The Happyhills Homicide
Game Info
Skip to Downloads

ဒီနေ့ မင်မင်ပြောပြချင်တဲ့ ဂိမ်းလေးက တင်ဖို့ရာအတွက် တော်တော်လေး စဉ်းစားခဲ့ရပြီး
ပြောရရင် ကောင်းလည်းကောင်းသလို မကောင်းလဲမကောင်းတဲ့ ဂိမ်းအမျိုးစားတစ်ခုပါ။ သူက
80 ခုနှစ်က Slasher ရုပ်ရှင်တွေကို ကြည့်ဖူးမယ်ဆိုရင် nostalgia ဖြစ်စေမယ့် Vibe
မျိုးကို ရမှာဖြစ်ပြီး PC Only ထွက်ထားပေမယ့် အခုကတော့ Optimization
ကောင်းကောင်းနဲ့ Unofficial Android Port ထွက်ရှိလာပြီပဲဖြစ်ပါတယ်။
⚠️ ကလေးနဲ့ စိတ်မခိုင်တဲ့သူတွေ လုံးဝ မကစားရပါ။ တကယ် လုံးဝ No ပါနော်။ Recommend
လည်း မပေးဘူး။

𝐓𝐡𝐞 𝐇𝐚𝐩𝐩𝐲𝐡𝐢𝐥𝐥𝐬 𝐇𝐨𝐦𝐢𝐜𝐢𝐝𝐞 - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
ဒီဂိမ်းထဲမှာဆိုရင် Happyhills ဆိုတဲ့ အေးချမ်းသာယာတဲ့ မြို့လေးမှာ
ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကိုယ်တွေက ဒီမြို့လေးရဲ့ ကျောင်းတစ်ကျောင်းမှာ
အလုပ်လုပ်နေတဲ့ John Wade ဆိုတဲ့ သန့်ရှင်းရေးဝန်ထမ်း Janitor နေရာကနေ
ကစားရမှာပါ။ ဒါပေမယ့် သူက ရိုးရိုးသားသား အလုပ်လုပ်နေတဲ့သူတော့ မဟုတ်ပါဘူး။
အကြောင်းရင်းတစ်ခုခုကြောင့် ရုတ်တရက် လူသ_တ်ချင်စိတ်တွေ ဝင်လာပြီး The Pale Grin
လို့ခေါ်တဲ့ ပြုံးဖြီးဖြီး မျက်နှာဖုံးကြီးကို တပ်ကာ ညဘက်တွေရောက်ရင်
မြို့ထဲကလူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်တော့တာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာ သဘောကျစရာကောင်းတာက ဆန့်ကျင်ဘက် Character နှစ်ယောက်လုံးကို
တစ်လှည့်စီ ဝင်ကစားရမှာဖြစ်ပြီး တစ်ဖက်က လူသ_တ်သမားဖြစ်တဲ့ John Wade နေရာကနေ
လူတွေလိုက်ပြီး ဇွက်ဇွက်လုပ်ရသလို တခြားတစ်ဖက်မှာလည်း အဲဒီ ဇွက်ဇွက်ထားတဲ့
ကိစ္စတွေအတွက် Detective Brian ဆိုတဲ့ စုံထောက်ကြီးက လိုက်စုံစမ်းမှာပဲဖြစ်ပါတယ်။
Level တိုင်းမှာ လူသ_တ်ရတဲ့ ပုံစံတွေက လုံးဝကို ကွဲထွက်နေပြီး တကယ်ကို
ရက်စက်လွန်းတယ်လို့ ကြိုပြောချင်ပါတယ်။ ဒီတိုင်း ဇွက်ဇွက်လုပ်ရတာမျိုးမဟုတ်ပဲ
Master Brain နဲ့ အကွက်ချပြီး ဇွက်ဇွက်ရမှာပါ။

အဲဒီလို Level တစ်ခုချင်းစီ ဇွက်ဇွက်ရင်းကနေ နောက်ဆုံး တဖြည်းဖြည်းနဲ့ ရဲတွေ၊
လုံခြုံရေးတွေ ထူထပ်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကပါ ပိုပြီးတော့
ခက်ခဲလာမှာပါ။ တစ်ချို့ Level တွေမှာဆိုရင် လူသ_တ်သမား John Wade ဟာ
သာမန်လူတွေကိုတင် မကတော့ဘဲ လက်နက်အပြည့်အစုံနဲ့ SWAT Team ကြီးတစ်ခုလုံးနဲ့ပါ
ရင်ဆိုင်ရမယ့်အနေထားကို မြင်တွေ့ရမှာမလို့ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင်
ကိုယ်တိုင်ပဲ ဆော့ကြည့်လိုက်တော့နော်...

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
Gameplay ပိုင်းကတော့ Hitman လို ဂိမ်းမျိုးကို 2D Pixel ပုံစံ ပြောင်းထားတယ်လို့
မြင်ယောင်ကြည့်လိုက်ပါ။ ဓားဆွဲပြီး တွေ့တဲ့သူတိုင်းကို ဝင်ခုတ်လို့ မရတာကြောင့်
Stealth နဲ့ Puzzle တွေကို အချိုးကျကျ ကစားပေးရမှာပဲဖြစ်ပါတယ်။

❖ လူတစ်ယောက်ကို ဇွက်ဇွက်ဖို့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကို
အသုံးချပြီး ဖန်တီးယူလို့ရပါတယ်။ ဥပမာ ကြမ်းပြင်မှာ ဆပ်ပြာရည်သွန်ထားပြီး
ချော်လဲအောင်လုပ်တာမျိုးတွေပါ။ မတော်တဆတော့ မတော်တဆပဲ ဒါပေမယ့် မတော်တဆမဟုတ်ဘူး
ဆိုတာမျိုးပေါ့။
❖ အရိပ်တွေ၊ ဗီရိုတွေထဲ ဝင်ပုန်းပြီး အလစ်ချောင်းရတဲ့ Stealth Mechanics
ပိုင်းတွေကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။

❖ ဇွက်ဇွက်ပြီးသွားရင်လည်း သွေးကွက်တွေ၊ Body တွေကို တခြားသူတွေ မမြင်အောင် Level
ပေါ်မူတည်ပြီး ဖျောက်ဖျက်ဖို့လည်း လိုအပ်ပါတယ်။
❖ မီးခလုတ်တွေ ပိတ်တာ၊ အသံပေးပြီး လူခွဲထုတ်တာတွေက တကယ် ပုံမှန်လေးလို လုပ်ပြီး
ကစားရမှာမလို့ တစ်ချို့တွေအတွက် Trauma ဖြစ်စေနိုင်ပါတယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
ရုပ်ထွက်ပိုင်းမှာ 16-bit Pixel Art ကို သုံးထားတဲ့အတွက် ဂိမ်းက အရမ်းကြီး....၊
ပြောရရင် ဇွက်ဇွက်နေရာတွေမှာ Retro ဆန်ဆန်လေးမလို့ စိတ်သက်သာရာရနေတာပါ။ ဒါပေမယ့်
Animation နဲ့ Vibration တွေက Timing မှန်နေတော့ ကစားရတာ လူတောင်
စိတ်မသက်မသာဖြစ်စေတာ အမှန်ပဲ။

အသံပိုင်းမှာဆိုရင်လည်း သူက နောက်ခံ Music တွေထက် ပိုပြီးတော့ Vibe ရအောင်
ခြေသံတွေ၊ တံခါးဖွင့်သံတွေ၊ ထိတ်လန့်တကြား အော်ဟစ်သံတွေကို
သေချာထည့်ပေးထားတာကြောင့် တကယ့် Slasher ရုပ်ရှင်တစ်ကား ကြည့်နေရသလိုအထိ
ခံစားရမှာပါ။ Performance အနေနဲ့ Unofficial Port ဖြစ်ပေမယ့် Mobile ပေါ်မှာ
တော်တော်လေး Smooth ဖြစ်တဲ့အပြင် Control ပိုင်းမှာပါ တကယ် Fix ဖြစ်တာကို
တွေ့ရပါတယ်။

| အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
ရိုးရိုးသားသား ဝေဖန်ရရင်တော့ အချိန်ပေးရတာ တန်တယ်ဆိုတာထက် ကစားရင်းနဲ့ကို
လက်ကမချချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့ ကိုယ့်ရဲ့
စိတ်လေးကို ဒါက Just A Game ဆိုပြီး တွေးထားစေချင်တယ်။ ဂိမ်းတစ်ခုအနေနဲ့
ကောင်းပေမယ့် တခြားစိတ်အနေနဲ့ဆိုရင်တော့ လုံးဝကို No ပါနော်။ ကစားဖို့လည်း
Recommend မပေးချင်တာကြောင့် ကိုယ့်စိတ်ကိုယ် ခံနိုင်ရည်ရှိမရှိ အရင်မေးပြီးမှ
ကစားကြည့်ပါ။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠
ဒီဂိမ်းမှာတော့ No Personal Feeling လို့ပြောရမယ်။ ကိုယ့်မှာတော့ ဆော့သာဆော့နေရတာ
ဖင်ကော၊ လူပါ ကြိမ်းနေပြီ။ Pixel ကိုမှ 16 bit မလို့သာ တော်တော့တယ်။
ဇွက်ဇွက်လိုက်ရင် တကယ် မတွေးရဲစရာကြီးတွေပဲမလို့ တကယ်ကို Dark Humor နဲ့
မကောင်းတဲ့ ဂိမ်းကောင်းတစ်ခုလို့ မြင်မိတယ်။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
ဒီဂိမ်းကို Copperbolt ဆိုတဲ့ Indie Developer ကနေ ဖန်တီးပေးထားတာပါ။ အစက itch.io
မှာ အခမဲ့ ပေးဆော့ထားရာကနေ YouTuber တွေကြားထဲ အရမ်းကို နာမည်ကြီးသွားလို့ 2024
နိုဝင်ဘာလမှာ Steam ပေါ်ကို တရားဝင် တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ Gamer တွေရဲ့
အားပေးမှု အလွန်ရရှိထားတဲ့အတွက် အခုဆိုရင် The Happyhills Homicide 2 - Out For
Blood ဆိုတဲ့ နောက်ဆက်တွဲ Sequel ကိုတောင် ဆက်လက် ဖန်တီးနေတာမလို့ Demo လေးတောင်
ထွက်ရှိနေပြီပဲဖြစ်ပါတယ်။

❖ သတိပြုရန် - ဂိမ်းထဲမှာ သွေးထွက်သံယို အခန်းများနှင့် စိတ်ခြောက်ခြားဖွယ်ရာများ
ပါဝင်သဖြင့် ကလေးငယ်များ မကစားသင့်ပါ။

⬛ အချုပ်အားဖြင့် ပြောရရင်တော့ The Happyhills Homicide ဟာ Stealth နဲ့ Puzzle
ကို အချိုးကျကျ ပေါင်းစပ်ထားပြီး 80s Slasher Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့
ရှားရှားပါးပါး ဂိမ်းကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။
သွေးစွန်းသော လျှို့ဝှက်ချက်များ
Hello! ဒီအထိ ရောက်လာပြီဆိုတော့ ဇာတ်လမ်းလေးကို တော်တော် စိတ်ဝင်စားလို့နဲ့ တူတယ်။ Review ထဲမှာလည်း ဇာတ်ကြောင်းကို အစပျိုးထားခဲ့ပေမယ့် ပိုပြီးတော့ ဇာတ်ရည်လည်အောင် အစက သေချာပြောပြမယ်နော်။ ဒါဆို မင်မင်နဲ့အတူ ဇာတ်ကြောင်းလေးကို အစအဆုံး ဝင်ကြည့်လိုက်ရအောင်...
ဒီဂိမ်းရဲ့ ဇာတ်လမ်းက ၈၀ ပြည့်လွန်နှစ်တွေမှာ ရှိတဲ့ The Happyhills ဆိုတဲ့ မြို့ငယ်လေးမှာ အခြေတည်ထားပါတယ်။ အပေါ်ယံကြည့်ရင်တော့ ဒီမြို့လေးက တကယ့်ကို အေးချမ်းသာယာပြီး လူတွေကလည်း သူတို့ရဲ့ နေ့စဉ်ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေကြတာပါ။ ဒါပေမယ့် ဒီလို အေးချမ်းတဲ့ မျက်နှာစာရဲ့ နောက်ကွယ်မှာတော့ ညဘက်တွေဆိုရင် အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုက စတင်လှုပ်ရှားနေပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ John Wade ဟာ သာမန်လူတစ်ယောက်လို နေထိုင်ပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ လူသတ်ချင်တဲ့ ဆန္ဒတွေက ပြင်းထန်နေပါတယ်။ သူဟာ ညဘက်ရောက်တိုင်း ကြောက်စရာကောင်းတဲ့ လူရွှင်တော် Clown မျက်နှာဖုံးကို စွပ်ပြီး မြို့ထဲက လူတွေကို တစ်ယောက်ချင်းစီ လိုက်လံ သတ်ဖြတ်ပါတော့တယ်။
ပထမဆုံး အစပိုင်းတွေမှာတော့ သူဟာ သာမန် အိမ်တွေကို ပစ်မှတ်ထားပါတယ်။ အိပ်မောကျနေတဲ့ သူတွေ၊ ရေချိုးခန်းထဲမှာ တစ်ယောက်တည်း ရှိနေတဲ့ သူတွေကို အသံမထွက်အောင် ချဉ်းကပ်ပြီး ရက်ရက်စက်စက် အဆုံးစီရင်ပါတယ်။ သူရဲ့ သတ်ဖြတ်မှုတွေက ရိုးရိုးလေး သတ်တာမဟုတ်ဘဲ ပတ်ဝန်းကျင်မှာ ရှိတဲ့ လျှပ်စစ်ကြိုးတွေ၊ အဆိပ်တွေနဲ့ ထူးဆန်းတဲ့ အရာဝတ္ထုတွေကို သုံးပြီး အနုပညာ တစ်ရပ်လို ဖန်တီးချင်နေတာပါ။ အချိန်တွေ ကြာလာတာနဲ့အမျှ သူ့ရဲ့ လုပ်ရပ်တွေက ပိုပြီး ရဲတင်းလာပါတယ်။ လူတွေနဲ့ စည်ကားနေတဲ့ ဘားတစ်ခုထဲကို ဝင်ပြီး ဆိုင်ကယ်သမား လူမိုက်အုပ်စုကို တစ်ယောက်မကျန် ရှင်းလင်းတာမျိုးတွေ အထိ ကျူးလွန်လာပါတယ်။
ဒီလိုနဲ့ တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်လာရတဲ့ အချိန်မှာတော့ ဒီအမှုတွဲတွေကို ဖော်ထုတ်ဖို့ အလွန်တော်တဲ့ စုံထောက်တစ်ဦး ရောက်ရှိလာပါတယ်။ အဲ့ဒီအချိန်ကစပြီး John ဟာ သာမန် လူတွေကို သတ်ရုံတင်မကတော့ဘဲ သူ့နောက်ကို လိုက်နေတဲ့ စုံထောက်ရဲ့ မျက်စိအောက်ကနေ လွတ်အောင် ထွက်ပြေးဖို့ပါ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းရဲ့ နောက်ပိုင်း အဆင့်တွေမှာဆိုရင် စုံထောက်နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေတွေက တကယ့်ကို အသက်ရှူမှားလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။ John ဟာ သူ့ရဲ့ သဲလွန်စတွေကို ဖျောက်ဖျက်ရင်း၊ တစ်ဖက်ကလည်း သူ့ရဲ့ သွေးစွန်းနေတဲ့ ရည်မှန်းချက်တွေကို ဆက်ပြီး အကောင်အထည် ဖော်နေခဲ့တာပါ။
ဇာတ်သိမ်းပိုင်းကို ရောက်တဲ့အခါမှာတော့ John ဟာ သူ့ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို အဆုံးစွန်ထိ တွန်းပို့လိုက်ပြီး The Happyhills မြို့လေးကို ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့ ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီးထဲကို သွင်းပေးခဲ့ပါတယ်။ စုံထောက်ရဲ့ အပြင်းအထန် ကြိုးစားမှုတွေ ရှိခဲ့ပေမယ့်လည်း John ရဲ့ လိမ္မာပါးနပ်မှုနဲ့ ရက်စက်မှုတွေက တစ်ပန်းသာသွားခဲ့ပါတယ်။ ဂိမ်းရဲ့ အဆုံးသတ်က 80 ပြည့်လွန်နှစ်တွေက Slasher ရုပ်ရှင်တွေလိုပါပဲ... အမှောင်ထုထဲမှာ လူသတ်သမားက အနိုင်ရသွားပြီး ကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ ကြက်သီးမွှေးညှင်းထစရာ အငွေ့အသက်တွေ ကျန်ရစ်စေခဲ့ပါတယ်။
ကဲ... ဒီဂိမ်းလေးရဲ့ ဇာတ်လမ်းလေးကို အပြည့်စုံသိသွားပြီဆိုတော့ ရင်ထဲမှာ ဘာကျန်ခဲ့ကြလဲ? မင်မင်လည်း သိချင်လို့ Comment ထဲမှာ ဖြေပေးသွားအုံးနော်...

GAME INFORMATION
Developer
Copperbolt
Version
1.0 (Unofficial Mobile Port)
Release
2022
Updated
2023
Network
Offline
Platform
PC, Android
Download Size
Around 100 MB
Total Size
Around 150 MB
System Requirements
Mobile Specs
- Android5.0+
- iOSNot Available
- RAM2 GB
- SOCSnapdragon 450+
- Arch32-bit / 64-bit ARM
PC Specs
- CPUIntel Core i3
- RAM2 GB
- GPUIntel HD Graphics
- DirectXVersion 11
8.3BLOODY MASTERPIECE
သတိပေးချက် ( WARNING )
ဒီဂိမ်းထဲမှာ သွေးထွက်သံယို အခန်းများနှင့် စိတ်ခြောက်ခြားဖွယ်ရာများ ပါဝင်တာကြောင့် ကလေးငယ်များ လုံးဝ မကစားသင့်ပါ။
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...