Project63
Game Info
Download

ဒီနေ့ Beta Test အနေနဲ့ ထွက်ရှိထားတဲ့ Multiplayer Horror ဂိမ်းကောင်းလေးတစ်ခုအကြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ပြောပြချင်ပါတယ်..


ဂိမ်းက Asia Region Limited အနေနဲ့ Early Access ကစားခိုင်းတာဖြစ်ပြီး သဘောကျစရာကောင်းတဲ့ အချက်ကတော့ P2W မရှိတာရယ်၊ Multiplayer ဖြစ်နေတာရယ်အပြင် နာမည်ကြီး Character တွေကိုပါ Inspired ယူပြီး သရဲခြောက်တဲ့ နေရာတွေမှာ Treasure Hunting လုပ်ရမှာမလို့ တကယ် ဘော်ဒါတွေနဲ့ဆိုရင် ပျော်စရာကောင်းမှာပဲဖြစ်ပါတယ်။

Gameplay ပိုင်းမှာက ခုနက ပြောခဲ့သလိုပဲ သရဲခြောက်လို့ အန္တရာယ်များပါတယ်ဆိုတဲ့ အဆောက်အဦးကြီးတွေထဲမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို သွား Loot ရမှာဖြစ်ပြီး အခပ်မသင့်ရင် ထောင်ခြောက်တွေ၊ သရဲခြောက်ခံရမှာတွေအပြင် ဒဏ္ဍာရီထဲမှာသာရှိတဲ့ အကောင်ကြီးကြီးတွေနဲ့ပါ ပုံစံမျိုးစုံ ရင်ဆိုင်ရမှာမလို့ တစ်ခါလေ ကိုယ့် Teammate ရဲ့ Dead Body ကြီးကိုပါ ဝင်ပူးပြီး အယောင်ဆောင် လိုက်သတ်တာမျိုးတွေလည်း ဒီဂိမ်းမှာ မြင်တွေ့ရမှာပါ။


ဒါကြောင့် ဒီလို ကြိုမသိနိုင်တဲ့ အခြေနေမျိုးတွေမှာ ရှင်သန်နိုင်ဖို့အတွက် Player တစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ အားသာချက်ကိုယ်စီထည့်ပေးထားပြီး Teamwork ကောင်းကောင်းနဲ့ Loot Escape လုပ်နိုင်ရင်တော့ တကယ် နိုင်ပွဲတွေကြီးဆက်နေမှာပဲ ဖြစ်ပါတယ်။ Beta Test မလို့ Gameplay နဲ့ Map က နည်းသေးတယ်လို့ ထင်ရပေမယ့် Official မှာ ဒီထက် အများကြီး ပိုမျှော်လင့်လို့ရပါတယ်။


ခက်တာက ဒီဂိမ်းမှာ သူတို့ကိုယ်တိုင် နာမည်ကြီး Character တွေကို Inspired ယူထားပါတယ်ဆိုပေမယ့် Global ကြရင်တော့ ဒီကိစ္စက အနည်းငယ် အခက်တွေ့နိုင်ပါတယ်။ Wednesday တို့ Nanno တို့လို တကယ် ဒိတ်ဒိတ်ကျဲ အမိုက်ဆုံး Dark Character Girl တွေကြီးပဲ ယူသုံးထားတာမလို့ ဖြစ်နိုင်ရင် ဒီပုံစံလေးအတိုင်း Official လေးတော့ ထွက်စေချင်မိတယ်။


Beta Test မလို့ အားနည်းချက်လေးတွေ ရှိကောင်းရှိနိင်သေးပေမယ့် Asia Region ကိုပဲ Target ထားပြီး ထွက်ရှိလာတာမလို့ Developer တွေဘက်က ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ လက်ရှိမှာ Feedback တွေကို Developer တွေဘက်က ဂရုတစိုက်နဲ့ တောင်းခံနေတာကြောင့် အကယ်လို့ ကစားဖြစ်ခဲ့မယ်ဆိုရင် Feedback လေးတွေကို ပို့ပေးသွားလို့ရပါတယ်။


မင်မင်ဘာလို့ ကစားဖြစ်ခဲ့မယ်ဆိုရင်လို့ ပြောရတာလဲဆိုရင် ဒီဂိမ်းက Indonesia, Malaysia, Philippines, Singapore နဲ့ Thailand တို့လို့ Limited Region မှာပဲ Early Access ကို ကစားနိုင်သေးတာကြောင့်ပဲ ဖြစ်ပါတယ်။ iOS အတွက်ကတော့ သတင်းမရသေးပါဘူး။




GAME INFORMATION
Developer
Qookka Games
Version
Early Access (Test Version)
Release
2024 (Test Phase)
Updated
September 2024
Network
Online
Platform
Android
Download Size
Around 1.5 GB
Total Size
Around 1.5 GB
System Requirements
Mobile Specs
- Android8.0+
- RAM6 GB
- SOCSnapdragon 660 / Helio G85
- Arch64-bit ARM
8.2EXCITING MULTIPLAYER
EARLY ACCESS WARNING
ဒီဂိမ်းက Indonesia, Malaysia, Philippines, Singapore နဲ့ Thailand တို့မှာပဲ ကစားလို့ရသေးပါတယ်။
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...