Truck Simulator Legends USA
Game Info
Download Links

ဒီလထဲ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ Truck ကားကြီးတွေ မောင်းရတာ ဝါသနာပါတဲ့ သူတွေအတွက် USA မှာ မောင်းရမယ့် Truck Simulator Legends : USA ဆိုတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။

Vehicle Simulator ဂိမ်းတစ်ခုဖြစ်တာကြောင့် ကစားရတာ Realistic ဆန်တဲ့ Vibe ဘက်ကို သွားထားပြီး Truck ကားတွေရဲ့ Weight နဲ့အတူ နောက်တွဲပါလာတာနဲ့အမျှ လီဗာဆွဲရတာ အချိန်ယူရတာတွေအထိ ကစားရတာ သဘာဝကျကျနဲ့ကို ခံစားရမှာပါ။ Game Physics ကို ဦးစားပေးထားတာကြောင့် ကျန်တဲ့ Graphic နဲ့ Environment ပိုင်းတွေက ကြည့်ပျော်ရှုပျော်ထည့်ပေးထားတာဖြစ်ပြီး Vehicle နဲ့ ပတ်သတ်ရင်တော့ အသေးစိတ် Details သုံးပေးထားတာပဲဖြစ်ပါတယ်။

လူကိုယ်တိုင်လည်း ကားထဲက ထွက်ပြီး လျှောက်သွားလို့ရတာကြောင့် ကိုယ့်ကားကိုယ်ပါ တစိမ့်စိမ့်နဲ့ ကြည့်လို့ရပါသေးတယ်။ USA ကိုပဲ ဦးစားပေးထားတာကြောင့် Truck Vehicle တွေက အများကြီး ပါဝင်မှာ မဟုတ်ပဲ Upgrade နဲ့ Gear Mechanic တွေကတော့ ပေးထားသလောက် စိတ်ကြိုက် ပြင်ဆင်လို့ရပါတယ်။ နောက်ပြီး ပစ္စည်းပို့ရမယ့် Way တွေကလည်း Main Job ကနေ Quick Job တွေအထိ တာတို၊ တာရှည် ပြေးလို့ရပါသေးတယ်။

မင်မင်လည်း ကားဂိမ်းတွေ Review မလုပ်ရတာ အရမ်းကြာနေပြီဆိုတော့ သိပ်များများစားစားတော့ ဒီဂိမ်းမှာ ပြောစရာမရှိပါဘူး။ အရင်က ထွက်ထားတဲ့ ဂိမ်းတွေနဲ့ ယှဉ်ရင် ကွာခြားချက်လေးတွေ ရှိနေသေးပေမယ့် ဂိမ်းအသစ်တစ်ခုအနေနဲ့ကတော့ အရင်ဟာတွေ ရိုးအီသွားရင် စမ်းဆော့ကြည့်လို့ ကောင်းတဲ့အထဲမှာတော့ ပါပါတယ်။ ပြောလို့သာပြောတာ ဒီလို အေးအေးဆေးဆေးနဲ့ Highway ပေါ်မှာ ထိုင်မောင်းရတဲ့ အရသာကလည်း တစ်ခါလေ ဘာနဲ့မှ ရှင်းပြမတတ်အောင်ကို အေးချမ်းနေတာ အမှန်ပဲ။







GAME INFORMATION
Developer
Immersive Byte
Version
0.1
Release
September 2026
Updated
September 2026
Network
Offline
Platform
Android
Download Size
540 MB
Total Size
~1 GB
System Requirements
Mobile Specs
- Android8.0+
- RAM4 GB (Recommended 6 GB)
- SOCSnapdragon 660
- Arch64-bit ARM
7.4Not bad
OFFICIAL STORES
Download from the official servers.
Download
This is for testing purposes only !!!
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...