Wizard World Harry's Mystery
Game Info
Download

ဒီနေ့ Quick Suggestion အနေနဲ့ အလှည်ကျတဲ့ Short Review ဂိမ်းလေးကတော့ Hogwarts Legacy မဟုတ်တဲ့ Harry's Mystery ဆိုတဲ့ ဂိမ်းလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်။

အမှန်တိုင်း ပြောရရင် မင်မင်ကိုယ်တိုင်လည်း အစက ဒီတိုင်း Harry Potter စတိုင်နဲ့ အဖြစ်လောက်ပဲ ဖန်တီးထားတဲ့ Slop Game တစ်ခုလို့ ထင်မှတ်ခဲ့ပေမယ့် တကယ် ဆော့ကြည့်တဲ့အခါမှာတော့ ဆက်တိုက်ကို ဆက်ဆော့နေမိတဲ့ Sandbox ခပ်မိုက်မိုက် ဂိမ်းလေးတစ်ခုဖြစ်နေတာပါ။

Sandbox ဆိုတဲ့ အတိုင်း Open Map ကြီးထဲမှာ အထူးသဖြင့် မှော်ရဲတိုက်ကြီးမှာ ကြိုက်သလို သွားလာနိုင်မှာဖြစ်ပြီးတော့ Mission ပဲလုပ်လုပ်၊ တခြားနေရာတွေကို Exploring ပဲလုပ်လုပ် လွတ်လွတ်လပ်လပ် ကစားနိုင်မယ့် Gameplay ပုံစံမျိုးပါ။

ဒါပေမယ့် မင်မင်အကြံပေးချင်တာက Mission တွေကို ပြီးအောင်လုပ်စေချင်ပြီး Mission တစ်ခု Complete ဖြစ်သွားတာနဲ့ မှော်ပညာ Skill အသစ်တွေကို ထပ်မံပိုင်ဆိုင်ရမှာမလို့ ပစ္စည်းတွေကို လေပေါ်မြှောက်တဲ့ Iconic ဂါထာဖြစ်တဲ့ ဝင်ဂါဒီယမ် လီဗီယိုဆာတွေကော၊ တခြား Harry Potter ထဲက နာမည်ကြီး မှော်ဂါထာတွေ အတော်များများအပြင် Dark Magic လို မှော်ပညာအကြမ်းစားကြီးတွေအထိကိုပါ အသုံးချနိုင်မှာပဲဖြစ်ပါတယ်။

အမိုက်ဆုံးကတော့ တံမြက်စည်းပျံ ရတဲ့အချိန်ဖြစ်ပြီး ကိုယ်ပိုင် တံမြက်စည်းပျံရတာနဲ့ Map တစ်ခုလုံးကို ကောင်းကင်တွေပါ မကျန် စိတ်ကြိုက် Explore လုပ်နိုင်မှာပါ။ တောထဲမှာ မှော်သတ္တဝါတွေကော၊ Hidden Chest တွေပါ ထည့်ပေးထားတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ မှော် Open World ကြီးထဲမှာ Explore လုပ်ချင်ရင် Highly Recommend ပေးချင်တဲ့ ဂိမ်းကောင်းလေးတစ်ခုလို့ ပြောချင်ပါတယ်။

တကယ်ပြီးပြီရော ဖန်တီးထားတာမဟုတ်ပဲ Mobile အတွက် ဆော့ပျော်အောင် လုပ်ပေးထားတာမလို့ မင်မင်ကတော့ တကယ်ဆော့ရင်းနဲ့ သဘောကျလာမိတာ အမှန်ပဲ။ တချို့နေရာတွေမှာ လိုအပ်ချက်လေးတွေရှိနေပေမယ့်လည်း Overall Experience အနေနဲ့ တကယ်မဆိုးတာကြောင့် မဆော့ရသေးရင် ကစားကြည့်ကြဖို့ အကြံပေးချင်တယ်။






GAME INFORMATION
Developer
Starplay FZCO
Version
1.3.2
Release
November 2023
Updated
Early 2024
Network
Offline
Platform
Android / iOS
Download Size
220 MB
Total Size
504 MB
System Requirements
Mobile Specs
- Android5.1+
- iOSiOS 15 +
- RAM3 GB (4 GB Recommended)
- SOCMid-range Snapdragon
- Arch64-bit ARM
6.8CASUAL MAGIC SIM
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...