The Dead Inside

       အသစ်ထွက်လာတဲ့ Indie Game တွေထဲကမှ အကောင်းဆုံး Game တစ်ခုဖြစ်ပြီး အထူးသဖြင့် Mobile Player တွေတွက် အလိုချင်ဆုံး Type လို့တောင် ပြောလို့ရပါတယ်။ Open World Zombie Game တစ်ခုဖြစ်ရုံတင်မကဘဲ Storyline ပါထည့်ပေးထားတာကြောင့် အနီးစပ်ဆုံး The Last Of Us Mobile version လို့တောင် မြင်မိမှာပါ။ ဒီ Game မှာဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ကမ္ဘာမြေကို Virus နဲ့အတူ ဥက္ကာခဲတွေ ကျရောက်ခဲ့ပြီး ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်တွေကနေတဆင့် ရောဂါပိုးတွေ ပျံ့နှံ့ခဲ့ပါတယ်။ အဓိက ဇာတ်ကောင်မင်းသမီးဖြစ်တဲ့ Kate ရဲ့ အဖေဟာလည်း အဲဒီ သိပ္ပံပညာရှင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် အဖေဖြစ်သူကို လိုက်ရှာဖို့တွက် စွန့်စားရမယ့် Game ကောင်းလေးတစ်ခုပါ။ နောက်ပြီး ​Graphic ၊ Control ကစ Smooth ဖြစ်ရုံတင်မကဘဲ တိတ်တဆိတ်နဲ့ စွန့်စားရမှာဆိုတော့ အသံမထွက်ဘဲ Kill တတ်ဖို့လည်း လိုပါတယ်။ ဒီတော့ ကျည်လောက်ရင် ကိစ္စမရှိပေမယ့် ကျည်ကုန်သွားရင်တော့..

  • Playstore သမားတွေကတော့ Install တင် ကစားရုံဘဲ။
  • Playstore မရှိတဲ့သူတွေကတော့ ApkS ဖိုင်နဲ့ တင်ရမှာဖြစ်ပြီး In Game မှာ 130 MB လောက် ထပ် Download လုပ်ရပါမယ်။ Apks ဖိုင် တင်နည်းကိုလည်း သေချာကြည့်ပေးပါ။

[ Review ]

ဒီ Game စထွက်တုန်းက version 1.20 မှာ အတော်အခြေနေဆိုးခဲ့ပြီး Optimize လုံးဝမဖြစ်ခဲ့ပါဘူး။ အခု Update ​ဖြစ်တဲ့ version 1.31 ကြမှ အကုန် Fix ဖြစ်သွားခဲ့ပြီး တော်တော်လေး​​ အဆင်ပြေသွားတာပါ။ အခုလက်ရှိ Update မှာ Aiming နဲ့ Performance ပိုင်းကိုလည်း Improve လုပ်ပေးထားတယ်။
Graphic Option အနေနဲ့ Low Phone တွေထိ အဆင်ပြေအောင် Resolution နဲ့ Quility ကစ သီးသန့် ထည့်ပေးထားပြီး 60 fps ထိ support ပေးတဲ့ Game တစ်ခုပါ။ ကျန်တာကတော့ Detail Distance ပိုင်းတွေမှာ အတော်အားရစရာကောင်းပြီး Grass Density ကစ အတိုးလျော့လုပ်နိုင်တော့ တော်တော်အဆင်ပြေတယ် ပြောရမယ်။ Graphic Optimize ကောင်းပေမယ့် Color ကြောင့် Shadow Effect တွေတော့ သိပ်မပေါ်ဘူး။ 
Gameplay က တော်တော်လေး သဘောကျစရာကောင်းပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့ အပြန်အလှန်ကူညီရင်းကနေ အဖေဖြစ်သူကို လိုက်ရှာရမှာပါ။ Map ထဲမှာ ပစ္စည်းတွေ လိုက်ရှာလို့ရပြီး Weapon အနေနဲ့ နှစ်လက်ထိ ကိုင်ဆောင်လို့ရ​ပါတယ်။ Character ပိုင်းမှာ Polish မဖြစ်ပေမယ့် Gameplay ကတော့ သဘောကျမယ်ဆိုတာ အာမခံတယ်။ နောက်ပြီး ဒီ Game မှာက အသံမထွက်ဖို့ရာ အတော်အရေးကြီးပြီး Zombie နားရောက်ရင် ငုံ့သွားတာ အကောင်းဆုံးပါ။ Third Person View နဲ့မလို ပိုသဘောကျစေမှာဖြစ်ပြီး Zombie Fan ဖြစ်ဖြစ် Open World Fan ဖြစ်ဖြစ် ဆော့ကို ဆော့ကြည့်သင့်တဲ့ Game ကောင်း​လေး တစ်ခုလို့ အကြံ​​ပေးပါတယ်။

Game Information

Android version 4 . 4 +
Developer Igor Maliukh
Network Offline
Price Free
App version 1.31
Release date 2021

Download Link

Type Size Link

Playstore

224 MB

Download

Mediafire

 

85 MB

( ApkS File )

Download

Apple iOS

515 MB

Download
 

#HELLOYDB


Comments

လူကြည့်အများဆုံး GAMES