The Fall 3 Zombie Survival
Game Info
Skip to Download
The Fall 1 တင်ပေးတုန်းက Fan တွေ မှတ်မိကြသေးလားမသိပေမယ့် Mobile Game
လောကမှာ တကယ် Horror Vibe အပြည့်ရတဲ့ ဂိမ်းတစ်ခုကို ပြောပါဆိုရင် The Fall က
ညွှန်းသင့်တဲ့အထဲမှာ ပါပါတယ်။ အခု Sequel ဖြစ်တဲ့ The Fall 3 မှာတော့ အရင်က
Vibe တွေ အကုန် ပေါင်းစပ်ပြီး ရှယ်ကြမ်းထားတာမလို့ Survival
ဂိမ်းတစ်ခုထက်ပိုတဲ့ Horror ကော၊ Thrilling Vibe ပါ ပြန်ခံစားရတော့မှာပါ။
The Fall 3: Zombie Survival
𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
° ဇာတ်လမ်းအစမှာ Mahsa ဆိုတဲ့ အမျိုးသမီး ဇာတ်ကောင်နေရာကနေ ကစားရမှာဖြစ်ပြီး
ကူးစက်ရောဂါတွေကြောင့် ပျက်စီးနေတဲ့ အီရန်နိုင်ငံရဲ့ တီဟီရန်ဆိုတဲ့
မြို့လေးတစ်ခုရဲ့ ဟိုတယ်ပျက်ကြီးထဲမှာ စတင်ရမှာပါ။ အဲဒီမှာ ကပ်ဘေးကနေ
ခိုအောင်းနေတဲ့ Ava နဲ့ Naghmeh ဆိုတဲ့ ကလေးလေးနှစ်ယောက်နဲ့ စုံတွေ့ခဲ့ပြီး
အမေကလည်း ဆုံး၊ အဖေကလည်း အပြင်သွားမယ်ဆိုပြီး ပြန်မလာသေးပဲ
ပျောက်ဆုံးနေတာကြောင့် Masha တစ်ယောက် ကလေးတွေကို ကူညီဖို့အတွက် ဇာတ်လမ်း
အစပျိုးတော့ပါတယ်။
° အဲဒီမှာ သူတို့အဖေနဲ့ အဆက်သွယ်ရဖို့အတွက် ရေဒီယိုတာဝါတိုင်ကို
သွားပြင်ခဲ့ပေမယ့် မထင်မှတ်ပဲ Azadi ရင်ပြင်က စခန်းတစ်ခုမှာ ရှိနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ အဆက်သွယ်ကို ရရှိခဲ့ပါတယ်။ သူပြောပြတဲ့အထဲမှာ
စိတ်ဝင်စားစရာကောင်းတာက ဒီကူးစက်ရောဂါကြီးတစ်ခုလုံးဟာ ဘယ်လိုပုံစံနဲ့
အစပျိုးခဲ့တယ်ဆိုတာပါပဲ။ သူက သာမန်ရိုးရှင်းတဲ့ Virus ပုံစံမျိုးမဟုတ်ပဲ
စိုက်ပျိုးရေး မြေဩဇာတွေကနေတဆင့် ကူးစက်ခံရတာကြောင့် တော်တော်စဉ်းစားရ
ခက်သွားစေပါတယ်။
° ဒါ့အပြင် ဒီကူးစက်မှုတွေရဲ့ နောက်ကွယ်မှာ မသာမာမှုတွေ ရှိနေပြီး လျှို့ဝှက်
ဘာသာရေး ဂိုဏ်းတစ်ခုရဲ့ ယုတ်မာမှုတွေပါ ပါဝင်ပတ်သတ်နေတာမလို့ အခု The Fall 3
ဂိမ်းဟာ ပင်မဇာစ်မြစ်မှာတင် ဇာတ်အိမ်တည်ပြီး အသေအကြေ Survive
လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလျှို့ဝှက် ဘာသာရေး ဂိုဏ်းရဲ့ အဓိက ရည်ရွယ်ချက်က
အခုလို Zombie ကပ်ဘေးတွေဖြစ်အောင် ဦးတည်ခဲ့တာ မဟုတ်ပါဘူး။
သူတို့လိုချင်တဲ့အရာက တကယ် Dark ဆန်ပြီး အစွန်းရောက်နေတာကြောင့်
ထူးထူးခြားခြား Drama Part လေးတွေကိုပါ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး ဇာတ်သိမ်းနီးပါးအထိ မြင်ရမှာမလို့ တခြား Character တွေကိုပါ
ထပ်မံမြင်တွေ့ရအုံးမှာပါ။
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
Gameplay ပိုင်းကတော့ အရင် 1 နဲ့ 2 ထက် Mechanic တွေ ပိုစုံလင်လာပြီး
ကစားရတာလည်း Easy မှာတောင် Hardcore ဆန်ဆန်နဲ့ Survive လုပ်ရမှာပါ။
ထုံးစံအတိုင်း Survival ဂိမ်းမလို့ Resources တွေက အရမ်းရှားမှာဖြစ်ပြီး
Weapons Upgrade တွေကလည်း သေချာ လုပ်နိုင်မှ တော်ရာကျမှာပါ။ အခု The Fall 3
မှာ မင်မင် တော်တော်သဘောကျတဲ့ အပိုင်းလေးတွေ ရှိပါတယ်။
အဲဒါကတော့ ထုံးစံအတိုင်း Headshot တွေက Slow motion Effect ထုတ်ပေးတာကြောင့်
Zombie အုပ်လိုက်နဲ့ ရင်ဆိုင်ရတဲ့အခါ တော်တော် အသုံးဝင်ပြီး Environment ကအစ
သဘာဝကျကျ Hardcore ဖြစ်အောင် ဖန်တီးထားတာပါ။ ဥပမာ တစ်ချို့နေရာတွေဆိုရင် Gas
Mask နဲ့ သွားရပေမယ့် မီးပွားထွက်စေမယ့် ကျည်ဆံတွေ လုံးဝ သုံးလို့မရပါဘူး။
ဓာတ်ငွေ့တွေကြောင့် အကုန်ပေါက်ကွဲမှာဖြစ်ပြီး အဲဒီလို အချိန်မျိုးမှာ Zombie
အုပ်လိုက်ကြီးနဲ့ တွေ့ရင်တော့ လေးနဲ့မြှားကိုသာ ဘုရားတပြီး ပစ်ရမှာပါ။
နောက်ထပ် သဘောကျတာက Close Combat ထည့်ပေးတာလေးက တကယ် အရမ်းမိုက်တယ်လို့
မြင်မိတယ်။
Boss Fight တွေဆိုရင်လည်း Pattern တွေ ခန့်မှန်းဖို့ထက် Glitch ဖြစ်ပြီး
နံရံတွေပါ ကျော်ရောက်လာတာကြောင့် တော်တော်ရင်တုန်ရမယ့် ဂိမ်းမျိုးပါ။
နောက်ထပ် အပေါင်းပါ Zombie နဲ့ Zombie Dogs တွေသာ ထပ်ထွက်လာရင်တော့
ခွေးပြေးဝက်ပြေးသာ ပြေးပေတော့။ နောက်ထပ် အံကြိတ်ပြီး ပြေးရင်းပစ်ရမယ့် Zombie
Mutant တွေလည်း ရှိသေးပါတယ်။ သူက ခြေနှစ်ဖက်နဲ့ လာတာနှေးပေမယ့် လေးဘက်ကြီး
ကုန်ပြီး အသကုန်ပြေးလာရင်တော့ ရှိသမျှနဲ့သာ ပစ်ပေတော့ပဲ။ ဘာလို့ဆို
အဲအကောင်တွေက ပြေးလဲ မလွတ်ပါဘူး။ Manual Save စနစ်ပါပေမယ့် Auto Save ကသာ
အသုံးဝင်မှာပါ။ အဲဒါကြောင့် တစ်ချို့ Mission တွေ ဖင်ယားပြီး
လက်တည့်မစမ်းပါနဲ့။ အစက ပြန်လုပ်နေရလိမ့်မယ်။
𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic ပိုင်းမှာ Upgrade လုပ်ထားပေမယ့် အရင် 1 လောက်တော့ နည်းနည်း
အားမရသေးတာ အမှန်ပဲ။ မြူတွေထဲ ပစ်ရတဲ့ Feeling က တကယ်
ခြောက်ခြားစရာကောင်းတယ်။ နောက်တစ်ခု သတိထားမိတာက Audio ပိုင်းမှာ ပို Creepy
ဖြစ်အောင် အသံတွေ ရှယ်သုံးထားတာ တွေ့ရပါတယ်။ Boss မလာခင် အသံနဲ့တင် ပတ်ပတ်လည်
လန့်နေရတာမျိုးတွေ၊ အနီးနားရောက်မှ ခွေးဟောင်သံကြီးနဲ့
ဝင်ကိုက်ခံရတာမျိုးတွေက နားကြပ်နဲ့တပ်ဆော့ရင်တော့ တကယ့် Horror Thrilling
Vibe ပဲ။ Performance နဲ့ ပတ်သတ်ပြီး ပြောရရင် Optimization ပိုင်းက အခုထိ
တကယ်ထိန်းထားနိုင်တာမလို့ ဖုန်းတိုင်းနဲ့လည်း အဆင်ပြေစေမှာပါ။
#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
Mobile မှာ Survival ကိုမှ ဇာတ်လမ်းသွား ဂိမ်းကောင်းတွေရှာနေရင်တော့ ဒီဂိမ်းက
လုံးဝကို ဆော့ကြည့်သင့်တဲ့အထဲမှာပါပါတယ်။ Indie ဂိမ်းမလို့ လိုအပ်ချက်လေးတွေ
ရှိနေသေးပေမယ့် Overall ချုံကြည့်ရင်တော့ တကယ် အချိန်ပေးရ တန်စေတဲ့
ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Series အလိုက် 1/2/3 ထွက်လာတာပဲ ကြည့်တော့။
နောက်ပြီး Spoiler လုပ်တာမဟုတ်ပေမယ့် Sequel ထပ်ထွက်နိုင်ချေရှိပါတယ်။
𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
ဒီဂိမ်းကို Funnyghost ဆိုတဲ့ Indie Developer တစ်ယောက်တည်းကနေ
ဖန်တီးထားတာပါ။ The Fall Series ရဲ့ တတိယမြောက်နဲ့ နောက်ဆုံး
ဇာတ်သိမ်းပိုင်းလို့လည်း သတ်မှတ်လို့ရတာကြောင့် ( Official Confirm မဟုတ်ပါ
) တကယ် ကြိုးစားထားတာကို တွေ့ရပါတယ်။ AI ဂိမ်းတွေ၊ တစ်ခါဆော့ ဂိမ်းတွေ
ပေါများလာတဲ့ Mobile Game ခေတ်ကြီးမှာ အခုလို Indie Developer တွေရဲ့ Art
အစစ်တွေကလည်း တကယ် ရွှေထက်တောင် ရှားပါးနေပြီပဲဖြစ်ပါတယ်။ Sequel လေးလည်း
မျှော်နေမိတယ်။
( အရင် The Fall 1 ကို ပြန်ဖတ်ချင်ရင် အောက်က Link ကနေ Memory တွေ
ပြန်သွားကြည့်လို့ရပါတယ်။ မင်မင် The Fall 2 တော့ မတင်ဖြစ်ခဲ့ပါဘူး။ )
တီဟီရန်မြို့ပျက်ကြီးထဲက လျှို့ဝှက်ချက်
Hello! ဒီအထိ ရောက်လာပြီဆိုတော့ ဇာတ်လမ်းလေးကို တော်တော်
စိတ်ဝင်စားလို့နဲ့ တူတယ်။ Review ထဲမှာလည်း ဇာတ်ကြောင်းကို
အစပျိုးထားခဲ့ပေမယ့် ပိုပြီးတော့ ဇာတ်ရည်လည်အောင်၊ ဂိမ်းရဲ့ နောက်ကွယ်က
တကယ့် အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေကို သေချာလေး ပြောပြချင်ပါတယ်။
ဒါဆို မင်မင်နဲ့အတူ တီဟီရန်မြို့ပျက်ကြီးရဲ့ လျှို့ဝှက်ချက်တွေထဲ
ဝင်ကြည့်လိုက်ရအောင်...
ဇာတ်လမ်းက Zombie တွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ တီဟီရန်မြို့က စွန့်ပစ်ခံ ဟိုတယ်တစ်ခုမှာ စတင်ပါတယ်။ မာဆာ (Mahsa) ဆိုတဲ့ အမျိုးသမီးဟာ အဲ့ဒီဟိုတယ်မှာ ပုန်းအောင်းနေတဲ့ အေဗာ (Ava) နဲ့ နာဂ်မက် (Naghmeh) ဆိုတဲ့ ကလေးငယ် နှစ်ယောက်ကို သွားတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ အဖေက အပြင်ထွက်သွားပြီး ပြန်မလာတော့တာ ရက်တော်တော်ကြာနေပါပြီ။ ကလေးတွေကို ကယ်တင်ဖို့နဲ့ အကူအညီတောင်းဖို့အတွက် မာဆာဟာ အန္တရာယ်များတဲ့ အပြင်ဘက်ကိုထွက်ပြီး ရေဒီယို ဆက်သွယ်ရေး တာဝါတိုင်ကို သွားပြင်ပေးခဲ့ပါတယ်။ တာဝါတိုင် ပြင်ပြီးတာနဲ့ ရေဒီယိုကနေ တဆင့် အာဇာဒီ (Azadi) ရင်ပြင်က စခန်းတစ်ခုမှာ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အဆက်အသွယ် ရသွားပါတယ်။
အဲ့ဒီအမျိုးသမီးက ဒီကူးစက်ရောဂါကြီးရဲ့ အစစ်အမှန် သမိုင်းကြောင်းကို ဖွင့်ချလိုက်တဲ့အခါမှာတော့ ရောဂါက သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်ဘဲ Abdar လို့ခေါ်တဲ့ စိုက်ပျိုးရေးသုံး မြေဩဇာကနေ စတင်ခဲ့တာပါ။ ပိုဆိုးတာက အဲ့ဒီ မြေဩဇာ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက် ဘာသာရေး ဂိုဏ်းတစ်ခု Cult ရှိနေခဲ့ပါတယ်။ သူတို့က မြေဩဇာကို အသုံးချပြီး ဗိုင်းရပ်စ်တွေကို တမင်တကာ ဖြန့်ကြက်ခဲ့ကာ လူတွေကို Zombie တွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က သာမန် Zombie တွေ မဟုတ်ပါဘူး။ ဂိုဏ်းခေါင်းဆောင်ဟာ မိန်းကလေးငယ်တွေကို အရှင်လတ်လတ် ဖမ်းဆီးပြီး ကြောက်မက်ဖွယ် Monster ကြီးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတာပါ။ သူတို့ရဲ့ အယူဝါဒအရ အလင်းနဲ့ အမှောင်ကို ကိုယ်စားပြုတဲ့ အမြွှာကလေးနှစ်ယောက်ကို မွေးဖွားဖို့အတွက်၊ ဂိုဏ်းခေါင်းဆောင်ရဲ့ သွေးနဲ့ အဲ့ဒီ Monster အဖြစ် ပြောင်းလဲခံရတဲ့ မိန်းကလေးတွေကို အတင်းအဓမ္မ ကိုယ်ဝန်ဆောင်စေခဲ့တဲ့အထိ ရက်စက်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီထဲက ကိုယ်ဝန်ဆောင်နေတဲ့ Monster မတစ်ကောင်ဟာ ဂိုဏ်းခေါင်းဆောင်ရဲ့ မြေးအရင်းဖြစ်သူ နီဂင် (Negin) ရဲ့ အကူအညီနဲ့ အဲ့ဒီ ငရဲခန်းထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ နီဂင်ကတော့ ဖမ်းမိသွားပြီး သူ့ရဲ့ အဘိုးကိုယ်တိုင်က သူ့ကို အရှင်လတ်လတ် မီးရှို့အသတ်ခံလိုက်ရတာပါ။ အဲဒါကြောင့် ဒီ အမြွှာကလေးတွေကသာ ဒီကပ်ရောဂါကြီးကို အဆုံးသတ်ဖို့ သော့ချက်ဖြစ်နေတယ်ဆိုတာကို မာဆာ သိလိုက်ရပါတယ်။ ဇာတ်လမ်းအလယ်လောက်မှာ မာဆာက ဒဏ်ရာအပြင်းအထန် ရသွားပြီး အဖျားတက်ကာ သတိလစ်သွားသေးပါတယ်။ အဲ့ဒီအချိန်မှာ မာဆာ အရင်က ကယ်တင်ခဲ့ဖူးတဲ့ အလီ (Ali) ဆိုတဲ့ အမျိုးသား ဇာတ်ကောင်နေရာကနေ ကိုယ်တွေက ဆက်ကစားရမှာပါ။ အလီက မာဆာကို ဆေးရှာပေးရင်း၊ ဂိုဏ်းရဲ့ အဆုံးသတ်နဲ့ Boss ကြီးတွေကို သူသေကိုယ်သေ ရင်ဆိုင်ရပါတော့တယ်။
ဇာတ်သိမ်းပိုင်းမှာတော့ သူတို့ဟာ အဲ့ဒီ ထွက်ပြေးသွားတဲ့ Monster မကြီးနဲ့ အမြွှာကလေးတွေကို နောက်ဆုံးမှာ ရှာတွေ့သွားပါတယ်။ ဒါပေမယ့် မာဆာက အဲ့ဒီ Monster မကြီးကို မသတ်ခဲ့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ Monster ကြီး ဖြစ်နေပေမယ့်၊ စိတ်ထဲမှာတော့ သူ့ကလေးတွေကို ကာကွယ်ချင်နေတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားကို မာဆာက မြင်တွေ့သွားလို့ပါ။ ဂိုဏ်းရဲ့ ယုံကြည်မှုတွေ ဘယ်လိုပဲ ရှိနေပါစေ၊ ဒီကလေးတွေဟာ အပြစ်ကင်းစင်ပြီး အသက်ရှင်ခွင့်ရှိတယ်လို့ သူက ယုံကြည်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မာဆာဟာ ကလေးနှစ်ယောက်ကို အလီရဲ့ စောင့်ရှောက်မှုအောက်မှာ ထားရစ်ခဲ့ပြီး၊ သူကိုယ်တိုင် အဝေးကို ထွက်ခွာသွားတဲ့ မြင်ကွင်းနဲ့ ပြီးဆုံးသွားပါတယ်။
ကဲ... ဒီဂိမ်းလေးရဲ့ ဇာတ်လမ်းလေးကို အပြည့်စုံသိသွားပြီဆိုတော့ ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုး ကျန်ခဲ့ကြလဲ? လူတွေရဲ့ အစွန်းရောက် ယုံကြည်မှုတွေက Zombie တွေထက် ပိုကြောက်စရာကောင်းတယ်လို့ မထင်မိဘူးလား? မင်မင်လည်း သိချင်လို့ Comment ထဲမှာ ဆွေးနွေးသွားကြပါဦးနော်။

GAME INFORMATION
Developer
Funnyghost
Version
1.03
Release
August 2026
Updated
August 2026
Network
Offline
Platform
Android
Download Size
800 MB
Total Size
800 MB
System Requirements
Mobile Specs
- AndroidAndroid 8.0+
- iOSNot Available
- RAM3 GB (4 GB Recommended)
- SOCSnapdragon 660 / Helio G80
- Arch64-bit ARM
8.2HIDDEN GEM
OFFICIAL STORES
Download from the official servers.
Download
This is for testing purpose only.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...