 5 2600
- RAM4 GB
- GPUGTX 650 Ti / AMD HD 7790
- DirectXVersion 11
8.8MASTERPIECE OF COZINESS
OFFICIAL STORES
Download from the official servers.
Google Play StoreIn App PurchasesApple App StoreIn App PurchasesSteam StoreOfficial Version | $24.99 USDPlayStation StoreOfficial Version | $12.49 USDNintendo SwitchOfficial Version | $24.99 USDXbox StoreOfficial Version | $24.99 USD
Download
This is for testing purpose only !!
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...