LATEST NEWS

Loading Latest News...

Pikabuu STOP!

Pikabuu STOP!

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android PC
Game Info
Download
မြန်မာနိုင်ငံကလူတွေ တကယ်ဆော့ကြည့်သင့်တဲ့ လက်တွေ့ဘဝရဲ့ Life Simulation ဂိမ်းတစ်ခု..

ပြောရရင် ဒီဂိမ်းက တော်တော်လေး Dark ဖြစ်သလို အင်ဒိုနီးရှား နိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေနဲ့ အွန်လိုင်းချေးငွေ ပြဿနာတွေကို ထိထိမိမိ ပုံဖော်ပြီး ဂိမ်းပုံစံအနေနဲ့ ဖန်တီးထားတာကြောင့် ပညာပေးဂိမ်းထက်ကိုပိုတဲ့ Real Life Horror ဂိမ်းတစ်ခုကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Dark လို့ပြောကတည်းက တကယ်ကြမ်းတာမလို့ သာမန်မိသားစု‌လေးတစ်ခု လောင်းကစားကြောင့် ဘယ်လောက်အထိ စုတ်ပြတ်သွားနိုင်လဲဆိုတာကို ကိုယ့်ရဲ့ လုပ်ရပ်တွေကနေတဆင့် မြင်တွေ့လာရမှာပဲဖြစ်ပါတယ်။

Pikabuu: STOP! - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰

° ဒီဂိမ်းရဲ့ ဇာတ်လမ်းလေးကတော့ ကိုယ်က ဖခင်တစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး အလိုက်သိတတ်တဲ့ ဇနီးလေးရယ်၊ ချစ်စရာကောင်းပြီး အရမ်းလိမ္မာတဲ့ သမီးလေး Kaila တို့ရဲ့ ဘဝကို အေးအေးချမ်းချမ်းနဲ့ မြင်တွေ့ရမှာပါ။ ဖခင်ဖြစ်သူ Beni ကလည်း မိသားစုအပေါ်ကို အရမ်းချစ်တတ်ပြီး လိုလေသေးမရှိအောင်ထားပေးချင်တာကြောင့် တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ လှုံ့ဆော်မှုနဲ့ အလွယ်လမ်းတစ်ခုကို လိုက်မိသွားပါတယ်။ အဲဒီကနေစပြီး တဖြည်းဖြည်း ဒုက္ခနွံထဲနစ်သွားရင်း ပြန်ထွက်လို့ မရတော့တဲ့အချိန်မှာတော့ အေးချမ်းတဲ့ မိသားစုလေးရဲ့ဘဝဟာ ငရဲခန်းတစ်ခုလိုကို ဖြစ်လာခဲ့ပါတယ်။
° ပြောရရင် ဒီဂိမ်းရဲ့ ဇာတ်လမ်းကနေ ပေးချင်တဲ့ Message က အရမ်းကို ပြင်းထန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားရမယ့် ကိုယ်က ဖခင်ဖြစ်သူ Beni ရဲ့ နေရာကနေ ဝင်ပါရမှာဆိုတော့ ကိုယ်ရွေးချယ်လိုက်တဲ့ အပြုမူတိုင်းဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာကြောင့်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အွန်လိုင်းလောင်းကစားဂိမ်းတွေရဲ့ လှည့်စားမှုတွေ၊ နိုင်နေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ရှုံးနွံထဲနစ်နေတဲ့ အခြေအနေတွေအပြင်၊ နောက်ဆုံး ပြန်ဆပ်လို့မနိုင်တော့တဲ့ အကြွေးတွေကြားမှာပါ ဗျာများနေရတဲ့ Beni ရဲ့ စိတ်မွန်းကြပ်စရာ အခြေအနေတွေကို တကယ့်လက်တွေ့နီးပါး မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
° ဒါပေမယ့် အဆိုးဆုံးက အဲ့ဒါနဲ့တင် မဟုတ်သေးပါဘူး။ အကြွေးရှင်တွေက အိမ်တိုင်ရာရောက် လာတောင်းတဲ့အခါမှာ ဖခင်ဖြစ်တဲ့ Beni တစ်ယောက် ဘယ်လို ဆုံးဖြတ်ချက်တွေ ချမလဲ? သူ့ရဲ့ မိုက်မဲမှုတွေအတွက် သူကိုယ်တိုင် အသက်ပေးဆပ်နိုင်မလား ဒါမှမဟုတ် ပိုပြီး ကြောက်စရာကောင်းတဲ့ လမ်းကြောင်းကို ရွေးချယ်သွားမလားဆိုတာကိုတော့ ...ရင်တထိတ်ထိတ်နဲ့ အသက်ရှုကြပ်အောင်ကို ခံစားရမှာပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜

ဒီဂိမ်းက Action အသားပေး ဂိမ်းမျိုး မဟုတ်ဘဲ Visual Novel နဲ့ Walking Simulator ကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ။ ကိုယ့်ဘက်ကနေ ပတ်ဝန်းကျင်ကို လေ့လာမယ်၊ ဇာတ်လမ်းကို စီးမျောမယ်၊ ပြီးတော့ အဆုံးအဖြတ်ပေးရမယ့် နေရာတွေမှာ သေချာလေး စဉ်းစားပြီး ရွေးချယ်မှုတွေ လုပ်ပေးရုံပါပဲ။

ဇာတ်လမ်းကို အဓိက သွားရတဲ့ ဂိမ်းဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ Puzzle တွေ၊ တိုက်ခိုက်ရေးစနစ်တွေ မပါဝင်ပါဘူး။ အေးအေးဆေးဆေးလေး လမ်းလျှောက်ရင်း ဇာတ်လမ်းကို ခံစားရမယ့် ပုံစံမျိုးပါ။ မင်မင် အကြိုက်ဆုံး အချက်ကတော့ လောင်းကစား App ကနေ ပိုက်ဆံထုတ်တဲ့အခါ 404 Error ကြီး ပေါ်လာတာမျိုးတွေ၊ ငွေချေးတဲ့ App တွေရဲ့ စာသားတွေကအစ လက်တွေ့ဘဝက အတိုင်း သေချာလေး သရုပ်ဖော်ထားတာပါ။

နောက်ပြီး ဒီဂိမ်းရဲ့ အမိုက်ဆုံးအချက်က ကစားသမားရဲ့ ရွေးချယ်မှုအပေါ် မူတည်ပြီး Multiple Endings 6 မျိုးအထိ ထည့်ပေးထားတာပဲဖြစ်ပါတယ်။ သတိထားရမယ့် နောက်ဆုံး အချက်ကတော့ ဒီဂိမ်းဟာ ပေါ့ပေါ့ပါးပါး ဆော့လို့ရတဲ့ ဂိမ်းမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို တော်တော်လေး ပေးနိုင်တဲ့ ဂိမ်းမျိုး ဖြစ်တယ်ဆိုတာကို ထပ်မံအသိပေးချင်ပါတယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞

ရုပ်ထွက်ပိုင်းကို ပြောရမယ်ဆိုရင်တော့ PSX ဖြစ်တဲ့ PlayStation 1 ခေတ်ကလို Low-poly Graphic ပုံစံမျိုးကို အသုံးပြုထားတာပါ။ တချို့တွေအတွက် Graphic က သိပ်မမိုက်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်း ဆော့ကြည့်တဲ့အခါ အဲ့ဒီ Low-poly style ကပဲ ဂိမ်းရဲ့ အမှောင်ဖုံးပြီး စိတ်မွန်းကျပ်စရာကောင်းတဲ့ အငွေ့အသက်တွေကို ပိုပြီးတော့ ပေါ်လွင်စေတာပဲဖြစ်ပါတယ်။ Story ဦးစားပေး ဂိမ်းတစ်ခုဖြစ်တဲ့အတွက် ကျန်တဲ့ Sound အပိုင်းတွေမှာလည်း သူ့နေရာနဲ့သူ အဆင်ပြေတာကို တွေ့ရပါတယ်။ Performance အပိုင်းကတော့ ဘာမှကိုမလိုတာကြောင့် ဖုန်းတိုင်းနဲ့ကို ကစားလို့ရပါတယ်။
#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?

ကိုယ်က လောင်းကစားလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ လောင်းကစားပြဿနာတွေကို ဝင်ရောက် ခံစားရမှာဖြစ်တာကြောင့် ဂိမ်းပြီးသွားတဲ့အခါ သံဝေဂတစ်ခုခုတော့ ရရှိသွားမှာပဲဖြစ်ပါတယ်။ အဲတော့ ကစားရတာတကယ်ကို တန်လွန်းပါတယ်။ ဖြစ်နိုင်ရင် Ending 6 ခုလုံးကို မြင်တွေ့စေချင်တယ်။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠

° မင်မင် စဆော့တုန်းကဆိုရင် ဒီဂိမ်းကို ရိုးရိုး သရဲ Horror ဂိမ်းလို့ပဲ ထင်ခဲ့မိတာပါ။ နောက်ကျမှ တကယ့် Real Life Horror ကြီးဖြစ်နေတော့ တကယ် ကြက်သီးထမိပါတယ်။ မင်မင်ရဲ့ ပထမဆုံး Ending က တကယ် 2 မိနစ်တောင် မကြာပါဘူး။ အဲတုန်းက ဘာလဲပေါ့ ဒါပဲလားဆိုပြီး ပြန်ဆော့ကြည့်ရင်းကနေ ဂိမ်းရဲ့ Dark Side တွေကို တဖြည်းဖြည်း မြင်တွေ့လာရတာပဲဖြစ်ပါတယ်။ 

° လောဘနဲ့ ပတ်သတ်ရင် လူတွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲဆိုတာကို ဒီဂိမ်းမှာ မြင်တွေ့ရမှာဖြစ်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုက ကိုယ်ချစ်ရတဲ့ မိသားစုကိုပါ ဘယ်လောက်ထိ ဆွဲချသွားနိုင်လဲဆိုတာကို အပြင်မှာ မကြုံတွေ့ခင် ဂိမ်းထဲမှာ ပညာပေးသွားမှာပဲဖြစ်ပါတယ်။ မင်မင်အတွက်တော့ ဒီဂိမ်းက တကယ်ကို အသက်ရှူကြပ်စေခဲ့တာ အမှန်ပဲ။ 

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬 

° ဒီဂိမ်းလေးကို ဖန်တီးခဲ့တဲ့ Joykeratif ဆိုတဲ့ အင်ဒိုနီးရှား Developer လေးတွေက တကယ့်ကို ချီးကျူးစရာ ကောင်းပါတယ်။ သူတို့နိုင်ငံမှာ အဖြစ်များနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းချေးငွေ ပြဿနာတွေကို လူတွေ ပိုပြီး သတိထားမိလာအောင်၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို သိလာအောင် ပညာပေးအနေနဲ့ ဒီဂိမ်းလေးကို ဖန်တီးခဲ့တာလို့ သိရပါတယ်။ ဂိမ်းလေး ထွက်ထွက်ချင်းမှာပဲ အင်ဒိုနီးရှား ကစားသမားတွေကြားမှာ တော်တော်လေးကို ရေပန်းစားခဲ့ပြီး နာမည်ကြီး Youtuber တွေ ကိုယ်တိုင်တောင် ဆော့ရင်းနဲ့ ဂိမ်းရဲ့ ရည်ရွယ်ချက်ကို အထူးတလည် ချီးကျူးခဲ့ကြပါတယ်။
⬛ အချုပ်အားဖြင့် ပြောရရင်တော့ Pikabuu: STOP! ဟာ တစ္ဆေ၊သရဲတွေလို Horror ပုံစံမျိုးမဟုတ်ဘဲ လက်တွေ့ဘဝရဲ့ အဆိုးရွားဆုံး အကြောက်တရားတွေကို ခံစားရစေမယ့် အကောင်းဆုံး Psychological Horror ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဂိမ်းလေးဆော့ပြီးရင်တော့ ကိုယ့်အသိ၊ ကိုယ့်သူငယ်ချင်းတွေထဲမှာ လောင်းကစားစွဲနေတဲ့သူတွေရှိရင် Horror ဂိမ်းလို့ ပြောပြီး ကစားခိုင်းလိုက်နော်။ ဘာဂိမ်းလဲဆိုတာကိုတော့ မပြောနဲ့ပေါ့။
GAME INFORMATION
Developer
Joykeratif
Version
1.6
Release
2024
Updated
2026
Network
Offline
Platform
Android, PC
Download Size
43 MB
Total Size
50 MB
System Requirements
Mobile Specs
  • Android5.1+
  • iOSNot Available
  • RAM2 GB
  • SOCSnapdragon 450+
  • Arch64-bit ARM
PC Specs
  • CPUIntel Core 2 Duo
  • RAM2 GB
  • GPUIntegrated Graphics
  • DirectXVersion 9
9.0MASTERPIECE
Graphics
80
Gameplay
95
Control
85
⚠️ IMPORTANT WARNING
အခုဂိမ်းတွင် သွေးထွက်သံယိုများ၊ စိတ်ဓာတ်ကျဆင်းဖွယ်ရာများနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်တာကြောင့် ကလေးငယ်များနှင့် စိတ်အားငယ်လွယ်သူများ မကစားသင့်ပါ။
OFFICIAL STORES
Download from the official servers.
Download
This is for testing purpose only.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 ⚡ 🌟
Replying to ... ✕
Initializing...