RANGE OF THE DEAD
Game Info
Download

ဒီတစ်ခေါက် Quick Suggestion အနေနဲ့ အလှည့်ကျတဲ့ ဂိမ်းလေးကတော့ Old နေပေမယ့်
Gold နေဆဲဖြစ်တဲ့ Sniper ဂိမ်းကောင်းလေးတစ်ခုအကြောင်း ပြန်ပြောချင်ပါတယ်။

အခုထက်ထိ Modern Mobile Game တွေမှာတောင် တကယ်တွေ့ရဖို့ ခက်ခဲတဲ့ Unique
အဖြစ်ဆုံး ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး နှစ်တွေ ဘယ်လောက်ပဲကြာကြာ ပြန်ဆော့တိုင်း
ရိုးမသွားတာကတော့ အမှန်ပါပဲ။

အဲခေတ်တုန်းက Evil-Dog Productions ရဲ့ ဂိမ်းတွေဟာ Mobile မှာ အရသာမတူအောင်ကို
ထုတ်လုပ်နိုင်ခဲ့ပြီး အခုပြောပြနေတဲ့ Range of the Dead ဂိမ်းဟာလည်း Lab of the
Dead ဆိုတဲ့ ဂိမ်းရဲ့ sequel အဖြစ်နဲ့ ဆက်ထုတ်ထားတာပါ။

သူက Sniper ဂိမ်းတစ်ခုဆိုပေမယ့် တကယ်ကို လက်တွေ့မှာ ပစ်နေရသလိုမျိုး
ခံစားရအောင်လို့ လေတိုက်နှုန်းတွေ၊ အကွာဝေးတွေအပြင်၊ မြေဆွဲအားကိုပါ
သေချာတွက်ချက်ပြီး Zombie တွေကို လိုက်ပစ်ရတာကြောင့် တကယ်ကို အခုချိန်ထိ
အရမ်းမိုက်နေတာပဲဖြစ်ပါတယ်။

ပစ်လိုက်တဲ့ ကျည်ဆံတိုင်းကို Follow View နဲ့ Control လုပ်နိုင်ပြီး Zombie
တွေကို မှန်သွားတဲ့အခါမှာလည်း Body Damage Details တွေက တကယ်ကို
အားစရာကောင်းတာကြောင့် အဲခေတ်အဲအခါတုန်းက ဒီလိုဂိမ်းမျိုးတွေဟာ တကယ့်ကို
ရွှေစစ်စစ်တွေပဲဖြစ်ပါတယ်။

မသိရင် ကိုယ့်ကိုယ်ကိုယ်တောင် ရုပ်ရှင်တွေထဲက Sniper Pro လိုမျိုး
ထင်သွားစေနိုင်တာကြောင့် အရင်တုန်းက ဒီဂိမ်းလေးနဲ့ ပတ်သတ်ပြီး
အမှတ်တရာလေးတွေရှိရင် Comment မှာ လာပြောပေးကြပါအုံး...

အောင်မယ် ဘာမှတ်နေတုန်း အဲတုန်းက Ram 1 GB ပါရင်ကို Gaming Phone ဖြစ်ခဲ့တာ။
ဒီလိုဂိမ်းတွေဆို တစ်နေကုန် ဘယ်လောက်ဆော့ဆော့ ဖုန်းပါ ဂျွန်းပစ်နေလို့ရတယ်။
အခုထက်ထိ Android Version အမြင့်တွေမှာတောင် Run နိုင်သေးတာမလို့ အဲခေတ်တုန်းက
Developer တွေရဲ့ ဝါသနာကို အတိုင်းသားခံစားမိစေမှာပါ။

GAME INFORMATION
Developer
Evil-Dog Productions
Version
1.19
Release
July 2015
Updated
July 2015
Network
Offline
Platform
Android
Download Size
28 MB
Total Size
Around 40 MB
System Requirements
Mobile Specs
- Android4.0 and up
- iOSExpired
- RAM1 GB
- SOCAny Entry-level Chipset
- Arch32-bit / 64-bit
8.0CLASSIC GEM
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...