The Posthumous Investigation

သေသွားတဲ့သူက သူ့ကိုဘယ်သူသတ်တာလဲဆိုပြီး ကိုယ်တွေကို စုံစမ်းခိုင်းတဲ့အခါ...
ဟုတ်ပါတယ် ဒီဂိမ်းလေးက သာမန် စုံထောက်ဂိမ်းတွေနဲ့မတူပဲ Supernatural ဆန်ဆန်လေးနဲ့ ကစားရမှာမလို့ အရမ်းသဘောကျကြမှာပါ။ သဘောကျဆို ဒီဂိမ်းကို Brazil နိုင်ငံက နာမည်ကြီး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Machado de Assis ရဲ့ ဂန္ထဝင်ဝတ္ထုတွေကို အခြေခံပြီး တည်ဆောက်ထားတာမလို့ ဇာတ်လမ်းပိုင်းကတော့ ရုပ်ရှင်တစ်ခုထက်တောင် ပိုဆွဲဆောင်စေမှာပဲဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောတာလဲဆိုတာကို သိချင်ရင် Review လေးမှာသာ ဆက်ဖတ်ကြည့်လိုက်တော့...

The Posthumous Investigation
𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
° ဇာတ်လမ်းစစချင်းမှာပဲ Brás Cubas ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်ဟာ ရုတ်တရက် အသတ်ခံလိုက်ရပါတယ်။ ပြဿနာက သူဟာ သေသွားပေမယ့် ငရဲပြည်လည်း မရောက်၊ နတ်ပြည်လည်း မရောက်ဘဲ ကြားထဲမှာ Limbo ဆိုတဲ့ တမလွန်ဘဝထဲမှာ ပိတ်မိနေခဲ့တာပါ။ ပိုဆိုးတာက သူ့ကို ဘယ်သူသတ်သွားလဲဆိုတာကို မသိရမချင်း ဒီ Limbo ထဲကနေ ထွက်သွားလို့မရနိုင်တာကြောင့် ပုဂ္ဂလိက စုံထောက်ဖြစ်တဲ့ ကိုယ်တွေကို အကူအညီလှမ်းတောင်းရာကနေ ဇာတ်လမ်းစတင်တော့တာပဲ။ ဟုတ်ပါတယ်... သေသွားတဲ့ သူက သူ့ကိုယ် ဘယ်သူသတ်သွားလဲဆိုတာကို ကိုယ်တွေက စုံစမ်းပေးရမှာပါ။

° တကယ်တော့ စုံထောက်ဖြစ်တဲ့ သင်ကိုယ်တိုင်းလဲ အဲအဖြစ်ပျက်ကို အစက မယုံနိုင်ခဲ့ပါဘူး။ သေသွားတဲ့သူက သူ့ကို စာလေးတစ်စောင် ပို့ပြီး လိုက်စုံစမ်းခိုင်းနေတာဆိုတော့ တစ်ယောက်ယောက်က အယောင်ဆောင်နေတယ်ဆိုပြီး ထင်ခဲ့မိတာပါ။ ဒါပေမယ့် ညဘက်အချိန်တစ်ခုကျော်သွားတဲ့အချိန်မှာတော့ စုံထောက်ကြီးကိုယ်တိုင် မူးဝေလာပြီး ရုတ်တရက် သတိလစ်သွားခဲ့ပါတယ်။ အဲဒီမှာ သေသွားတဲ့ သူဌေးကြီးနဲ့ တွေ့ပြီး ဒီနေ့ ဘာတွေ စုံစမ်းလို့ရလဲဆိုပြီး သဲလွန်စတွေ ပေးရတာပေါ့။ ခဏကြာတော့ သူပြန်သတိရလာတဲ့အချိန်မှာ အရာအားလုံးက သူဌေးကြီး အသတ်ခံရတဲ့ မနက် 9 နာရီဆီကို အစက ပြန်ရောက်သွားပါတယ်။

° ဒါကြောင့် ဒီဂိမ်းရဲ့ ပုံစံကို အလွယ်တကူရှင်းပြရမယ်ဆိုရင် ဇာတ်လမ်းရဲ့ နောက်ခံက ၁၉၃၇ ခုနှစ် ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ကြီးမှာ အခြေတည်ထားတာဖြစ်ပြီး ကိုယ်တွေက စုံထောက်အနေနဲ့ လူသတ်မှုဖြစ်ပြီး နောက်တစ်နေ့ မနက် ၉ နာရီမှာ အရင်နိုးလာမှာပါ။ အဲဒီမှာ မြို့ထဲကို ထွက်၊ သံသယရှိစရာ လူတွေကို လိုက်စုံစမ်းရင်း ည ၁၂ နာရီတိတိ ထိုးသွားရင်တော့ ဝုန်းကနဲ အချိန်က ရပ်တန့်သွားပြီး ကိုယ်တွေပါ Limbo ဆိုတဲ့ လောကကြီးထဲကို ရောက်သွားမှာပါ။ အဲဒီမှာ သေသွားတဲ့ Brás Cubas နဲ့ တွေ့ပြီး တစ်နေ့တာ ရခဲ့တဲ့ သတင်းအချက်အလက်တွေကို Corkboard ပေါ်မှာ ဆက်စပ်ကြည့်ရင်း အဖြေရှာရမှာပါ။ ပြီးရင်တော့ နောက်ထပ် မနက် ၉ နာရီဆီကို ပြန်ရောက်သွားပြီး အချိန်စက်ဝန်း Time-Loop ထဲမှာ ထပ်ခါထပ်ခါ လည်နေတော့မှာပဲဖြစ်ပါတယ်။

° ဒီဂိမ်းမှာ အမိုက်ဆုံးက ဇာတ်သိမ်းက တစ်ခုတည်း ရှိနေတာမျိုးမဟုတ်ပါဘူး။ There is no single correct answer ဆိုပြီး Developer တွေက ဆိုထားတာကြောင့် ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ သက်သေတွေ၊ ကိုယ့်ရဲ့ တွေးခေါ်မှုတွေအပေါ် မူတည်ပြီး ဘယ်သူက လူသတ်သမားလဲဆိုတာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ ဒါကြောင့် ဇာတ်သိမ်းက ကိုယ်တိုင်ဖန်တီးရမယ့် အမှန်တရားတစ်ခု ဖြစ်နေတော့ ဘယ်လိုအဆုံးသတ်မလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
မင်မင် အကြိုက်ဆုံး အပိုင်းကတော့ NPC ဇာတ်ကောင်ဖြစ်တဲ့ သံသယရှိစရာ လူတွေက အမြဲတမ်း ပုံသေကြီးရှိမနေပါဘူး။ သူတို့မှာ ကိုယ်ပိုင် အချိန်ဇယား Schedule တွေရှိတာကြောင့် ကိုယ်က နေ့တစ်ခုတည်းကို ထပ်ခါတလဲလဲ ကြုံနေရတဲ့အချိန်မှာ မတူညီတဲ့ သဲလွန်စနဲ့ အဖြေတွေကို ရနိုင်ဖို့အတွက် အကုန်လိုက်နှောက်ယှက်လို့ရပါတယ်။ Time-Loop ရဲ့ သဘောတရားအရ ဒီနေ့ မနက် ၁၀ နာရီမှာ ဒီလူက ဒီနေရာမှာ ဘာလုပ်နေလဲဆိုတာကို ကိုယ်က သိသွားပြီဆိုရင်၊ နောက်တစ်ခေါက် Loop ပြန်စတဲ့အခါ အဲ့ဒီအချိန်၊ အဲ့ဒီနေရာကိုပဲ သွားပြီး မတူညီတာတွေဖြစ်လာဖို့အတွက် ပြောင်းလဲလို့ ရပါတယ်။

ဒါကြောင့် ဒီဂိမ်းကို ကစားရတာက ရိုးရိုးစုံထောက်တစ်ယောက်ပုံစံမဟုတ်ပဲ Time Loop ထဲမှာ ဖြစ်နိုင်သမျှ Possible Facts တွေကို နည်းမျိုးစုံနဲ့ လိုက်ရှာရမှာပဲဖြစ်ပါတယ်။ Pure Logic ပုံစံနဲ့ Point-and-click စတိုင် ကစားရမှာဖြစ်ပြီး မြို့ထဲကို လျှောက်သွား၊ ပစ္စည်းတွေကောက်၊ လူတွေနဲ့ စကားပြောရတာမျိုး မြင်တွေ့ရမှာပါ။ အရေးကြီးဆုံး သတိထားရမယ့်အချက်က သူက Time-Loop ပြန်စတိုင်း ကိုယ်ကောက်ထားခဲ့တဲ့ Physical Items တွေ အကုန်ပျောက်သွားတာမလို့ သတင်းအချက်အလက် နဲ့ မှတ်ဉာဏ်ကလွဲရင် ကျန်တာတွေက ယာယီပဲဖြစ်ပါတယ်။

ကိုယ်က ရထားတဲ့ သဲလွန်စတွေကို Limbo ထဲမှာ မှန်မှန်ကန်ကန် ဆက်စပ်နိုင်ပြီဆိုရင် Cutscene လေးတွေ ပွင့်လာမှာဖြစ်ပြီး လူသတ်မှုဖြစ်ခဲ့တဲ့နေ့က အကြောင်းရာတွေကို ပြန်လည် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီး ဒီ ဂိမ်းက ကိုယ့်ကို အလွယ်တကူ ဘာပြီးရင် ဘာလုပ်ဆိုပြီး ဆွဲခေါ်သွားမယ့် ပုံစံမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစားပြီး သေချာတွေးရမယ့် Gameplay မျိုးလေးဖြစ်ပါတယ်။


𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic ပိုင်းမှာတော့ 1930 ဝန်းကျင်က ခံစားချက်တွေကို အပြည့်အဝပေးနိုင်တဲ့ Hand-drawn Noir အဖြူအမည်း ကာတွန်းပန်းချီလိုမျိုး မြင်တွေ့ရမှာပါ။ Animation တွေကအစ တကယ်သေသပ်ပြီး အသံပိုင်းမှာဆိုရင်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး မှုခင်းဇာတ်လမ်းတွေနဲ့ လိုက်ဖက်တဲ့ Jazz သံစဉ်တွေကို အသုံးပြုထားတာမလို့ ကစားနေရင်းနဲ့ကို တကယ့် စုံထောက်ကြီး တစ်ယောက်လို ခံစားရမှာပဲဖြစ်ပါတယ်။ Performance အနေနဲ့ကတော့ 2D ဂိမ်းဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်စရာကို မရှိပါဘူး။ Device တိုင်းနဲ့ ကောင်းကောင်း Run နိုင်ပါတယ်။

#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
ဉာဏ်စမ်းကြိုက်တဲ့သူတွေ၊ စုံထောက်ဇာတ်လမ်း အရူးအမူး ဖြစ်တဲ့သူတွေအတွက် လုံးဝကို လက်မလွှတ်သင့်တာဖြစ်ပြီး Outer Wilds တို့လို အချိန်စက်ဝန်း သဘောတရားတွေကိုပါ သဘောကျတဲ့သူဆိုရင်တော့ အခုပဲ ပြေးဆော့လိုက်ကြဖို့ရာ အကြံပေးချင်ပါတယ်။ တကယ် Story , Animation, Graphic ဘာမှကို ပြောစရာမလိုတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
° ဒီဂိမ်းလေးကို ဖန်တီးခဲ့တဲ့ Mother Gaia Studio ဟာ ဘရာဇီးလ်နိုင်ငံက Indie ဂိမ်းစတူဒီယိုလေး တစ်ခုဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံရဲ့ ဂန္ထဝင် စာရေးဆရာကြီး Machado de Assis ရဲ့ နာမည်ကြီး ဝတ္ထုတွေကို ကမ္ဘာက သိအောင် ဂိမ်းကတစ်ဆင့် ပြန်လည်အသက်သွင်းချင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်ထဲက ဇာတ်ကောင်တွေကို ရုပ်လုံးဖော်ပြီး ကစားသူကိုယ်တိုင် အဲ့ဒီခေတ်က လူတွေကြားထဲ ဝင်ရောက်ခွင့် ပေးလိုက်တာဟာ တကယ်ကို သဘောကျစရာကောင်းနေတာပဲဖြစ်ပါတယ်။



- AndroidAndroid 8.0+
- RAM2 GB
- SOCSnapdragon 450
- Arch64-bit ARM
- CPU2.0 GHz Dual Core
- RAM4 GB
- GPUDirectX 10 compatible graphics card
- DirectXVersion 10