Dress Up Time Princess

•           ဒီ GAME လေးက မိန်းကလေး Fan တွေတွက် အရမ်း သဘောကျစေမှာပါ။ ဒါ့အပြင် Character လေးတွေကလည်း Frozen ထဲက Elsa တို့လို့ ချစ်စရာပုံစံလေးတွေဖြစ်တာကြောင့် အမူယာလေးတွေကစ ဟက်ထိစေမှာ အသေချာဘဲ။ Dress Up Fashion Game ဆိုပေမယ့် အရင်တုန်းက Game တွေလို ပျင်းစရာမကောင်းတော့ဘဲ ဇာတ်လမ်းတွေပါ ပေါင်းထည့်ပေးထားတာပါ။
•          ဇာတ်လမ်းလေးကို ပြောရရင် ဟိုးအရင်တုန်းက ကောင်မလေးတစ်ယောက်ဟာ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့ပါတယ်။ သာမန်စာအုပ်လေးလို့ထင်ခဲ့ပေမယ့် အဲဒီ စာအုပ်ထဲက ပုံပြင်ကမ္ဘာတွေကို ဝင်သွားလို့ရတယ်ဆိုတာ သိသွားတဲ့ အချိန်မှာတော့ သူမရဲ့ ဘဝဟာ ပြောင်းလဲလာခဲ့ပါတယ် ။ အရင်ကထက် သူငယ်ချင်းတွေပိုများလာခဲ့ပြီး အဲဒီ စာအုပ်ထဲက တစ်စုံတစ်ယောက်နဲ့လည်း ချစ်ကျွမ်းဝင်လာမိခဲ့တယ်။ ဒါပေမယ့် ရက်စက်လွန်းတဲ့ ဇာတ်ကြောင်းကို ရွေးချယ်မိလိုက်တဲ့ အချိန်မှာတော့ ကောင်မလေးကော သူချစ်ရတဲ့သူတွေပါ စည်းခြားသွားခဲ့ပြီး အရင်လို ပြန်ဖြစ်သွားကြတယ်။ အဆိုးဆုံးကတော့ တစ်ယောက်ကို တစ်ယောက် မေ့သွားကြသည်အထိပေါ့။ နှစ်တွေကြာလာပြီးတဲ့နောက် အဲဒီစာအုပ်ကို တစ်စုံတစ်ယောက်က ထပ်ပြီး ဖွင့်ကြည့်မိခဲ့တယ်....
•          ဒါက အဘိုး​က သင့်ကို ငယ်ငယ်က ပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အခု အရွယ်ရောက်တော့ ခေတ်ပုံစံအရ သင့်အနေနဲ့ ယုံဖို့ရာခက်သွားနိုင်လိမ့်မယ်။ ထူးဆန်းတာက ဒီနေ့က သင့်ရဲ့ မွေးနေ့ဆိုတော့ အမေဖြစ်သူပေးတဲ့ လက်ဆောင်ထဲမှာ အဲဒီ စာအုပ်လေးပါလာခဲ့တယ်။ ဒါပေမယ့် စာအုပ်ကို သတိမထားမိဘဲ လက်ဆောင်ပေးတဲ့ အဝတ်ကို ဝတ်နေတဲ့အချိန်မှာဘဲ Isable ဆိုတဲ့  နတ်သူငယ်မလေး ပေါ်လာတယ်။ စဥ်းစားစရာဖြစ်တာက အဲဒီ နတ်သူငယ်မလေးက သင့်အမေ Alison ကို သိနေတာပါ။ ဒါပေမယ့် ဒီစာအုပ်နဲ့ ပတ်သတ်ပြီး ရောက်လာတာဆိုတော့ သင့်ကို စာအုပ်ထဲက ကြိုက်ရာဇာတ်လမ်းကိုရွေးခိုင်းပြီး ချက်ခြင်း အဲဒီ ဇာတ်ကြောင်းထဲကို ပို့ထည့်လိုက်တာပါ။ ဘယ်သူ့ ဇာတ်လမ်းထဲလဲဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင် ကစားကြည့်လိုက်ပေါ့။
•         ဇာတ်လမ်းက အမျိုးမျိုးရှိပါတယ်။ ရှေးခေတ် တော်ဝင်မိသားစုစီကို သွားမလား ? ဒါမှဟုတ် အာလာဒင်တို့ ရှိတဲ့ မီးခွက်စောင့်ခေတ်ကို ပြန်သွားမလားဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပါဘဲ။ ပိုမိုက်တာက သင်ရွေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သင်က အခုပုံစံတိုင်းမဟုတ်ဘဲ ဇာတ်လမ်းထဲက မင်းသမီး Character အနေနဲ့ ဆော့ရမှာပါ။ အဲတော့ Choice တွေလည်းပါတော့ ဒီ ဇာတ်လမ်းတစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင်က သင့်လက်ထဲမှာပါ ။ ဒါ့အပြင် ကိုယ်က ဒီ ဇာတ်လမ်းထဲမှာ ပျင်းသွားရင် တခြား ဇာတ်လမ်းကိုပါ ခုန်ကူးလို့ရပါတယ်။ ​တစ်ခုရှိတာက အဘိုးပြောခဲ့တဲ့ ပုံပြင်ထဲက ကောင်မလေးလိုမျိုး သင့်အနေနဲ့ ရွေးချယ်မှု မှားခဲ့မလားဆိုတာပါ။
•          ဒီ Game က အရင်က Admin တင်ပေးဖူးတဲ့ Royal Game လိုမျိုးဘဲဆိုပေမယ့် ဒီ တစ်ခုက ပိုပြီး Better ဖြစ်ပါတယ် ။ 3D Character တင်မဟုတ်ဘဲ Dress တွေပါ ခေတ်အလိုက်စုံတော့ ကိုယ်က သင့်တော်မယ့် style နဲ့ ဇာတ်လမ်းအခြေနေကို ရွေးပေးရုံဘဲ။ Character လေးတွေက တကယ်ချစ်စရာကောင်းတာကြောင့် ဆော့ကြည့်သင့်တယ်။ ကျန်တာကတော့ မိန်းကလေးတွေဘဲ ပိုသိနိုင်မယ့် Fashion အမျိုးအမျိုးပေါ့။ 
          ⚠️ Game က Size လည်းများသလို သက်ဆိုင်ရာ Story အတွက် Download ထပ်ဆွဲရမှာပါ။ Dress Up Game ကိုမှ အခုလို စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဖန်တီးပေးထားတော့ အတော်မိုက်တယ်လို့ ပြောရမယ်။ ⚠️

Game Information

Android version 5 . 0 +
Developer IGG.COM
Network Online
Price Free
App version 1.9.5
Release date 09.10.2020

Download Link

Type Size Link

Playstore

1.6 GB

Download

Apkpure

 

1.6 GB

( XApk )

Download

Apple iOS

2 GB

Download
 
#HELLOYDB

Comments

လူကြည့်အများဆုံး GAMES