The Wreck
Game Info
Download

ဖြစ်ဖူးကြလား? မိဘတွေရဲ့ အမွေဆိုးတွေကို ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် လုံးဝ မခံစားစေရဘူးဆိုပြီး....

ဒီဘက်ခေတ် လူငယ်တွေ အတော်များများ၊ မင်မင် အပါအဝင် စိတ်ထဲမှာ ဆုံးဖြတ်ချက်လေးတစ်ခု ရှိတတ်ကြပါတယ်။ အဲဒါကတော့ ရှေ့ကလူကြီးတွေ တလွဲဆုံးမခဲ့သမျှ ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် ဒီလိုမျိုး မကြုံစေချင်ဘူးဆိုတာပါ။ အပြင်မှာ ထုတ်မပြောတောင် စိတ်ထဲမှာ အဲဒီလို ခံယူချက်လေးတွေရှိတတ်တာကြောင့် ဒီနေ့ ပြောပြမယ့် ဂိမ်းလေးက အဲဒီ ခံစားချက်တွေနဲ့ ထပ်တူတဲ့ Junon ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမလေးတစ်ယောက်ရဲ့ ရင်နှင့်ဖွယ် ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

The Wreck - 𝗚𝗮𝗺𝗲 𝗥𝗲𝘃𝗶𝗲𝘄
လူတိုင်းမှာ စိတ်ဒဏ်ရာတွေရှိကြပေမယ့် တစ်ချို့က ပွေ့ဖက်ထားကြသလို၊ တစ်ချို့ကြတော့လည်း မသိချင်ယောင်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ ဒဏ်ရာတွေကနေ တကယ်လွတ်မြှောက်နိုင်ကြရဲ့လားဆိုတာကတော့ ကိုယ်တိုင်တောင် မဝေခွဲတတ်ကြပါဘူး။
ဒီဂိမ်းလေးက ဖန်တီးသူကိုယ်တိုင် တကယ်ကြုံတွေ့ခဲ့ရတဲ့ Car accident တစ်ခုရဲ့ စိတ်ဒဏ်ရာနဲ့ အကြောက်တရားတွေကို အခြေခံပြီး True Story ပုံစံမျိုးနဲ့ လက်တွေ့ဆန်ဆန် အဖြစ်ပျက်မျိုးကို ပုံဖော်ပေးထားတာပါ။ လူတစ်ယောက်ရဲ့ နက်နဲတဲ့ စိတ်ခံစားမှုတွေ၊ မိသားစု အရှုပ်အထွေးတွေနဲ့အတူ စိတ်ဒဏ်ရာတွေကိုပါ အနုပညာမြောက်စွာနဲ့ ပုံဖော်ထားတာမလို့ တွေးရင်းတွေးရင်းနဲ့ကို မျက်ရည်တွေဝဲလာပြီး တစိမ့်စိမ့်နဲ့ကို ဇာတ်ကောင်နဲ့တသားတည်း ပျော်ရွှင်လာရမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ အသက် 36 နှစ်အရွယ် Junon ဆိုတဲ့ အမျိုးသမီးတစ်ယောက် နေရာကနေ ကစားရမှာပါ။ သူမဟာ ဘဝမှာ သိပ်ပြီး အောင်မြင်မှုမရှိသေးတဲ့ ဇာတ်ညွှန်းရေးဆရာမ တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူမနဲ့ အဆက်အသွယ်ပြတ်နေတာ အလွန်ကြာပြီဖြစ်တဲ့ သူမရဲ့ အမေ Marie ဟာ ဆေးရုံပေါ်မှာ အရေးပေါ် ရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့ပါတယ်။

ကြားကြားခြင်း ချက်ချင်း လိုက်သွားခဲ့ပေမယ့် အဆိုးဆုံးကတော့ သူမဟာ အမေဖြစ်သူရဲ့ အသက်ကို ဆုံးဖြတ်ပေးရမယ့် တစ်ဉီးတည်းသော မိသားစုဝင်တစ်ယောက် ဖြစ်နေခဲ့တာပါ။ အမှန်တော့ ဇာတ်ကောင်မင်းသမီး Junon ဟာ မိသားစု ပြဿနာတွေနဲ့ ပတ်သတ်ရင် ထိပ်တိုက်ရင်ဆိုင်ရမှာကို အရမ်းကြောက်တဲ့သူမလို့ ဘာကြောင့် ငါဖြစ်နေရတာလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဆေးရုံကနေ ချက်ချင်းထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။

သူမရဲ့ စိတ်ထဲမှာ ဘယ်လောက်ပဲ နာကျည်းကျည်း အမေဖြစ်နေတာက တစ်ကြောင်း၊ အမေ့ရဲ့ အသက်ကိုလည်း ကိုယ်က ဝာာဝန်ယူရအုံးမယ်ဆိုတော့ ရင်ထဲမှာ ကိုယ်ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုက ကိုယ်ဘယ်လိုလူစားမျိုးဖြစ်သွားမလဲဆိုပြီး တွေးပူနေခဲ့တာပါ။ အဲဒါကြောင့် ဘယ်သူ့ကို ဒေါသထွက်လို့ ထွက်ရမှန်းမသိအောင်ကို စိတ်တွေမွန်းကြပ်သွားပြီး ကားကို အသကုန်မောင်းကာ ဆေးရုံကနေ ထွက်သွားခဲ့ပါတယ်။

ဒီလို အတွေးများစွာနဲ့ စိတ်ရှုပ်နေတဲ့ သူမဟာ ကားလမ်းမပေါ်မှာ မထင်မှတ်ထားတဲ့
အရာတစ်ခုကြောင့် ကားကို ရုတ်တရက် ကွေ့လိုက်မိရာကနေ အရှိန်မထိန်းနိုင်ပဲ
အဆိုးရွားဆုံးသော ကား accident တစ်ခုကို ကြုံလိုက်ရပါတယ်။ ကားကြီးတစ်စီးလုံး
လေပေါ်မှာ လိမ့်သွားတဲ့ အခိုက်တန့်ဟာ သူမအတွက်တော့ လေဟာနယ်ထဲကို
ရောက်သွားသလိုမျိုး လောကကြီးရဲ့ အရာအားလုံးဟာ ရပ်တန့်သွားခဲ့ပြီး
စက္ကန့်ပိုင်းအတွင်းမှာတင်ကို သူမရဲ့ ဘဝမှာ ဘယ်လိုရှင်သန်ခဲ့ရလဲဆိုတဲ့
ပုံရိပ်တွေဟာ မြင်ယောင်လာခဲ့ပါတယ်။

အဲဒီ ပုံရိပ်တွေထဲမှာ သူမကိုယ်တိုင် အတင်းမေ့ပျောက်ဖို့ ကြိုးစားခဲ့တဲ့
မိသားစုရဲ့ ပြဿနာတွေ၊ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ၊ ငယ်ဘဝက
တစ်ဆစ်ချိုးတိုင်းမှာ မိသားစုကြောင့် ဘယ်လောက်အထိ စိတ်ဒဏ်ရာတွေ ရခဲ့လဲဆိုတာကို
အဖြစ်ပျက်တစ်ခုစီတိုင်း ပြန်လည်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Junon တစ်ယောက် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး လက်ရှိအချိန်က ပြဿနာတွေကို
ဖြေရှင်းနိုင်မလား၊ ဒါမှမဟုတ် အကြောက်တရားတွေအောက်မှာပဲ အသက်ကိုပါ
အရှုံးပေးလိုက်ရတော့မလား ဆိုတာကတော့ ကိုယ်တိုင်ပဲ အဖြေရှာကြည့်စေချင်ပါတယ်။

ကစားရင်းနဲ့ အသည်းငယ်တဲ့သူတွေ၊ Trauma ရှိတဲ့သူတွေ မခံစားနိုင်ရင်
ရပ်ထားလိုက်ဖို့ အကြံပေးချင်ပါတယ်။ Full Story ကိုလည်း Website ထဲမှာ သီးသန့်
ထည့်ရေးပေးထားတာမလို့ အချိန်ပေး မကစားနိုင်ရင်လည်း သွားဖတ်ကြည့်လို့ရပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ဒီဂိမ်းက 3D Narrative Adventure ပုံစံဖြစ်ပြီး Point-and-Click စနစ်ကိုပဲ အဓိက
အသုံးပြုထားတာပါ။

❖ အနီးစပ်ဆုံး နားလည်လွယ်အောင် ပြောရရင် ဇာတ်လမ်းဖတ်ပြီး ကိုယ်တိုင်
ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ Interactive Visual Novel ပုံစံမျိုး
ကစားရမှာပဲဖြစ်ပါတယ်။
❖ အဓိက Gameplay နေရာကတော့ ကား accident ဖြစ်နေချိန်မှာ လေထဲ လွင့်စင်နေတဲ့
ပစ္စည်းလေးတွေကို နှိပ်ပြီး အတိတ်က မှတ်ဉာဏ်တွေဆီကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ်။
❖ အထူးခြားဆုံးကတော့ Life is strange ဂိမ်းထဲကလိုပဲ Memory တွေကို Rewind နဲ့
Fast-forward လုပ်နိုင်မှာဖြစ်ပြီး မှတ်ဉာဏ်တစ်ခုရဲ့ အရေးကြီးတဲ့
အလှည့်အပြောင်းတွေကို ရှာဖွေရင်းနဲ့မှ လက်ရှိအချိန်က ပြဿနာတွေကို
ဖြေရှင်းရမှာပဲဖြစ်ပါတယ်။
❖ Meaning စာတန်းလေးတွေက အဓိကပဲမလို့ စာဖတ်မပျင်းဖို့တော့ လိုပါလိမ့်မယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
မင်မင်တော့ ဒီဂိမ်းရဲ့ Graphic ကို အရမ်းသဘောကျမိတဲ့ထဲမှာ ပါတယ်။ သူ့ရဲ့
Cinematic ဆန်တဲ့ ရိုက်ချက်တွေက တကယ့် Movie တစ်ခုကို ကြည့်နေရသလိုမျိုးအထိ
ခံစားရစေပြီး Color Grinding လုပ်ထားတာတွေကအစ ဇာတ်ကောင်ရဲ့
စိတ်ခံစားချက်ပေါ်မူတည်ပြီး Muted Colors မျိုးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အသံပိုင်းမှာဆိုရင်လည်း ဇာတ်ကောင်တွေရဲ့ စကားပြောသံတွေ၊ စိတ်ခံစားမှု အတက်အကျတွေက
ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်အောင်ကို အသံသရုပ်ဆောင်တာ တကယ်တော်တာကြောင့်
ရုပ်ရှင်ကားကောင်း တစ်ကားကို ထိုင်ကြည့်နေရသလိုအထိ ခံစားရစေမှာပဲဖြစ်ပါတယ်။
ပြောရရင် English စာလေ့လာနေတဲ့သူတွေအတွက် Reading ကော၊ Listening ပါ
လေ့ကျင့်ပြီးသားဖြစ်သွားစေမှာပါ။

#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
ဇာတ်လမ်းကောင်းကောင်းကို ခံစားချင်တဲ့ သူတွေ အတွက်ကတော့ လုံးဝကို
အချိန်ပေးရကျိုးနပ်စေမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဝတ္ထုစာအုပ်တစ်ခုကို
တကယ့်ဇာတ်ကောင်တွေ အနားမှာ လာပြောပြနေသလိုအထိ စိတ်ဝင်စားစရာကောင်းပြီး
ဇာတ်ရည်လည်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်က ဘာနဲ့မှကို မတူပါဘူး။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠 & 𝐆𝐚𝐦𝐢𝐧𝐠 𝐓𝐢𝐩
ကဲ မင်မင် ပေါက်ပေါက်ဖောက်ဖို့ အချိန်ကျပါပြီ။ မင်မင်တော့ ဒီဂိမ်းလေးကို
ဆော့နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ပြီး ဆန်းစစ်မိသွားတယ်။ ပြောရရင်
အချိန်တိုင်းပါပဲ။ ဒါပေမယ့် ဒီဂိမ်းလေးက Energy Flow တစ်ခုကို မတူညီတဲ့
ရှုထောင့်ကနေ ဖော်ပြသွားတာမျိုးလေးဆိုတော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။

လူတိုင်းရဲ့ အတိတ်မှာ မသိမသာ ဖုံးကွယ်နေတဲ့ စိတ်ဒဏ်ရာတွေ၊ မိသားစု
ပြဿနာတွေဆိုတာဟာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
ဇာတ်ကြောင်းမျိုးစုံနဲ့ ဒဏ်ရာအတိမ်အနက် မတူကြဘူးဆိုပေမယ့် အဓိက တကယ် Healing
ဖြစ်စေမယ့် တူညီတဲ့ အရာတစ်ခုကတော့ အဲ့ဒီဒဏ်ရာတွေကနေ ထွက်ပြေးဖို့ မဟုတ်ဘဲ
တကယ်နားလည် လက်ခံပြီး ရှေ့ဆက်သွားဖို့ပဲ ဖြစ်ပါတယ်။

ဒါပေါ့ အရာရာတိုင်းရဲ့ အစကတော့ ဘယ်လွယ်ကူမလဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ..
ကိုယ့်အတွက် ကိုယ်ပဲရှိတာမလို့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာကို ကိုယ်ကပဲ တာဝန်ယူရမှာပါ။
Fan တွေတော့ မသိဘူး။ မင်မင်တော့ ဒီလိုဂိမ်းမျိုးတွေ ကစားတိုင်း Life Message
လေးတွေ အမြဲတွေးပြီး သင်ခန်းစာယူတတ်တဲ့ အကျင့်လေးရှိတယ်။

အဲဒါကြောင့် မင်မင်တို့ Page လေးရဲ့ Cover မှာဆိုရင်လည်း ( Don't play for fun,
Play with heart ) ဆိုပြီး ရေးထားတာကို တွေ့ရမှာပါ။ အချိန်ပေးရတာချင်းအတူတူ
ကိုယ့်အတွက် ယူတတ်ရင် တကယ် အမြတ်ကြီးပါပဲ။ ဒီဂိမ်းရဲ့ Developer ဆိုရင်လည်း
သူ့ရဲ့ အတွေ့ကြုံကိုတောင် အခုလို ဂိမ်းမျိုး ဖန်တီးလိုက်တာဆိုတော့ တကယ်
နှလုံးသားနဲ့ ကစားကြည့်စေချင်တယ်။

မင်မင်မှာချင်တဲ့ Mini Tips လေးတွေကတော့..
❖ စကားပြောခန်း Dialogue တွေကို မကျော်ဘဲ သေချာလေး ဖတ်ပြီးမှ ရွေးချယ်စေချင်တယ်။
❖ အရေးကြီးတဲ့ Memory တွေမှာ Fast-forward, Rewind သေချာ လုပ်ကြည့်ပြီး
သဲလွန်စတွေကို ရအောင်ရှာကြည့်ပါ။
❖ နောက်ပြီး နားကြပ်လေး တပ်ပြီး အေးအေးဆေးဆေး အချိန်ပေး ကစားကြည့်ဖို့လည်း
အကြံပေးပါတယ်။ ဘာလို့ဆို ဒီလို Story အသားပေးဂိမ်းတွေက Chill ဖြစ်ဖြစ်နဲ့
ကစားဖို့လိုအပ်လို့ပါ။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
The Pixel Hunt စတူဒီယိုကတော့ ရိုးရှင်းတဲ့ ဂိမ်းတွေထက် လက်တွေ့ဘဝက ပြဿနာတွေ၊
လူမှုရေး အကြောင်းအရာတွေကို အခြေခံပြီး ဇာတ်လမ်းပုံဖော်တဲ့ နေရာမှာ အရမ်းကို
နာမည်ကြီးပါတယ်။ ဒီ The Wreck ကိုလည်း ၂၀၂၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး Indie ဂိမ်း
လောကမှာ စိတ်ခံစားမှု အပြည့်ဝဆုံး ဂိမ်းတစ်ခုအဖြစ်နဲ့လည်း
မှတ်တိုင်ထူနိုင်ခဲ့ပါတယ်။

❖ သတိပြုရန် - ဂိမ်းထဲမှာ စိတ်ခြောက်ခြားဖွယ်ရာများ ပါဝင်သဖြင့် ကလေးငယ်များ
ကစားဖို့ အကြံမပေးပါ။

⬛ ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ The Wreck ဟာ ဂိမ်းတစ်ခုထက် ပိုပြီး၊ လူ့ဘဝရဲ့
ခါးသီးမှုတွေ၊ မိသားစု သံယောဇဉ်နဲ့ ခွင့်လွှတ်ခြင်း တရားတွေကို အနုပညာမြောက်စွာ
တင်ဆက်ထားတဲ့ Interactive Masterpiece တစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်တွေရဲ့ ဘဝမှာရော အတိတ်ကို ပြန်သွားခွင့်ရမယ်ဆိုရင် ပြင်ဆင်ချင်တဲ့ အရာလေးတွေ
ရှိကြလား? Comment မှာ ဆွေးနွေးသွားကြပါအုံး။
📖 ရင်နင့်ဖွယ်ရာ အတိတ်မှတ်ဉာဏ်များ
Hello! ဒီစာပိုဒ်လေးဆီ ရောက်လာပြီဆိုတော့ ဇာတ်လမ်းရဲ့ လျှို့ဝှက်ချက်တွေကို အဆုံးထိ သိချင်နေပြီလို့ ထင်ပါတယ်။ Review အပိုင်းမှာတုန်းက ဇာတ်လမ်းရဲ့ အစပျိုးလေးပဲ ပြောပြခဲ့ပေမယ့် ဒီမှာတော့ ဇာတ်ရည်လည်သွားအောင် အစအဆုံး အသေးစိတ် ပြန်ပြီး ပြောပြချင်ပါတယ်။ ဒါဆိုရင် မင်မင်နဲ့အတူ ဒီရင်နင့်စရာ ဇာတ်လမ်းလေးထဲကို ဝင်ကြည့်လိုက်ရအောင်...
ဇာတ်လမ်းရဲ့ အစမှာ Junon ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမဟာ သူမရဲ့ အမေ Marie ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံတင်ရတဲ့ အချိန်မှာ အရေးပေါ် ဆုံးဖြတ်ချက်ချရမယ့် တစ်ဦးတည်းသော မိသားစုဝင် ဖြစ်နေခဲ့ပါတယ်။ ပြဿနာတွေကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတဲ့ Junon ဟာ ဆေးရုံကနေ ဒေါသတကြီး ပြေးထွက်လာပြီး ကားမောင်းရင်းနဲ့ အဆိုးရွားဆုံးသော အက်စီးဒင့် တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီလို ကားကြီး လေပေါ်မှာ လည်ထွက်သွားတဲ့ စက္ကန့်ပိုင်းလေးမှာ အချိန်တွေ အားလုံး ရပ်တန့်သွားပြီး လေထဲမှာ လွင့်စင်နေတဲ့ ပစ္စည်းလေးတွေကနေတစ်ဆင့် အတိတ်မှတ်ဉာဏ် Memory တွေဆီ ပြန်ရောက်သွားပါတယ်။
အဲ့ဒီမှတ်ဉာဏ်တွေထဲမှာ အမေဖြစ်သူ Marie ရဲ့ အရမ်းကို နာကျင်စရာကောင်းတဲ့ အတိတ်တွေကို တစ်ခုချင်းစီ တွေ့ခဲ့ရပါတယ်။ Marie ဟာ ငယ်စဉ်ကတည်းက ကြမ်းတမ်းတဲ့ အရက်သမား မိဘတွေအောက်မှာ ကြီးပြင်းခဲ့ရပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရာကနေ မွေးဖွားလာတဲ့ ကလေးဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒီလို အဆိပ်သင့်တဲ့ ပတ်ဝန်းကျင်ကြောင့် Marie ဟာ ယောကျ်ားတွေကို လုံးဝမယုံကြည်တော့ဘဲ သမီးနှစ်ယောက်ဖြစ်တဲ့ Junon နဲ့ Diane တို့ကိုလည်း ချစ်ခြင်းမေတ္တာတွေနဲ့ မဟုတ်ဘဲ "ယောကျ်ားတွေ လွှမ်းမိုးတဲ့ လောကမှာ အရှုံးမပေးဖို့" ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း သွန်သင် ဆုံးမခဲ့ပါတယ်။ သမီးတွေကို အင်အားကြီးတဲ့ နတ်ဘုရားမ နာမည်တွေ ပေးခဲ့ပေမယ့်၊ တကယ့် မိခင်မေတ္တာကိုတော့ မပေးနိုင်ခဲ့ပါဘူး။
ပိုပြီး ဝမ်းနည်းစရာကောင်းတာက Diane ဟာ Lesbian ဖြစ်ကြောင်း ဖွင့်ပြောတဲ့အခါမှာတောင် အမေဖြစ်သူက သမီးကို နားလည်ပေးတာမျိုး မဟုတ်ဘဲ "ယောကျ်ားတွေကို ဆန့်ကျင်တာ ကောင်းတယ်" ဆိုတဲ့ ပုံစံမျိုးနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလို အေးစက်တဲ့ မိသားစု ပတ်ဝန်းကျင်ကြောင့် Junon ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ပြီး အချစ်ဆိုတာကို နားမလည်တဲ့သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Junon မှာ Astrid ဆိုတဲ့ သမီးလေး တစ်ယောက်ရှိပြီး၊ သူမရဲ့ အကြီးမားဆုံး အကြောက်တရားက အမေဖြစ်သူ Marie ပေးခဲ့တဲ့ စိတ်ဒဏ်ရာ Generational Trauma တွေကို သူမရဲ့ သမီးလေးဆီ ထပ်ပြီး လက်ဆင့်ကမ်းမိမှာကိုပါပဲ။ ဒီအကြောက်တရားတွေက Junon ကို အမြဲတမ်း နှိပ်စက်နေခဲ့တာပါ။
ဒါပေမယ့် အတိတ်မှတ်ဉာဏ်တွေ အားလုံးကို ပြန်လည်ဝင်ရောက်ပြီးနောက်မှာတော့ Junon ဟာ အမေ့ရဲ့ နာကျင်မှုတွေကိုပါ နားလည်ပြီး ကိုယ်ချင်းစာလာနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Junon ဟာ လက်ရှိအချိန်ကို ပြန်ရောက်လာပြီး ကားအက်စီးဒင့်ကနေ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ပါတယ်။ နောက်ဆုံး ဇာတ်သိမ်းမှာတော့ သူမဟာ ဆေးရုံကို ပြန်သွားပြီး အမေဖြစ်သူ Marie ကို Life Support နဲ့ အသက်ဆက်ထားမလား၊ ဒါမှမဟုတ် ငြိမ်းချမ်းစွာ အနားယူခွင့် ပေးလိုက်မလား ဆိုတာကို ကစားသူက နာနာကျင်ကျင်နဲ့ ရွေးချယ်ပေးရပါလိမ့်မယ်။ ဂိမ်းမှာ Multiple Endings တွေ ရှိပေမယ့် ဘယ်လိုပဲ ရွေးချယ်ရွေးချယ် ဇာတ်လမ်းရဲ့ အဓိက သင်ခန်းစာကတော့ Junon ဟာ အတိတ်က နာကျင်မှုတွေကို ခွင့်လွှတ်ပေးနိုင်ခဲ့ပြီး သူမရဲ့ သမီးလေး Astrid နဲ့အတူ ကျန်းမာပျော်ရွှင်တဲ့ မိသားစု ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့တာပါပဲ။ တကယ့်ကို မျက်ရည်ဝဲစေမယ့် Healing ဇာတ်လမ်းကောင်းလေး တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
ကဲ... ဒီဂိမ်းလေးရဲ့ ဇာတ်ကြောင်း အပြည့်အစုံကို သိသွားတဲ့ အချိန်မှာ ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုးလေးတွေ ကျန်ရစ်ခဲ့လဲ? ကိုယ့်ဘဝမှာရော အတိတ်ကို ပြန်ပြင်ခွင့်ရမယ်ဆိုရင် ပြင်ချင်တဲ့ အရာလေးတွေ ရှိမလားဆိုတာ မင်မင်လည်း သိချင်လို့ Comment မှာ လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးပေးသွားပါအုံးနော်...

ဇာတ်လမ်းကို အေးအေးဆေးဆေး ဖတ်ပြီး ကစားမယ်ဆိုရင် ပျမ်းမျှအားဖြင့် ၄ နာရီကနေ ၅ နာရီ ဝန်းကျင်ခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်။
GAME INFORMATION
Developer
The Pixel Hunt
Version
1.0.3
Release
March 2023
Updated
March 2023
Network
Offline
Platform
PC, Consoles, Mobile
Download Size
498 MB
Total Size
700 MB
System Requirements
Mobile Specs
- Android6 . 0 +
- iOS13+
- RAM4 GB
- SOCSnapdragon 600 Series
- Arch64bit
PC Specs
- CPUIntel Core i3 or equivalent
- RAM4 GB
- GPUNVIDIA GeForce GTX 660 or equivalent
- DirectXVersion 11
8.5MASTERPIECE
IMPORTANT WARNING
ဂိမ်းထဲမှာ စိတ်ဒဏ်ရာ၊ မိသားစု ပြဿနာများနှင့် သွေးထွက်သံယို အက်စီးဒင့် အခန်းများ ပါဝင်သဖြင့် စိတ်ခံစားလွယ်သူများ သတိပြု၍ ကစားသင့်ပါသည်။
OFFICIAL STORES
Download from the official servers.
DOWNLOADS
ဝယ်မဆော့ခင် အစမ်းကစားချင်တဲ့သူတွေအတွက် Mod Version နဲ့ Crack File များ ထည့်ပေးထားပါတယ်။
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...