The Great Perhaps
Game Info
Download

ဒီဂိမ်းက 2D ပုံစံကစားရမယ်ဆိုပေမယ့် သူ့ရဲ့ ဇာတ်ကြောင်းက နှစ် 100 အကြာ ကမ္ဘာကြီးရဲ့ အခြေနေကို Green Lantern မဟုတ်တဲ့ မီးအိမ်လေးနဲ့ အတိတ်ကော၊ ပစ္စုပ္ပန်ပါ Time Travel လုပ်ပြီး အဖြေရှာရမှာပါ။ အရမ်းမိုက်တဲ့ Concept လေးမလို့ တစ်ဖက်မှာ အန္တရာယ်၊ တစ်ဖက်မှာ အခက်အခဲ ဘယ်ဟာကို ရွေးမလဲဆိုတာကတော့ ကိုယ့်ရဲ့ Puzzle Solving Skill ပေါ်မှာပဲ မူတည်တော့ပါတယ်။


TGP: Time Travel Adventure
( Game Review )
° ဇာတ်လမ်းအစမှာ ကိုစမို (Kosmos) လို့ခေါ်တဲ့ အာကာသယာဉ်မှူးတစ်ယောက်ဟာ ကမ္ဘာမြေနဲ့ အဆက်အသွယ် ပြတ်သွားလို့ နှစ် 100 တိုင်တိုင် Cryo-sleep အိပ်စက်ရာကနေ နိုးထလာပြီး ကမ္ဘာမြေပြင်ကို ရောက်လာရာကနေ စတင်ထားပါတယ်။ အဲဒီမှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းက ပတ်ဝန်းကျင်တစ်ခုလုံးလည်း ပျက်ဆီးယိုယွင်းနေပြီမလို့ အသက်ရှင်တဲ့သူ ရှိလို့ရှိငြားဆိုပြီး သူ့ရဲ့ L9 AI နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။


° ဒါပေမယ့် နေရာတစ်ခုကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်ပဲ မီးအိမ်လေးတစ်လုံးကို ကောက်ကိုင်မိသွားပြီး ရုတ်တရက် ရှေ့ကို ဖြာထွက်လာတဲ့ အလင်းတန်းတွေကြောင့် အံ့ဩစရာကောင်းတဲ့ အတိတ်က ပုံရိပ်တွေကို Projector ထိုးသလို မြင်လာရပါတယ်။ အဲဒီလိုနဲ့ ပိုသေချာအောင်လို့ ခလုပ်ကို အကြာကြီးဖိလိုက်တဲ့ အချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး အတိတ်ကို တစ်ချိန်တည်း ပြန်ရောက်သွားတာကို ထူးထူးခြားခြား ကြုံလိုက်ရပါတယ်။


° ဘယ်လောက်အထိလဲဆိုရင် အတိတ်မှာ သန့်ရှင်းရေးလုပ်နေတဲ့ ဦးလေးကြီးက ကိုယ့်ကို အာကာသဝတ်စုံနဲ့ ရုတ်တရက်မြင်လိုက်တဲ့အချိန်မှာ သတိပါလစ်သွားပြီး မီးအိမ်ကလည်း ကြာကြာမခံပဲ ပြန်မှိန်သွားတာကြောင့် လက်ရှိကမ္ဘာပျက်ကြီးဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ကိုယ်တစ်ယောက်တည်းမဟုတ်တော့ပဲ ကိုယ့်ရဲ့ နောက်ကျောမှာ အရိပ်မဲကြီးတစ်ခု ကပ်ပါလာတာကြောင့် ကြောက်ကြောက်နဲ့ ပြေးရင်း မြေအောက်ခန်းထဲကနေ လွတ်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။


° ဒါပေမယ့် ပြဿနာက အတော်ကိုကြီးပါတယ်။ ဘာလို့ဆို လက်ရှိ ကမ္ဘာပျက်ကြီးထဲမှာ ပိတ်မိနေတဲ့ လမ်းကြောင်းတွေကို၊ အတိတ်ကို ပြန်သွားပြီး ဝင်ပေးရမှာဖြစ်တာကြောင့် အတိတ်နဲ့ ပစ္စုပ္ပန်အချိန်ကို လိုသလို အသုံးချပြီး အခက်ခဲတွေကို ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက အဲဒီလို အချိန်နှစ်ခု ပြောင်းလိုက်တဲ့အချိန်မှာ တစ်ချို့နေရာတွေက အန္တရာယ်များလို့ အချိန်ပြောင်းလိုက်ကာမှ၊ ဟိုဘက်မှာပါ ပိုဆိုးတဲ့ အခြေနေမျိုးတွေကို စိတ်လှုပ်ရှားစရာကောင်းအောင် နောက်ပြီး တစ်ခါလေ ပိုပြီးတော့တောင် ရယ်စရာကောင်းတဲ့ အခြေနေမျိုးတွေကို ကိုယ်တိုင် ကြုံတွေ့လာရမှာပဲဖြစ်ပါတယ်။


မင်မင် ဒီဂိမ်းမှာ Details မပြောပြဖူးဆိုတာက ဂိမ်းရဲ့ စိတ်ဝင်စားစရာအပိုင်းတွေကို ဖောက်သည်ချမိသွားမှာစိုးလို့ အကုန်ပြန်ဖျက်လိုက်တာပါ။ နားကြပ်လေး တပ်ဆော့ပြီး Adventure လုပ်သင့်တာကြောင့် Storyline ကောင်းကောင်းနဲ့ ကစားချင်တဲ့သူတွေအတွက် တကယ်ကို လက်မလွှတ်သင့်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။

GAME INFORMATION
Developer
Caligari Games
Version
1.0.1
Release
August 2019
Updated
January 2024
Network
Offline
Platform
Android, PC, Nintendo, PS4, Switch
Download Size
600 MB
Total Size
650 MB
System Requirements
Mobile Specs
- Android5.1+
- iOS11.0+
- RAM3 GB
- SOCSnapdragon 450
- Arch64-bit ARM
PC Specs
- CPUIntel Core i3
- RAM4 GB
- GPUGTX 650
- DirectXVersion 10
7.5HIDDEN GEM
OFFICIAL STORES
Download from the official servers.
Download
This is for testing purposes only !!!
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...