LATEST NEWS

Loading Latest News...

The Rainman

The Rainman

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android PC
Game Info
Download
ညဘက် အလုပ်က‌နေ တစ်ယောက်တည်း အိမ်ပြန်ရတဲ့ ခံစားချက်က ဒီဂိမ်းဆော့ကြည့်မှ သိလာလိမ့်မယ်....

အထူးသဖြင့် အလုပ်မှာ Overtime နဲ့ မိပြီး နောက်ကျသွားတဲ့အခါ ကိုယ်စီးရမယ့် Bus ကားက မှတ်တိုင်မှာ မရှိတော့တာမျိုးတွေ၊ မိုးတွေ သည်းကြီးမဲကြီး ရွာချနေတဲ့ထဲမှာ ထီးမပါပဲ ၉၆၉၃ ပြန်ရတဲ့ အချိန်မျိုးတွေဆိုရင် တကယ်ပဲ ကိုယ်တစ်‌ယောက်တည်း ပြန်ရဲကြလား ? ဒါမှမဟုတ် သူစိမ်းနဲ့ လမ်းကြုံရင်ကော လိုက်သွားရဲကြလား ? မင်မင်တော့ နှလုံးရောဂါရမတတ် လန့်ဖြန့်ပြီးပြီမလို့ Review လေး လုပ်ပေးပါမယ်။

The Rainman - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰

° အချိန်ကာလကတော့ ဒီဘက်ခေတ်မဟုတ်ပဲ ၁၉၈၀ ခုနှစ်ဝန်းကျင်တုန်းက Crystalpine Grove လို့ခေါ်တဲ့ အေးချမ်းတဲ့ မြို့ငယ်လေးမှာ ဇာတ်အိမ်ကို စတင်ထားပါတယ်။ အရင်တုန်းက ရာဇဝတ်မှုဆိုတာ လုံးဝ မရှိသလောက်ကို ရှားပါးတဲ့ ဒီမြို့လေးမှာ ရုတ်တရက်ဆိုသလို လူငယ်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ လူသတ်မှုတွေဟာ ဆက်တိုက်ကို ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလူသတ်မှုတွေဟာ မိုးရွာတဲ့အချိန်တိုင်းဖြစ်ပေါ်တတ်တာကြောင့် လူသတ်သမားကို The Rainman လို့ သမုတ်ကြပြီး ခံရတဲ့သူတွေဟာလည်း အကုန်ရေနစ်ပြီး အသတ်ခံရတာမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။
° ဒီဂိမ်းမှာ ကိုယ်တွေက Suzie ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး မြို့အစွန် တောစပ်နားမှာရှိတဲ့ Local စားသောက်ဆိုင်လေးမှာ ညဆိုင်း စားပွဲထိုးအဖြစ်နဲ့ လုပ်ကိုင်ရမှာပါ။ ရာသီဥတုက တဖြည်းဖြည်း ဆိုးရွားလာပြီး မိုးတွေ သဲကြီးမဲကြီး ရွာချလာတဲ့ ညတစ်ညမှာတော့... ဆိုင်ထဲကို ဝင်လာတဲ့ ဧည့်သည်တွေရဲ့ အပြုအမူတွေဟာ တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုးနဲ့ ထူးဆန်းလာခဲ့ပါတယ်။
° ဒီနေရာမှာ တွေးစရာက အဲ့ဒီ ဧည့်သည်တွေထဲက တစ်ယောက်ယောက်ဟာ ကောလာဟလတွေထဲက အရမ်းရက်စက်တဲ့ The Rainman ဖြစ်နေနိုင်သလားဆိုတာပါပဲ ? ကိုယ်ရွေးချယ်လိုက်တဲ့ စကားလုံးနဲ့ လုပ်ရပ်တစ်ခုက ကိုယ့်ရဲ့ အသက်အန္တရာယ်ကို လက်တွေ့ ဆုံးဖြတ်ပေးမှာဖြစ်တာကြောင့် မတူညီတဲ့ Ending တွေနဲ့အတူ Survival လုပ်ရမယ့် Thrilling ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜

ဒီဂိမ်းက Pixel Art စတိုင်နဲ့ Side Scrolling ပုံစံမျိုး လုပ်ထားတာကြောင့် ကစားရတာ အရမ်းကို ရိုးရှင်းပြီး မထင်ထားလောက်အောင်ကို ရင်တုန်စရာကောင်းမယ့် Gameplay မျိုးပဲဖြစ်ပါတယ်။ အဓိကကတော့ ဒီဂိမ်းမှာပါတဲ့ Dialogue တိုင်းကို သေချာစိတ်ရှည်ရှည်နဲ့ ဖတ်ထားသင့်ပြီး ဘယ်ပစ္စည်းက ဘယ်နေရာမှာ ဘာကြောင့်ရှိတာလဲ ဆိုတဲ့ အသေးစိတ်တွေကအစ နောက်ဆုံး ဒီလူကကော ဘာကြောင့် ဒီလိုပြောတာလဲဆိုတာမျိုးတွေအထိ သေချာ မှတ်သားထားရမှာပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဂိမ်းက ခလုတ်ထိမှ အမိတလို့ မရနိုင်တာကြောင့် အရေးအကြောင်းဆိုရင် ဘာလုပ်ရမှန်းမသိပဲ တန်းရှောသွားနိုင်တာပဲဖြစ်ပါတယ်။ Ending 7 မျိုးအထိတောင် ပါတာဆိုတော့ ဘာ့ကြောင့် ဘယ်လိုပဲ ကစားကစား ကိုယ့်လုပ်ရပ်အတိုင်း ဇာတ်သိမ်းကို မြင်တွေ့ရမှာပါ။ အဲတော့ Smart ဖြစ်နေသ၍ အသက်ရှင်နေမယ့် ဂိမ်းမျိုးပေါ့။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞

Graphics ပိုင်းကတော့ Pixel Art ဖြစ်နေတာတောင် တော်တော်လေး ချီးကျူးစရာကောင်းပြီး Visual ဖန်တီးထားတာတွေကိုက Unique ဖြစ်ဖြစ်နဲ့ ဇာတ်လမ်းတစ်ခုကြည့်နေရသလိုကို ခံစားရမှာပဲဖြစ်ပါတယ်။ Retro Vibe အပြည့်နဲ့ Background Sound တွေကပါ လုံးဝ Perfect ဖြစ်နေတာမလို့ Horror ဂိမ်းတွေ မဆော့ဖူးရင် နောင်တရသွားနိုင်တဲ့ ဂိမ်းမျိုးထဲမှာ ပါဝင်တာပဲဖြစ်ပါတယ်။ PC only ထွက်ထားပေမယ့် အခုကတော့ Android Port ကို Unofficial ထုတ်ပေးထားတာမလို့ Optimization ကောင်းကောင်းနဲ့ ကစားနိုင်မှာပဲဖြစ်ပါတယ်။
#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
Horror ဂိမ်းတွေထဲမှာ သရဲတွေ၊ Monster လိုမျိူး Supernatural Horror မျိုးတွေထက် အခုလို လက်တွေ့ကမ္ဘာနဲ့ ရင်းနှီးတဲ့ Thrilling ဆန်ဆန် Psychological Suspense တွေကို သဘောကျတယ်ဆိုရင် တကယ်လက်မလွှတ်သင့်တာပဲဖြစ်ပါတယ်။ တကယ် ကိုယ်ပါ ရောပြီး ရင်တုန်ရတာမလို့ ဆော့ဖူးအောင် ဆော့ကြည့်စေချင်မိတယ်။ 

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠

° ဒီဂိမ်းက ၈၀ ခုနှစ်ဝန်းကျင်တုန်းက Scream လို ရုပ်ရှင်ကားတွေထဲ ကိုယ်တိုင် ရောက်သွားသလိုအထိ ခံစားရတယ်။ အထူးသဖြင့် ညဘက် မီးပိတ်ပြီး နားကြပ်လေးနဲ့ တပ်ဆော့လိုက်မယ်ဆိုရင်... အိုး!! ကျောထဲကို တစ်စိမ့်စိမ့်နဲ့ နှလုံးတောင် ဘယ်နားခုန်ရမှန်းမသိ ဖြစ်သွားလိမ့်မယ်။ အကြောင်းက ခြောက်ခံရလို့မဟုတ်ပဲ နေရင်းထိုင်ရင်းနဲ့ကို အသံကြောင့် ဖားသေနေတာပဲဖြစ်ပါတယ်။
° လူတွေရဲ့ အပြင်ပန်း အသွင်အပြင်နဲ့ စကားတွေဆိုတာက အမြဲအမှန်တရား မဟုတ်ဘူး ဆိုတာကို ဒီဂိမ်းမှာ ပညာပေးသွားလိမ့်မယ်။ အထူးသဖြင့် ကိုယ်ယုံကြည်ရမယ် ထင်တဲ့သူက တကယ့် လူသတ်သမား ဖြစ်နေနိုင်သလို၊ ရုပ်ဆိုးဆိုးနဲ့ ကြောက်စရာကောင်းတဲ့ သူကလည်း ကိုယ့်ကို ကယ်တင်မယ့်သူမျိုး ဖြစ်နေနိုင်ပါတယ်။ ရွေးချယ်မှုတိုင်းက အသက်နဲ့ ကိုယ်ဖြစ်နေလို့ ဆုံးဖြတ်ချက်ချတိုင်း နှလုံးခုန် မြန်ရတဲ့ အရသာက တကယ်ကိုယ်ပါ ဇာတ်ကောင်နဲ့ တစ်သားတည်းကျသွားသလိုမျိုး ခံစားရလိမ့်မယ်။
 ( ဂိမ်းက တကယ် Thrilling ဖြစ်တာကြောင့် နှလုံးရောဂါရှိတဲ့သူတွေ လုံးဝ မဆော့ပါနဲ့နော် )
GAME INFORMATION
Developer
Copperbolt
Version
1.0 (Unofficial Port)
Release
August 2024
Updated
September 2026
Network
Offline
Platform
Android (Port), PC
Download Size
175 MB
Total Size
Around 200 MB
System Requirements
Mobile Specs
  • Android5.0+
  • RAM2 GB
  • SOCMid-range Processor
  • Arch64-bit ARM
PC Specs
  • CPUIntel Core i3 or equivalent
  • RAM2 GB
  • GPUIntegrated Graphics
  • DirectXVersion 9
8.0GREAT MYSTERY
Graphics
80
Gameplay
85
Control
75
⚠️ သတိပေးချက်
သွေးထွက်သံယို အခန်းများနှင့် စိတ်ခြောက်ခြားဖွယ်ရာများ ပါဝင်သဖြင့် ကလေးငယ်များ မကစားသင့်ပါ။
OFFICIAL STORES
Download from the official servers.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 ⚡ 🌟
Replying to ... ✕
Initializing...